သတင်းများ

အမေရိကန်ထောက်ပံ့မှုမရှိပါက EU လုံခြုံရေး စိုးရိမ်ရ

ဒုတိယကမ္ဘာစစ်အပြီး EU ၏လုံခြုံရေးအာမခံနိုင်မှုသည် အမေရိကန်၏ ထောက်ပံ့မှုမရှိပါက အချိန်မရွေးပြိုလဲနိုင်ကြောင်း EU ခေါင်းဆောင်များက စိုးရိမ်နေကြသည်ဟု မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် အရေးကြီး ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပ ထိပ်တန်းအရာရှိများ၏ သုံးသပ်ချက်ကို ကိုးကား၍ Politico က ဖော်ပြခဲ့ သည်။

အမေရိကန်သမ္မတ Donald Trump က Kiev သို့ လက်နက်ပေးပို့မှု အားလုံးကို ရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဥရောပရှိ ယူကရိန်းထောက်ခံသူများကြားတွင် မသေချာမရေရာမှုနှင့် စိုးရိမ်မှုများ ပိုမိုများပြားလာခဲ့သည်။

Trump က ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုများစတင်ခဲ့ပြီး ယူကရိန်း ခေါင်းဆောင် Vladimir Zelensky ကို “အာဏာရှင်တစ်ဦး” ဟု ခေါ်ဆိုလိုက်ခြင်းအပေါ် EU၊ UK နှင့် ယူကရိန်းတို့မှ အကြီးတန်းအရာရှိများက နှစ်ခြိုက်မှုမရှိခဲ့ကြဘဲ လွန်စွာစိတ်ပျက်မိကြောင်း ဖော်ပြခဲ့ကြသည်။

EU အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းအရာရှိအချို့က Trump အပေါ် ပြန်လည်တုံ့ပြန်မှုသည် မှားယွင်းသည့် အခြေအနေသို့ ဦးတည်သွားမည်ကို စိုးရိမ်နေကြပြီး၊ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဦးဆောင်သော “ရုရှားထောက်ခံသူအုပ်စု” သည် ယူကရိန်းအတွက် ထောက်ပံ့မှုကို ကန့်ကွက်လာနိုင်မည့်အရေးကို “ယူကရိန်းထောက်ခံသူအုပ်စု” က စိုးရိမ်နေကြသည်ဟု Politico က ဖော်ပြခဲ့သည်။

Orban နှင့် ဆလိုဗက်ဝန်ကြီးချုပ် Robert Fico တို့က ပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းချက်ရှာရန်နှင့် ယူကရိန်းကို ခြွင်းချက်မရှိ စစ်ရေးအကူအညီများ လျှော့ချရန် ဘရပ်ဆဲလ်ကို တိုက်တွန်းခဲ့သည်။ Politico ၏အဆိုအရ ဟန်ဂေရီသည် EU ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ နောက်ဆုံးကြေညာချက်၌ ယူကရိန်းသို့ လက်နက်များ ဆက်လက်ပေးပို့ရန် အဆိုပြုချက်ကို ကန့်ကွက်ခဲ့သည်။

EU သည် ယူကရိန်းကို ထောက်ခံရန်နှင့် ဥရောပအစုအဖွဲ့၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန်အတွက် ဘရပ်ဆဲလ်မြို့၌ ထပ်မံကျင်းပမည့် အဆင့်မြင့်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးစွမ်းရည်မြှင့်တင်ရေးအတွက် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၆၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ကြေညာခဲ့သည်။

ရုရှားက အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် အစီအစဉ်များကိုကြိုဆိုသော်လည်း အနောက်နိုင်ငံများ၏ အခြားတဖက်အပေါ်ထောက်ပံ့မှုများသည် ၎င်း၏စစ်ဆင်ရေးပန်းတိုင်များ အောင်မြင်ရန် ကြိုးပမ်းမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု

