အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ရုံး၌ ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွား

News Image

  • အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ရုံး၌ ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံရှိ   ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ရုံး၌   ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရာ   လူတစ်ဦးသေဆုံးပြီး    အခြားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း TOLOnews သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများသည် ကုလသမဂ္ဂရုံး အဆောက်အအုံအတွင်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ကုလသမဂ္ဂရုံးမှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမာတင် ကာနီ၏   ပြောကြားချက်ကို ကိုးကား၍ TOLOnews သတင်းဌာနက    ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ   အကူအညီပေးရေး မစ်ရှင်ရုံးက  တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

Source: Myawady Web Portal