သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုးတစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

News Image

  • သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုးတစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

     ပြင်သစ်နိုင်ငံတွင် ရဲတပ်ဖွဲ့အား သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုး တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်သည် ပဲရစ်မြို့တော်ရှိ အိုတယ်လစ် ဘူတာရုံတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖြစ်ပွားခြင်းဖြစ်သည်။ အသက် ၄၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် ဘူတာရုံတွင် စကြာတံဆိပ်များကို မှုတ်ဆေးဖြင့် ရေးဆွဲနေစဉ် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ယင်းအမျိုးသားက  ၎င်း၏အင်္ကျီအိတ်အတွင်းမှ သေနတ်အတုကိုထုတ်၍ ရဲတပ်ဖွဲ့ဝင်များအား ချိန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်  ရဲတပ်ဖွဲ့ဝင်များက  ၎င်းအမျိုးသားအား  တားဆီးရန်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၎င်းအမျိုးသား၏ ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ယင်းပစ်ခတ်မှုတွင် အနီးအနားရှိ အငှားယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက ဘူတာရုံအား နာရီအတော်ကြာ ပိတ်ခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် အကြမ်းဖက် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍    ပြီးခဲ့သည့်နှစ်မှစ၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံခဲ့ရသည့်  အမျိုးသားသည် ဆီးရီးယားမျိုးနွယ်မှ   ဆင်းသက်လာသူ တစ်ဦးဖြစ်သည်။

Source: Myawady Web Portal