ဘရပ်ဆဲလ်၊ မတ် ၅ ရက် 

ဥရောပသမဂ္ဂတလွှား ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သည့်အနေဖြင့် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၄၄.၆ ဘီလီယံ) အသုံးပြုမည့် အစီအစဉ်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မတ် ၄ ရက်၌ ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) တလွှား၌ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အရှိန်မြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် ဥရောပအနေဖြင့် လက်နက်ပြန်လည်တပ်ဆင်သည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်ဟု ၎င်းက ဆိုသည်။
မတ် ၆ ရက် ဥရောပကောင်စီ အစည်းအဝေးမတိုင်မီ အီးယူခေါင်းဆောင်များထံ ရေးသားပေးပို့ခဲ့သည့် စာ တစ်စောင်၌ ဗွန်ဒါလေယန်က “ReArm Europe” (ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ခြင်း) အစီအစဉ် အား ထုတ်ဖော်ကြေညာခဲ့ပြီး အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) အား အမေရိကန်၏ ထောက်ခံပံ့ပိုးမှု အလားအလာအပေါ် စိုးရိမ်မှုများကို ထောက်ရှုလျက် ဥရောပ၏ ကာကွယ်ရေး စွမ်းရည်များကို အရေးတကြီး အင်အားဖြည့်တင်းရန် လိုအပ်နေသည်ဟုလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“ဥရောပဟာ မိမိတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ကြီးကြီးမားမားတိုးမြှင့်ဖို့ အသင့်ရှိနေပါပြီ။ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ ရေတိုအားဖြင့် အရေးတကြီးလိုအပ်နေမှုကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက်ရော ဥရောပရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် သိသိသာသာ ပိုမိုတာဝန်ယူဖို့ ရေရှည် လိုအပ်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပါ အဲဒီလိုလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေး ဧရိယာ ပြင်ပ၌ ဗုံးများ မတော်တဆပြုတ်ကျ

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီးသည် လေ့ကျင့်ရေးဧရိယာပြင်ပ၌ မတော်တဆ ဗုံး(၈)လုံး ပြုတ်ကျခဲ့ရာ အဆောက်အဦများပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါဖြစ်စဉ်သည် မတ်လ (၆) ရက် ဒေသစံတော်ချိန် (၁၀:ဝဝ) နာရီကျော်ခန့်တွင် ဆိုးလ်မြို့၏ အရှေ့မြောက်ဘက်၊ ၄၀ ကီလိုမီတာခန့်အကွာ Pocheon မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးသတ်သမားများ၏ပြောကြားချက်အရ နေအိမ် (၂) လုံးနှင့် Church ကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက်မှ (၂) ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရှိရပါသည်။

အဆိုပါတိုက်လေယာဉ်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး တောင်ကိုရီးယား စစ်ဘက်က ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြော

အမေရိကန်၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရဘက်မှ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုမှုများသည် ကမ္ဘာ့အင်အားကြီးစီးပွားရေး နိုင်ငံနှစ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲ၌ တင်းမာမှုများ ထပ်မံတိုးမြင့်လာသည့် လက္ခဏာတစ်ခုလည်း ဖြစ်ပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်သည် မတ်လ ၅ ရက်နေ့ အစောပိုင်းက လုပ်ဆောင်ခဲ့သည့် Fox သတင်းဌာနနှင့် အင်တာဗျူး တစ်ခုအတွင်း အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည် ဟုလည်း သိရှိရသည်။

တရုတ်အစိုးရသည် မည်သည့်စစ်ပွဲကိုမဆို ရင်ဆိုင်ရန်အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သည့် အမေရိကန်ရှိ တရုတ်သံရုံး၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ပီတီဟတ်ဆတ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။

ပီတီဟတ်ဆတ်က ငြိမ်းချမ်းရေးကို လိုလားသည့် သူများသည် စစ်ပွဲအတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်က ဟားမက်ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်

ဟားမက်အနေဖြင့် ကျန်ရှိနေသော ဓားစာခံများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ထိုကဲ့သို့မဟုတ်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ထရမ့်က သတိပေးလိုက်ကြောင်း သိရှိရပါသည်။

အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အကြား နောက်ထပ်အကျဉ်းသား လဲလှယ်ရေးဆွေးနွေးမှုများ ရပ်တန့်သွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

“ဓားစာခံများအားလုံးကို လွှတ်ပေးရန်နှင့် သေဆုံးသွားသော ဓားစာခံများ၏ ရုပ်ကြွင်းများကို ချက်ချင်းပြန်ပေးရမည်။ ထိုသို့မဟုတ်ပါက ဟားမက်တို့အတွက် နောက်ဆုံးအချိန်ဖြစ်သွားမည်” ဟု ထရမ့် က ၎င်း၏ Truth Social Platform ၌ ရေးသားခဲ့သည်။

