သတင်းများ

ukraine fighter jet

ပြင်သစ်နိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်လေယာဉ်များ ပေးပို့လိုက်ခြင်းသည် ခေတ်နောက်ကျနေသည့် တိုက်လေယာဉ်နှင့် လက်နက်များအား အခမဲ့ဖယ်ရှား ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ဖေဖော်ဝါရီလ၆ ရက်တွင် ပြောသည်။

ထို့ပြင်   အနောက်နိုင်ငံများသည် ၎င်းတို့၏ကိုယ်ကျိုးအတွက် ယူကရိန်းသို့ အခြားစစ်လက်နက်များကိုလည်း ပေးပို့လျက်ရှိကြောင်း ရုရှားသံအမတ် အလက်ဆီ မက်ရှကော့က ပြောကြားခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံသည် ၎င်းတို့၏ Mirage 2000 ဘက်စုံသုံး တိုက်လေယာဉ်များကို ယူကရိန်းနိုင်ငံသို့  ပေးပို့ခြင်းသည် ခေတ်မမီတော့သည့် စစ်လက်နက်များအား အဖိုးအခပေးရန်မလိုဘဲ ဖယ်ရှားရှင်းလင်းနိုင်သည့် ဥပမာတစ်ရပ်ဖြစ်ကြောင်း မက်ရှကော့က ဆက်လက်ပြောကြားသည်။

ထို့ပြင်   ခေတ်နောက်ကျနေသည့် အနောက်နိုင်ငံများ၏ စစ်လက်နက်များကို ဖယ်ရှားရှင်းလင်းခြင်းသည် ငွေကြေးကုန်ကျမှု များပြားကြောင်း၊ ထို့ကြောင့် ပြင်သစ်အနေဖြင့် ယူရိုသန်းပေါင်းများစွာ တန်ဖိုးရှိ စစ်ရေးအကူအညီအဖြစ် အဆိုပါ ခေတ်နောက်ကျနေသည့် တိုက်လေယာဉ်များကို ယူကရိန်းသို့ပေးပို့ခြင်းဖြစ်ကြောင်း မက်ရှကော့၏ ပြောကြားချက်အရသိရသည်။

ပြင်သစ်နိုင်ငံမှ ယူကရိန်းသို့ ပထမအသုတ်ဖြင့် ပေးပို့လိုက်သည့် Mirage 2000 ဘက်စုံသုံး တိုက်လေယာဉ်များသည် ယူကရိန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲ ဆာဘေးရှန်း လီကောနုက ဖေဖော်ဝါရီလ ၆ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါတိုက်လေယာဉ်များကို ပြင်သစ်က လေ့ကျင့်သင်ကြားပေးထားသည့် ယူကရိန်း လေယာဉ်မှူးများက မောင်းနှင်သွားခြင်းဖြစ်ကြောင်း လီကောနုက ဆက်လက်ပြော ကြားထားသည်။

ယူကရိန်းသို့ တိုက်လေယာဉ်များပေးအပ်မည့် အစီအစဉ်ကို   ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ၂၀၂၄ ခုနှစ် ဇွန်လတွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

Source: Myawady Web Portal

ဂါဇာတွင်နေထိုင်လျက်ရှိသည့်ဒေသခံများကို ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီး တောင်းဆို

