ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံအများအပြားသည် ၎င်းတို့၏စစ်လက်နက် ပစ္စည်းသိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများ မြင့်တက်လာခဲ့ပြီး အမေရိကန်၏လက်နက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကန်၏ လက်နက်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၁၈ ဒသမ ၇) ဘီလျံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၂၉) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု သိရပါသည်။ အမေရိကန်ကုမ္ပဏီများ၏ စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ရောင်းချမှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၅) ဘီလျံရရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ (၂၀၀ ဒသမ ၈) ဘီလျံထိ မြင့်တက်လာခဲ့သည်ဟု အချက်အလက်များအရ သိရပါသည်။
အမေရိကန်အစိုးရမှစီစဉ်ပေးသည့် စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၉) ဘီလျံထိမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ(၈၀ ဒသမ ၉)ဘီလျံ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ ဥရောပနိုင်ငံများသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသည့်နိုင်ငံများထဲ၌ ပါဝင်ခဲ့ပြီး ရောင်းချမှု၌ ရိုမေးနီးယားနိုင်ငံအတွက် အမေရိကန် ဒေါ်လာ(၇ ဒသမ ၂)ဘီလျံတန်ဖိုးရှိ F-35 တိုက် လေယာဉ်များ၊ ဂျာမနီအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ဒုံးကျည်များအပြင် နော်ဝေး၊ ပိုလန်၊ စပိန်၊ ဩစတြီးယားနှင့် အခြားနိုင်ငံများအတွက် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် သံချပ်ကာယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုတွင် အစ္စရေးနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁၈ ဒသမ ၈) ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ပါဝင်ကြောင်းလည်း သိရှိရသည်။
ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစတင်ကာ အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အဆမတန်တိုးလာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူ အများအပြားက မှတ်ချက်ပြုပြောဆိုခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းရောင်းချမှု စုစုပေါင်း၏ (၄၂) ရာခိုင်နှုန်းခန့်ရှိကြောင်း Stockholm International Peace Research Institute က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။
ကိုးကား-NP News

ဒိန်းမတ်သည် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဖြစ်သည့် ဂရင်းလန်းကျွန်းနှင့် Faroe ကျွန်းစုတို့နှင့် ပူးပေါင်း၍ အာတိတ်ဒေသလုံခြုံရေးကို အဆင့်မြှင့်တင်ရန် ခရိုနာ ၁၄.၆ ဘီလီယံ (ဒေါ်လာ ၂.၀၅ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွင် အာတိတ်သင်္ဘောသစ် ၃ စင်းနှင့် အဆင့်မြင့် ရုပ်ပုံဖမ်းနိုင်စွမ်းနှင့် ပိုမိုအားကောင်းသော ဂြိုလ်တုစွမ်းရည်ပါရှိသည့် တာဝေးပစ်ဒရုန်းများ ပါဝင်ပါသည်။

အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်တို့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ပြောကြားထားပါသည်။
ကျယ်ပြောလှသည့်ပိုင်နက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော်လည်း ဒိန်းမတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် ကျန်ရှိနေသည့် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်လိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထပ်ခါတလဲလဲ ပြောကြားပြီးနောက် ယခုကဲ့သို့ အာတိတ်ဒေသလုံခြုံရေးတိုးမြှင့်ရန် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကိုးကား-BBC

အီရန်တပ်မတော်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ဉာဏ်ရည်တုနည်းပညာ (AI) တပ်ဆင်ထားသည့် ဒုံးကျည်များကိုအောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းသိရသည်။
အီရန်ရေတပ်ဖွဲ့သည် Qaem နှင့် Almas ဒုံးကျည်များကို Great Prophet Authority 19 ဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၆ရက်တွင် ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် အဆိုပါစစ်ရေးလေ့ကျင့်မှုကိုယခုလအစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

