ရုရှားလိုလားသော အရန်တပ်ဖွဲ့ခေါင်းဆောင် သေဆုံး
ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော အရန်တပ်ဖွဲ့ ခေါင်းဆောင် အာမန်ဆားစ်ဂျန်သည် မော်စကို၌ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) နံနက်ပိုင်းက ပေါက်ကွဲမှုအတွင်း အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရုရှားမီဒီယာများက ပြောကြားထားသည်။
ကရင်မလင်မှ ၁၂ ကီလိုမီတာ (၇) မိုင် အကွာ မော်စကို အနောက်မြောက်ဘက်ရှိ လူနေအဆောက်အအုံတစ်ခု၏ ဝင်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆားစ်ဂျန် မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ၍ အထူးကြပ်မတ်ကုသဆောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ဆားစ်ဂျန်၏ ကိုယ်ရံတော်တစ်ဦးလည်းသေဆုံးပြီး နောက်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာမန်ဆားစ်ဂျန် ဦးဆောင်သော အရန်တပ်ရင်းသည် ယူကရိန်းအရှေ့ပိုင်းတွင် အဓိကလှုပ်ရှားနေပြီး ရုရှားအတွက် ကူညီတိုက်ခိုက်ပေးနေပါသည်။ ၎င်းသည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် အကျဉ်းထောင်များမှရာဇဝတ်သားများကို လူစုခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးဌာန (SBU)က စွပ်စွဲထားသည်။
အာမန်ဆားစ်ဂျန်သေဆုံးမှုမှာ မော်စကိုအတွင်း လုံခြုံရေး စိတ်မချရသည့်အခြေအနေကို ဖော်ပြနေကြောင်း ဝေဖန်မှုမြင့်တက်နေပါသည်။
ကိုးကား-BBC