အစ္စရေးကာကွယ်ရေးဝန်ကြီးသည် ဂါဇာတွင်နေထိုင်လျက်ရှိသည့် ဒေသခံများကို အခြားနေရပ်သို့ ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်ဟု သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲပြောင်းရယူမည်ဟု လွန်ခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသတွင် နေထိုင်သူများကို အရှေ့အလယ်ပိုင်းဒေသ၏ အခြားနေရာများသို့ ပြောင်းရွှေ့ရန် ပြောဆိုခဲ့ပါသည်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက “‌ဒေါ်နယ်ထရမ့်၏ လုပ်ရပ် သည် သမိုင်းဝင်လုပ်ရပ်ဖြစ်ကြောင်း၊ ၎င်း၏ အကြံဉာဏ် အယူအဆများသည် တစ်မူကွဲပြားခြားနားသဖြင့် ယင်း အစီအစဉ်ကို ကြိုဆိုပါကြောင်း”  ပြောကြားသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာဒေသတွင် အစ္စရေးက စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းကို ကန့်ကွက်ခဲ့သည့် နိုင်ငံများသည် ဂါဇာဒေသတွင် နေထိုင်သူများကို ခေါ်ယူထားရမည်ဖြစ်ကြောင်း ၊ စပိန်၊ အိုင်ယာလန်၊ နော်ဝေးနှင့် ဂါဇာဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကို ကန့်ကွက်ခဲ့သော နိုင်ငံများအားလုံးသည် ဂါဇာဒေသခံများကို တရားဝင်နေထိုင်ခွင့်ပေးရမည်ဖြစ်ပြီး ငြင်းဆန်ပါက ၎င်းတို့၏ အရေခြုံမှုကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်များချမှတ်ထားပြီး ဂါဇာကမ်းမြောင်ဒေသခံများကို လက်ခံရန်ဆန္ဒရှိကြောင်း ယခင်ကထုတ်ဖော်ပြောဆိုခဲ့သည် ဟု ပြောပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များသည် အငြင်းပွားဖွယ်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံများအကြား ဝေဖန်မှုမြင့်တက်နေပါသည်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့်လုပ်ဆောင်ရန် နီးကပ်နေချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲယူမည့်အစီအစဉ်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်အတွင်း၌ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့် ဂျော်ဒန်ဘုရင်၏ အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ငြင်းဆန်ခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ပါလက်စတိုင်း ဒေသခံများ နေရပ်စွန့်ခွာရန်နှင့် နယ်မြေသိမ်းယူခံရမည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်းပြောပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များသည် ပါလက်စတိုင်း ဒေသခံများကို မောင်းထုတ်လိုသည့် အစ္စရေးအစိုးရ၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုပါသည်။ 

ကိုးကား-NP News

ယူကရိန်း စပိုင်အမျိုးသမီး ၄ဦးကို ရုရှား ဖမ်းဆီးရမိ

ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က နိုင်ငံအတွင်းရှိ ယူကရိန်းစပိုင်များနှင့် အကြမ်းဖက်သမားများကို လိုက်လံရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးလျက်ရှိရာ ယူကရိန်း စပိုင်အမျိုးသမီး ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဆာဗတ်စတိုပေါ့၊ ဗိုရွန်နက်ဇ် နှင့် ရော့စတော့- အွန်ဒွန်မြို့များ၌ ရုရှားအဆင့်မြင့် အရာရှိကြီးများကို လုပ်ကြံရန်နှင့် အခြေခံအဆောက်အအုံများကို တိုက်ခိုက် ဖျက်ဆီးရန်အတွက် စီစဉ်နေသော သံသယရှိသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း FSB က ထုတ်ပြန် ကြေညာခဲ့ပါသည်။ 

အဆိုပါ အမျိုးသမီးများသည် ယခင်က ယူကရိန်း နိုင်ငံအတွင်း၌ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး လက်နက်များကိုင်တွယ်အသုံးပြုခြင်း၊ မိုင်းနှင့်ဖောက်ခွဲရေးပစ္စည်းများကိုင်တွယ်အသုံးချခြင်း၊ UAV များ လုပ်ဆောင်ရန်နှင့် ပြင်ပစောင့်ကြည့်ခြင်းများကို ထောက်လှမ်းရန် သင်ကြားပေးခဲ့ကြောင်းဆိုပါသည်။ သံသယရှိသူများ၏ နေအိမ်များကို ရှာဖွေစဉ်အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်သည့် လက်စွဲစာအုပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း FSB က ပြောပါသည်။ 

ယူကရိန်းစပိုင် အမျိုးသမီးများအား အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ခံရနိုင်ကြောင်း သိရှိရပါသည်။ သံသယရှိသူများသည် ရာဇဝတ်မှုများကို ဝန်ခံခဲ့ကြောင်း FSB မှ ပြောကြားခဲ့ပြီး နောက်ဆက်တွဲ ပါဝင်ပတ်သက်သူများကို ရှာဖွေဖော်ထုတ်ရန် စုံစမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း FSB က ပြောကြားခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံစာချုပ် ဒူးမား လွှတ်တော်တွင် အတည်ပြုမည်

ရုရှားက သဘောတူညီပြီးဖြစ်သဖြင့် ဒူးမားလွှတ်တော်တွင် အတည်ပြုမည့် ဘယ်လာရုစ်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ အာမခံစာချုပ်ကို ရုရှားသမ္မတဗလာဒီမာပူတင် က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မိတ်ဆက်လိုက်ပါသည်။ ထိုစာချုပ်ကို လွန်ခဲ့သည့် ၂ လ ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Alexander Grushko က လွှတ်တော်အမတ်များထံ တင်ပြရန် ဖော်ပြ ထားပါသည်။        

ထိုစာချုပ်တွင် ဘယ်လာရုစ်ပိုင်နက်အတွင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖြန့်ကျက်ချထားရေး၊ စစ်အင်အား ပံ့ပိုးဖွဲ့စည်းရေး၊ တတိယနိုင်ငံက စီးပွားရေးအရသော်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပိတ်ဆို့တင်းကြပ်လာပါက အပြန်အလှန် ကူညီမည့် အစီအစဉ်များအပြင် နျူကလီးယားလက်နက်ဆိုင်ရာ အပိုဒ်များလည်းဖော်ပြပါရှိပါသည်။ 

ထို့ပြင်  ပြည်ထောင်စုနိုင်ငံ နှစ်နိုင်ငံအနက် တစ်နိုင်ငံကို ပြင်ပမှ ရန်စတိုက်ခိုက်လာပါက နှစ်နိုင်ငံလုံးကို ရန်စ တိုက်ခိုက်ခြင်းဖြစ်သည်ဟု အသိအမှတ်ပြုသည့် အပိုဒ်ပါရှိပြီး ထိုအခြေအနေတွင် နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ အရ အင်အား အလုံးစုံအသုံးပြု၍  တုံ့ပြန်တိုက်ခိုက်ရန်  ဖော်ပြပါရှိပါသည်။ 

ကိုးကား -TASS

နျူကလီးယားလက်နက် မထောက်ပံ့ပေးနိုင်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ်တုံ့ပြန်

ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်းနိုင်ငံ လုံခြုံရေးအတွက် နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်မရပါက အမေရိကန်ထံမှ နျူကလီးယားလက်နက်များ ရရှိရေး တောင်းဆိုလိုက်မှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Keith Kellogg  က ယူကရိန်းကို နျူကလီးယားလက်နက်ထောက်ပံ့ခြင်းမှာ မဖြစ်နိုင်ပါကြောင်း ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ထိုကဲ့သို့သော အကြံအစည်ကို စဉ်းစားထားခြင်းမရှိပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့်သာ အဖြေရှာဆောင်ရွက်ရန် လုပ်ဆောင်နေပါကြောင်း ဖေဖော်ဝါရီ ၆ ရက်  FOX သတင်းစာနှင့်အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

ဇီလန်စကီး၏ နျူကလီးယားလက်နက် တောင်းဆိုချက်အပေါ် ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဖ်က ထိုသို့ထုတ်ဖော်ပြောဆိုချက်များမှာ မိုက်မဲရူးသွပ်မှု တစ်ခုဖြစ်ကြောင်း ပြောကြားထားပါသည်။

အထူးကိုယ်စားလှယ် Keith Kellogg သည် မြူးနစ်တွင် ကျင်းပမည့် လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် အတည်ပြု ပြောကြားထားပြီး အမေရိကန်အစိုးရ၏ ရုရှား-ယူကရိန်း စစ်ပွဲပြီးဆုံးရေး အစီအစဉ်ကို ချပြမည်ဖြစ်သည်။

ကိုးကား -PRAVDA

လူအများစု သေစေနိုင်သည့် လက်နက်တပ်ဆင်မှုနည်းပညာများကို ဂူးဂဲလ်တွင် ရှာဖွေနိုင်ပြီ

Google သည် လက်နက်နှင့် ထောက်လှမ်းရေးကိရိယာများ တီထွင်ထုတ်လုပ်ရန်အတွက် နည်းပညာအသုံးပြုမှုဆိုင်ရာ အစောပိုင်းကန့်သတ်ချက်များကို ဖယ်ရှားကာ ၎င်း၏ဉာဏ်ရည်တု (AI) မူများကို သိသိသာသာ ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ 

