ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟုဟားမက်အဖွဲ့ ပြောကြား

News Image

  • ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟုဟားမက်အဖွဲ့ ပြောကြား

အစ္စရေးနှင့် ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟု ဟားမက်အဖွဲ့၏ နိုင်ငံရေးရုံး ဒုတိယအကြီးအကဲ မူဆာအဘူမာဇွတ်က Sputnik သို့ပြောကြားသည်။

ဟားမက်အဖွဲ့သည်  ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည့် အလက်ဇန္ဒား ထရူဖာနော့အား ရုရှားနိုင်ငံ၏ ပါလက်စတိုင်းအပေါ် ထားရှိသည့် ရပ်တည်ချက်သဘောထားကို တုံ့ပြန်သည့်အနေဖြင့်  မကြာမီပြန်လွှတ် ပေးမည်ဖြစ်ကြောင်း မူဆာအဘူမာဇွတ်က ပြောသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒွန်ဘတ်ဒေသခံတစ်ဦးဖြစ်သည့် မက်ဇင်ခါကင်အား ပြန်လွှတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အစ္စရေးနှင့် သဘောတူထားသည့် ဒုတိယအဆင့် သဘောတူညီချက်အပေါ် မူတည်၍ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမက်အဖွဲ့က  ပြောသည်။ သို့သော်  ၎င်းအားပြန်လွှတ်ပေးရေးကို   အဓိကဦးစားပေးအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပါလက်စတိုင်းမှ   ဟားမက်အဖွဲ့နှင့် အစ္စရေးတို့ကြား  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့၏ ကြားဝင်ဖျန်ဖြေမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၅ ရက်တွင် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal