Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို ဘယ်လာရုစ် တွင် တပ်ဆင်မည်
ရုရှားနိုင်ငံသည် Oreshnik ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ဘယ်လာရုစ်နိုင်ငံတွင် တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း၊ နှစ်နိုင်ငံသမ္မတများ၏ ပူးပေါင်းကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များနှင့် လုံခြုံရေးအယူအဆအရဖြစ်ကြောင်း၊ Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များ တပ်ဆင်မှုသည် အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက်ပို့ဆောင်မှုများနှင့် ရုရှားနိုင်ငံ၏ နယ်မြေများပေါ်တွင် ဒုံးကျည်တိုက်ခိုက်မှုများအပေါ် တုံ့ပြန်ရန်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒါရိုက်တာ Alexey Polishchuk က ဖေဖော်ဝါရီ ၄ ရက် (အင်္ဂါနေ့) တွင် ပြောပြထားပါသည်။
ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်က နိုင်ငံနယ်နိမိတ် အနီးဆုံးမြို့ဖြစ်သည့် Smolensk တွင် Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်စနစ်များ တပ်ဆင်ရန် စိတ်ဝင်စားမှုကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြောကြားထားပါသည်။
ကိုးကား-TASS
Photo: Reuters
MM-News-Category