အဆိုပါအဆင့်မြှင်တင်မှုကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကြေညာခဲ့ပြီး အလုံးစုံထိခိုက်မှုကိုဖြစ်စေနိုင်သော Application များကို ဆန့်ကျင်သည်ဆိုသည့် ကုမ္ပဏီ၏ ယခင်ရပ်တည်ချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ဂူးဂဲလ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာကိစ္စရပ်များနှင့် ပါဝင်ပတ်သက်နေသည်ဟု ဝေဖန်ခံရပြီးနောက်တွင် ကုမ္ပဏီ က ၎င်း၏ AI ပိုင်းဆိုင်ရာကိစ္စရပ်များကို မူတစ်ခုချမှတ်ခဲ့ပြီး မူရင်းသတ်မှတ်ချက်များတွင် လူများကို ထိခိုက်ဒဏ်ရာရစေနိုင်သည့် လက်နက်ထုပ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာများကို ဝေမျှခြင်း (သို့) ဒီဇိုင်းရေးဆွဲထားမည်မဟုတ်ကြောင်း ဆိုပါသည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများကိုချိုးဖောက်ပြီး ထောက်လှမ်းရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သွားမည်မဟုတ်ကြောင်း ပါရှိပါသည်။

ယခုတွင် ဂူဂဲလ်က အဆိုပါမူများကို ချိုးဖျက် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ 

ဝါရှင်တန်ပို့စ်သတင်းဌာန၏အဆိုအရ ဂူဂဲလ်က ဂါဇာစစ်ပွဲအစောပိုင်း ရက်သတ္တပတ်များကတည်းက အစ္စရေးစစ်တပ်နှင့်ပူးပေါင်းခဲ့ပြီး ဉာဏ်ရည်တု ဝန်ဆောင်မှုများပေးရန် အမေဇုံကုမ္ပဏီနှင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး မကြာမီတွင် ဂူဂဲလ်၏ cloud ဌာနခွဲက အရပ်ဘက်အစိုးရဝန်ကြီးဌာနများတွင် ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသော်လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များကို AI Tools များ ဝင်ရောက် အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရပါသည်။ 

တောင်ကိုရီးယားဝန်ကြီးဌာနများက DeepSeek App ကို အသုံးပြုခွင့်ပိတ်ပင်

လုံခြုံရေးစိုးရိမ်မှုများကြောင့် တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနသည် ၎င်း၏ဝန်ထမ်းများအား တရုတ်ထုတ် AI Application DeepSeek ကို အသုံးပြုခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။

လုပ်ငန်းခွင်အတွင်း DeepSeek နှင့် ChatGPT အပါအဝင် AI ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး သတိထားကြရန် ဝန်ကြီးဌာနများနှင့်အေဂျင်စီများကို တောင်းဆိုသည့် သတိပေးချက်တစ်ခုကို တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည် ဟုသိရပါသည်။

တောင်ကိုရီးယားအစိုးရပိုင် Korea Hydro & Nuclear Power က ၎င်းတို့သည် DeepSeek အပါအဝင် AI ဝန်ဆောင်မှုများကို ယခုလအစောပိုင်းတည်းက ပိတ်ပင် ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ပြောဆိုခဲ့ ပါသည်။

ထို့အပြင် တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနကလည်း စစ်ဘက်ဆိုင်ရာအသုံးပြုသည့် ကွန်ပျူတာများတွင် DeepSeek ဝင်ရောက်ခွင့်ကို ပိတ်ပင်ထား ခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုခဲ့ပါသည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်ပကွန်ရက်များနှင့်ချိတ်ဆက်ထားသော ကွန်ပျူတာများတွင် DeepSeek ဝင်ရောက်ခွင့်ကို ပိတ်ပင်ထား သည်ဟု Yonhap သတင်းအေဂျင်စီက ‌ရေးသားဖော်ပြခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို DeepSeek က ချက်ချင်းပြန်လည် မှတ်ချက်ပြု တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပြီး တောင်ကိုရီးယားဝန်ကြီးဌာနများ ChatGPT App နှင့် ပတ်သက်၍ အရေးယူခြင်း ရှိ/မရှိ ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရှိရပါသည်။

အမေရိကန်က ၎င်းတို့၏ တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း NBC သတင်းဌာနက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစိုးရအဖွဲ့မှ  အဆင့်မြင့်အရာရှိကြီးများနှင့် စစ်ဘက်အရာရှိကြီးများကြား ဖလော်ရစ်ဒါပြည်နယ် တမ်ပါမြို့၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်များကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်  အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့လည်း ပါဝင်ခဲ့သည်။ အမေရိကန်အနေဖြင့် ဆီးရီးယားအရေးတွင် ပါဝင်ရန် မလိုအပ်ကြောင်း၊ ယင်းနိုင်ငံသည် ရှုပ်ထွေးမှုများနှင့်ရင်ဆိုင်နေရပြီး အမေရိကန်ကပါဝင်ခြင်းကို လိုအပ်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းနိုင်ငံအတွင်းရှိ အမေရိကန်တပ်များအား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏စစ်သည် ၂၀၀၀ ခန့်ကို ဆီးရီးယားနိုင်ငံအတွင်း၌ တပ်ဖြန့်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန် ထားသည်။

သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

သီရိလင်္ကာ အကောက်ခွန်ဌာနသည် ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဌာနမှ    ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၅ ရက်တွင်ပြောသည်။

အဆိုပါကိုကင်းအရည်ကို ဗြိတိန်နိုင်ငံမှ သီရိလင်္ကာနိုင်ငံအနောက်ပိုင်း ကီရီဘတ်ဂိုဒါဒေသရှိ လိပ်စာတစ်ခုသို့ပေးပို့သည့် အထုပ်တစ်ခုအတွင်း၌ ဖေဖော်ဝါရီလ ၄ ရက်တွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆီးဗာလီ အာရွတ်ဂိုဒါကပြောသည်။     အဆိုပါအထုပ်အတွင်း၌ ဆေးခြောက် ၆၅ ဂရမ်နှင့် အလေးချိန် ၅၀၀ မီလီလီတာရှိ ကိုကင်းအရည်တို့ ပါဝင်ကြောင်း  သိရသည်။

သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏တန်ဖိုးမှာ ကာလပေါက်ဈေး ရူပီး ၁၃ သန်း (ဒေါ်လာ ၄၄၀၀၀) ခန့်ရှိကြောင်း အာရွတ်ဂိုဒါက ဆက်ပြောသည်။ ယခုကဲ့သို့ ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ခြင်းသည် သီရိလင်္ကာနိုင်ငံ၏ အကောက်ခွန်သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့က အသက် ၂၃ နှစ်အရွယ်ရှိ ခရီးသွားလုပ်ငန်း၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

အမေရိကန်C-17လေယာဉ်(သို့မဟုတ်) တရားမဝင်ရွှေ့ပြောင်းသူများကို ပထမဆုံး အကြိမ်အဖြစ် ဂွမ်တာနာမိုသို့ ပို့ဆောင်ခဲ့သည့်လေယာဉ်

ဒေါ်နယ်ထရမ့်၏    တရားမဝင် ရွှေ့ပြောင်းသူများ တိုက်ဖျက်ရေးအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ရွှေ့ပြောင်းသူများကို သယ်ဆောင်လာသော စစ်လေယာဉ်သည် ပထမဆုံးအကြိမ်အဖြစ် ဂွမ်တာနာမို အကျဉ်းထောင်သို့ ဖေဖော်ဝါရီလ ၄ ရက်  ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင်  ဆိုက်ရောက်လာခဲ့ကြောင်း  ABC သတင်းဌာနက ဖော်ပြသည်။

၎င်းရွှေ့ပြောင်းသူများသည် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခံရမည့်သူများဖြစ်ပြီး  ၎င်းတို့အား အမေရိကန် အာဏာပိုင်အဖွဲ့က တက္ကဆပ်ပြည်နယ် အယ်ပါဆိုမြို့မှ C-17 အမျိုးအစား စစ်လေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။

ကျူးဘားနိုင်ငံရှိ    ဂွမ်တာနာမိုအကျဉ်းထောင်သည်    အမေရိကန်ရေတပ်၏ စစ်အခြေစိုက်စခန်း တစ်ခုဖြစ်ပြီး ယခင်က အယ်လ်ကိုင်ဒါ စစ်သွေးကြွများအား ဖမ်းဆီးထိန်းသိမ်းရာတွင် လုံခြုံရေးအလွန်တင်းကျပ်ထားသည့် အကျဉ်းထောင်တစ်ခုအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။   ယင်းအကျဉ်းထောင်ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုလေယာဉ်ပေါ်တွင် လိုက်ပါလာသည့်   ရွှေ့ပြောင်းနေထိုင်သူများအနက် ၁၀ ဦးမှာ ဗင်နီဇွဲလားနိုင်ငံရှိ နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် Tren de Aragua မှ ဂိုဏ်းသားများဖြစ်သည်။ ထို့ပြင် ဂွမ်တာနာမိုအကျဉ်းထောင်သို့  ပို့ဆောင်ခြင်းခံရသူ အားလုံးသည် အမေရိကန်ပြည်ထောင်စု၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ထားသူများဖြစ်ပြီး အမေရိကန်နိုင်ငံသားများအပေါ်  ဆိုးရွားကြမ်းတမ်းသည့် ရာဇဝတ်မှုများ ကျူးလွန်ထားသူများလည်း ဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြန်ကြားရေး အတွင်းဝန် ကယ်ရိုလိုင်းလီဗစ်က ပြောကြားထားသည်။

ဂွမ်တာနာမိုအကျဉ်းထောင်သို့ လက်ရှိပို့ဆောင်ခြင်းခံရသူများကို   ၎င်းအကျဉ်းထောင်ရှိ    အကျဉ်းကျခံနေသူများနှင့်အတူ ထားရှိမည်မဟုတ်ဘဲ ၎င်းတို့မိခင်နိုင်ငံများသို့   ပြန်ပို့ခြင်းခံရသည့်အချိန်အထိ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့်   အကောက်ခွန်အာဏာပိုင်အဖွဲ့က လုံခြုံရေးတာဝန်ယူမည်ဖြစ်သည်။

အမေရိကန်ရှိ ရာဇဝတ်မှုကျူးလွန်သူများနှင့် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများအား ထိန်းသိမ်းရန်အတွက် ဂွမ်တာနာမို အကျဉ်းစခန်းတွင် နေရာပေါင်း ၃၀,၀၀၀ အထိ ပြင်ဆင်ထားရန် ထရမ့်က  ၎င်း၏အစိုးရအဖွဲ့အား အစောပိုင်းတွင် ညွှန်ကြားထားခဲ့သည်။

ထို့ပြင်သမ္မတထရမ့်အနေဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေးကို  ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးချိန်မှစ၍ မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် အရေးပေါ်အခြေအနေ တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းနောက်တွင် အမေရိကန်အစိုးရသည်   နယူးယောက်တွင်   တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား   ရှာဖွေဖော်ထုတ်ရန်အတွက် အကြီးစားစစ်ဆင်မှုကြီးများကို လုပ်ဆောင်ခဲ့ရာ တစ်နေ့တည်းမှာပင် လူပေါင်း ၁၂,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း New York Post သတင်းစာက ဇန်နဝါရီလကုန်ပိုင်းတွင် ဖော်ပြခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တိုက်ဖျက်ရေးအတွက် မစ္စစ္စပီပြည်နယ် အာဏာပိုင်များကမူ ဆုပေးသည့်စနစ်ကို ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ပြည်နယ်အာဏာပိုင်များအနေဖြင့်   တရားမဝင်ရွှေ့ပြောင်းသူများကိုဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးနိုင်သည့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ အရာရှိများအား  လူတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ပေးအပ်မည်ဟု ကမ်းလှမ်းထားသည်။   အဆိုပါဆုချီးမြှင့်သည့် အစီအစဉ်ကို ပြည်နယ်အာဏာပိုင်များက အသိအမှတ်ပြု ဆုလာဘ်ရှာဖွေမှု အစီအစဉ် ဟူ၍ အမည်ပေးထားသည်။

အမေရိကန်အစိုးရက    ပြည်နှင်ဒဏ်ပေးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ခေါ်ယူရန်အတွက်လည်း အယ်ဆာဗေဒေါ၊  ဗင်နီဇွဲလားနှင့် ကိုလံဘီယာနိုင်ငံတို့က သဘောတူထားပြီးဖြစ်သည်။

တရားမဝင်ရွှေ့ပြောင်းသူများအား ယခုကဲ့သို့ဂွမ်တာနာမိုသို့  ပထမဆုံးအကြိမ် ပို့ဆောင်ခဲ့ခြင်းသည်    အစိုးရအတွက် အနည်းဆုံး ဒေါ်လာနှစ်သန်း ကုန်ကျစေခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားသည်။ ထို့ပြင်တရားမဝင်ရွှေ့ပြောင်းသူများအား ဂွမ်တာနာမိုသို့ ချောမွေ့စွာပို့ဆောင်နိုင်ရေးအတွက် အမေရိကန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၃၀၀ ခန့်နှင့် ကမ်းတက်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကိုပါ အစိုးရက စေလွှတ်ရန်စီစဉ်ထားကြောင်း   အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source:Myawady Web Portal