AI နည်းပညာသုံး အဆိုပါဒုံးကျည်များသည် ဒရုန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များကို အီရန်က အဆင့်မြှင့်တင်ထားသည့် အခြားလက်နက်စနစ်များနှင့်အတူ ထုတ်ဖော်ပြသ၍ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Qaem ဒုံးကျည်သည် အနီအောက်ရောင်ခြည်၊ လေဆာ သို့မဟုတ် ရုပ်သံမှတစ်ဆင့် ပဲ့ထိန်းနိုင်ပြီး အလေးချိန်အားဖြင့် ၈.၅ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို အကွာအဝေး ၄၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည်။ ထို့အတူ Almas ဒုံးကျည်သည် သံချပ်ကာဖျက်ဒုံးအမျိုးအစားတစ်ခုဖြစ်ပြီး အကွာအဝေးအားဖြင့် ၈ ကီလိုမီတာသို့သာပစ်ခတ်နိုင်သည့် ပေါက်ကွဲအားကိုပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည့် ထိပ်ဖူးများအားတပ်ဆင်ထားခြင်းဖြစ်သည်။
Source: Myawady Web Portal

ယူကရိန်းစစ်သည်များသည် မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေးခြင်းခံခဲ့ရကြောင်း ဗြိတိန်မှရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်တစ်ဦးက Sputnik သတင်းဌာနသို့ပြောသည်။

ယူကရိန်းစစ်သည်များသည် မြောက်ယော့ရှိုင်းယားရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် မြို့ပြစစ်ပွဲနှင့်သက်ဆိုင်သည့် လေ့ကျင့်မှုများကို ဘာသာပြန်မှတစ်ဆင့် ဗြိတိန်စစ်ရေးလေ့ကျင့်သင်ကြားပေးသူများ၏ ညွှန်ကြားချက်အတိုင်းသင်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်သည်များအားကာ့ဒေသရှိ ဆွစ်ဇာမြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်က ဆက်ပြောသည်။
ထို့ပြင် ရုရှားနိုင်ငံအတွင်းရှိ ကာ့ဒေသသို့ ကျူးကျော်တိုက်ခိုက်မည့်အစီအစဉ်ကို အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကSputnik သတင်းဌာနသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောကြားခြင်းဖြစ်သည်။
Sputnik သတင်းဌာနသည် ယူကရိန်းစစ်သည်များအား စစ်ရေးနည်းပြများက ဗြိတိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားပေးနေသည့် ဗီဒီယိုပြကွက်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ်ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။

မော်ရိုကိုနိုင်ငံတွင် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို အာဏာပိုင်အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ထောက်လှမ်းရေး ဗျူရိုက ဇန်နဝါရီလ၂၆ ရက်တွင် ထုတ်ပြန်သည်။
မော်ရိုကိုအထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ပြီးနောက် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သူလေးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အထူးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ဘာရီချစ်ပြည်နယ်အတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုရန်စီစဉ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့် ဓာတုပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ဆေးရုံတစ်ရုံကို သူပုန်အဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နှင့်ချီကာသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားခဲ့ပါသည်။
ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF)နှင့် အရပ်သားအစိုးရတို့ အသွင်ကူးပြောင်းမှုအပေါ် တင်းမာမှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလလယ်ပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပေါ်ကာ လူပေါင်းသောင်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။

ဆူဒန်နိုင်ငံ အယ်လ်ဖာဆာမြို့ရှိဆေးရုံကို ရုတ်တရက် တိုက်ခိုက်မှုကြောင့် လူနာများနှင့် လူနာစောင့်များ ဒဏ်ရာရသူ ၁၉ ဦး နှင့် သေဆုံးသူ ၇၀ ရှိခဲ့သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် တီးဒရိုစ်က ၎င်း၏ X တွင် ရေးသားခဲ့ပြီး ၎င်းဆေးရုံသည် အဆိုပါမြို့တွင် တစ်ခုတည်းသော လည်ပတ်နေသည့် ဆေးရုံဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဆေးရုံ၌လူနာများဖြင့် ပြည့်ကျပ်နေသည်ဟု တီးဒရိုစ်က အလေးပေးပြောကြားခဲ့ပြီး အယ်လ်မယ်ဟာမြို့ရှိ အခြားကျန်းမာရေး အဆောက်အအုံကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်းပြောသည်။ တိုက်ပွဲများကြားတွင် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည် ထူထောင်ရေးအတွက် အထောက်အပံ့များ နိုင်ငံအတွင်းသို့ အပြည့်အဝဝင်ရောက်ခွင့်ကို တောင်းဆိုခဲ့ပြီး အာဖရိကရှိ ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန် တိုက်တွန်းခဲ့ပါသည်။
လက်နက်ကိုင် RSF အဖွဲ့သည် လွန်ခဲ့သည့် နှစ်နှစ်နီးပါးခန့် ပဋိပက္ခစတင်ဖြစ်ပွားစဉ်ကတည်းက နိုင်ငံအနောက်ပိုင်း ဒါဖာဒေသတွင် နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့သည်။ မြောက်ဒါဖာပြည်နယ်၏ မြို့တော်ဖြစ်သည့် အယ်လ်ဖာရှာသည် မေလကတည်းက RSF ၏ ဝိုင်းထားမှုကိုခံခဲ့ရသော်လည်း စစ်တပ်နှင့် မဟာမိတ်လက်နက်ကိုင်အဖွဲ့များက ယင်းမြို့ကို သိမ်းပိုက်ခြင်းမပြုနိုင်ရန် တားဆီးနိုင်ခဲ့သည်။
ဆော်ဒီအာရေးဘီးယားနှင့် အမေရိကန်တို့ ကြားဝင်ဖျန်ဖြေပေးသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနှင့် ကြိုးပမ်းမှုအများအပြားသည် စစ်ပွဲများအကြားတွင် နောက်ဆုံး၌ အားလုံးပြိုလဲသွားခဲ့ရသည်။ ဆူဒန်သည် အငတ်ဘေးဆိုက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက အကြိမ်ကြိမ် သတိပေးထားပါသည်။
ကိုးကား-Myanmar National Post
Photo: BBC

