နောင်ချိုမြို့နယ်၊ တောင်ခမ်းစစ်မြေပြင်မှ အောင်ပွဲဖြင့် ပြန်လည် ရောက်ရှိလာသော တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသမှ TNLA, PDF အကြမ်းဖက် အဖွဲ့များက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်နေသည့်အတွက် တပ်မတော်သား များက နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။
အကြမ်းဖက်သမား၏ လုပ်ရပ်ကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက် ခဲ့ရပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြရသူများလည်း ရှိသည်။
တောင်ခမ်းစစ်မြေပြင်တွင် တပ်မတော်သားများအနေဖြင့် TNLA, PDF အကြမ်းဖက်အဖွဲ့များကို ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။
အကြမ်းဖက် TNLA, PDF အဖွဲ့များ၏ ဆင်ခြင်ဉာဏ်မဲ့စွာ လုပ်ဆောင်မှု များကြောင့် ဒေသခံများ၏ လူမှုဘဝအလုံးစုံပျက်စီးခဲ့ရကာ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရင်းမြစ်များဖြင့် တည်ဆောက်ထားခဲ့သော နိုင်ငံပိုင် အဆောက်အဦများ၊ လမ်းတံတားများလည်း ပျက်စီးခဲ့ရသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်မှုများအား အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post