အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်
အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြစ်တင်ဝေဖန်ပြီးနောက် နာရီအနည်းငယ်အကြာ၌ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နှစ်နိုင်ငံထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိသော ရန်စသည့်လုပ်ရပ်အဖြစ် မြောက်ကိုရီးယားက သတ်မှတ်ထားသည်။
ဒုံးကျည်များကို မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ခြမ်းမှ ပင်လယ်ဝါအတွင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်စမ်းသပ်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီလမှစ၍ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ် ပစ်ခတ်ခဲ့မှုမှာ အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ (၁၈၆)မိုင်အောက်သာ ရှိသည့်အတွက် စမ်းသပ်ပစ်ခတ်ခဲ့သည့် ဒုံးကျည် အမျိုးအစားများမှာ တာနီးပစ်ပဲ့ထိန်းဒုံးကျည်များဖြစ်နိုင်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့မှုကို Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- Reuters
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)