ရုရှား၏ခွင့်ပြုချက်မရှိဘဲ ယူကရိန်းသို့ “ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ” ဝင်ရောက်လာပါက ၎င်းတို့ သည် ရုရှား၏ စစ်ရေးပစ်မှတ်များ ဖြစ်လာလိမ့်မည် ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ကိုးကား- ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန

ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်း ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံမှ အဆင့်မြင့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်စနစ် Oreshnik သည် ဘယ်လာရုစ်နိုင်ငံသို့ မကြာမီ ရောက်ရှိမည်ဟု ဘယ်လာရုစ်မှ မျှော်လင့်ထားကြောင်း သမ္မတ အလက်ဇန္ဒားလူကာရှန်ကို က ပြောကြားခဲ့ပြီး ၎င်းသည် နှစ်နိုင်ငံနယ်စပ်နှင့်မဝေးသောနေရာတွင် စခန်းချသွားမည်ဟု ပြောကြားခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတ ရွေးကောက်ပွဲကျင်းပနေချိန်တွင် ဇန်နဝါရီ ၂၆ ရက်(တနင်္ဂနွေနေ့)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သမ္မတ လူကာရှန်ကို က အဆိုပါလက်နက်အား ဘယ်လာရုစ်နယ်စပ်မှ အရှေ့ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ရုရှားမြို့ Smolensk နှင့် ပိုမိုနီးကပ်သည့်နေရာတွင် ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အခြားတစ်နေရာတွင် ထားရှိရန် ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
မိမိတို့သည် Oreshnik ကိုယခုကစပြီးမည်သည့်နေ့တွင် မဆိုရှိလိမ့်မည်ဖြစ်ကြောင်း၊ Oreshnik၏ နောက်ထပ်စနစ်က ရုရှားနိုင်ငံထက် ပိုစောပြီး ဘယ်လာရုစ်ကို ပို့ပေးမည်ဟုသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူထားကြောင်း သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ပါသည်။ ပေးပို့သည့်အချိန်ဇယားအပေါ် ညီလာခံအပြီးတွင် အတည်ပြုပေးရန် တောင်းဆိုသည့်အခါ ရက်အတိအကျကို သဘောတူညီခြင်းမရှိသေးကြောင်း ၎င်းက ဝန်ခံခဲ့ပါသည်။
ဖြန့်ကျက်တည်နေရာအတွက် ရွေးချယ်မှုမှာ Oreshnik ၏ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များအပေါ် အခြေခံသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဘယ်လာရုစ်သည် အနည်းဆုံး Oreshnik ဒုံးခွင်းဒုံးစနစ် ၁၀ ခုကို လက်ခံရယူလိုကြောင်း အစပိုင်းတွင် ပြောကြားခဲ့သော်လည်း၊ အထူးသဖြင့် ရုရှားသည် Oreshnik ကို တပ်ဖြန့်ရန်လိုအပ်သောကြောင့် ယင်းပမာဏကို လွှဲပြောင်းရန်မှာ စီးပွားရေးအရ အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတက ဝန်ခံခဲ့ပါသည်။ “Oreshnik စနစ်တစ်ခုသည်ဘယ်လာရုစ် ကို ကာကွယ်ရန် လုံလောက်သည်” ဟု၎င်းကထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ၏ကျေးဇူးကြောင့် ဘယ်လာရုစ်တွင်နျူကလီးယားလက်နက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာ ရှန်ကိုက ပြောကြားခဲ့ပါသည်။
ကိုးကား - RT

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၅ ရက်နေ့က ရေငုပ်သင်္ဘောများတွင် ဖြန့်ကျက်ချထားရန်နှင့် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဒီဇိုင်းထုတ်ထားသည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါသည်။ ဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်က စောင့်ကြည့်လေ့လာခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့ပါသည်။

ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ၇၅၀၀ စက္ကန့် အတွင်း ကီလိုမီတာ ၁၅၀၀ အကွာအဝေးကို ဖုံးလွှမ်းကာ ၎င်းတို့၏ ပစ်မှတ်များကို ထိမှန်ခဲ့ပါသည်။ ထို့ကြောင့် ဒုံးကျည်များ၏ ပျမ်းမျှပျံသန်းမှုအမြန်နှုန်းမှာ တစ်နာရီ လျှင် ၇၂၀ ကီလိုမီတာဖြစ်ပါသည်။ အဆိုပါ စမ်းသပ်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို မထိခိုက်စေကြောင်း KCNA က မှတ်ချက်ပြုခဲ့ပါသည်။
အေဂျင်စီ၏အဆိုအရ အဆိုပါစမ်းသပ်မှုများသည် ဒေသတွင်းပြောင်းလဲနေသော လုံခြုံရေးအခြေအနေနှင့်အညီ ဖြစ်နိုင်ခြေရှိသော ရန်သူများကို မဟာဗျူဟာမြောက် ဟန့်တားခြင်း၏ ထိရောက်မှုကိုမြှင့်တင်ရန် ရည်ရွယ်သည့် အမျိုးသားကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရပါသည်။
ပြုံယမ်းသည် ၎င်း၏ “စစ်ပွဲကို ဟန့်တားရေးနည်းလမ်းများ ဆက်လက်တိုးတက်စေမည်ဖြစ်ကြောင်း” မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလေးပေး ပြောကြားခဲ့ပါသည်။ “ခိုင်ခံ့သည့် စစ်အင်အားများကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကာကွယ်ရန် မိမိတို့၏အရေးကြီးသည့် တာဝန်များကို အမြဲတမ်း တာဝန်ကျေပွန်စေရန် ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဆက်လက် ပြောကြားခဲ့သည်။
ကိုးကား - TASS

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့သည် လက်ဘနွန်မှ ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)တွင် ဆုတ်ခွာပေးရမည်ဖြစ်သော်လည်း ဆက်လက်တပ်စွဲထားပါသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန်နှင့် ပြင်သစ်တို့၏ ကြားဝင်ညှိနှိုင်းပေးမှုအရ အထမြောက်ခဲ့ပြီးစာချုပ်တွင်လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့များနှင့်ဟစ်ဇ်ဘိုလာတပ်ဖွဲ့များက ဆုတ်ခွာပေးရမည်ဟု သတ်မှတ် ထားပါသည်။

ယခုဆက်လက်တပ်စွဲထားသည့် အစ္စရေးတပ်ဖွဲ့များ အရေအတွက်မည်မျှရှိကြောင်းနှင့် မည်သည့်အချိန်မှ ဆုတ်ခွာပေးမည်ကို မသိရှိရပါ။ အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့အကြားပဋိပက္ခများကြောင့် ဟစ်ဇ်ဘိုလာဘက်မှ အရာရှိကြီးများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အရပ်သား ၄,၀၀၀ ကျော် သေဆုံးခဲ့ပါသည်။ ထို့အပြင် အရပ်သား ၁.၂ သန်းကျော်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုလည်းသိရှိရပါသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ လက်ဘနွန် တပ်ဖွဲ့များကလည်း ဆုတ်ခွာပေးရမည်ဖြစ်သော်လည်း ယခုအချိန်ထိ Litani မြစ်အထိသာ ဆုတ်ခွာသည်ကို တွေ့ရှိရကြောင်း"အစ္စရေးဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ကိုးကား -BBC