ဇန်နဝါရီလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး ပါလက်စတိုင်း ၂၀၀၀ ခန့်နှင့် အစ္စရေး ၃၈ ဦး တို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ Axios ၏သတင်းအရ အစ္စရေးအာဏာပိုင်များက အနည်းဆုံး ၂၈ ဦးသည် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။

အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့်သည် မတ်လ ၃ ရက်(တနင်္ဂနွေ) နေ့တွင် ကုန်ဆုံးသွားပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် လိုက်နာမှုမရှိကြောင်း စွပ်စွဲခဲ့ကြသည်။ The Jerusalem Post သတင်းစာက မတ်လ ၄ ရက်(တနင်္လာ)နေ့တွင် နောက်ထပ်လဲလှယ်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ရှေ့ဆက် မတိုးတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Hamas ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က CNN သို့ မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် Trump ၏ ခြိမ်းခြောက်မှုများသည် “စစ်ပြေငြိမ်းရေး သဘောတူညီချက်နှင့်ပတ်သက်၍ အရာရာကို ပိုမိုရှုပ်ထွေးစေမည်” ဟု ပြောကြားခဲ့သည်။

အမေရိကန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်

အမေရိကန်အစိုးရသည် ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်ဟု သိရပါသည်။

ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့သတ်မှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှစတင်၍ ဟူသီ လက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း၌ သွားလာနေသည့် ကုန်တင် သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းမှ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ခဲ့ကြောင်းလည်း သိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဆောင်ရွက်ခဲ့သည့်လုပ်ဆောင်ချက်သည် မိမိတို့၏ အမျိုးသား လုံခြုံရေးအကျိုးစီးပွား၊ အမေရိကန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် အမေရိကန်နိုင်ငံ့လုံခြုံရေးကို ကာကွယ်မည့် ဒေါ်နယ်ထရမ့်အစိုးရ၏ ကတိကဝတ်ကို သက်သေပြခြင်းမျိုး ဖြစ်ပါကြောင်း” ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News

စစ်ကိုင်းမြို့နယ်အတွင်း၌ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံမြစ်ကူးတံတားအနီးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ရွှာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများဆောင်ရွက်ခြင်း၊ လုံခြုံရေးအရစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

Source: www.moi.gov.mm

တာချီလိတ်မြို့နယ်နှင့် တောင်ငူမြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်လျှဲန်းကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၅၁၀) နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၈၀ (တစ်ပြားလျှင် ၄၀၀၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၉၂ သိန်း) ကိုလည်းကောင်း။

မတ် ၂ ရက် ညနေ ၄ နာရီခွဲ တွင် တာချီလိတ်မြို့နယ် မိုင်းကိုး ကျေးရွာအုပ်စု နမ့်ဖူးကျေးရွာရှိ ကျမူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀ (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၈၈ ဒသမ ၂ သိန်း) ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တောင်ငူမြို့ (၁၉)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် နေလင်းအောင် (ခ) အိုင် မောင်းနှင်ပြီး မျိုးမင်းထက် (ခ) ငိန်းချယ်လယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေသိန်း ၁၆၀) သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရဲပြန်ကြား

ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တပ်တွင်းစည်းရုံးရေးပြိုကွဲနေ ခေါင်းစဉ်ဖြင့်လည်းကောင်း မဟုတ်မမှန် လုပ်ကြံသတင်းများရေးသားဖြန့်ဝေ

နေပြည်တော် မတ် ၄

ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က Ayeyarwaddy Times အမည်ရှိ Facebook Page တွင် ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသာလုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပြီး တပ်ဖွဲ့နှင့်ပတ်သက်၍ တိကျစွာတိုင်တန်းတင်ပြလာပါက စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကာအပြစ် ကျူးလွန်ကြောင်းတွေ့ရှိပါကလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းထားသည့်အတွက် Ayeyarwaddy Times အမည်ရှိ Facebook Page ၏ သတင်းရေးသားဖော်ပြထားမှုသည် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်။

ထို့အတူ တပ်တွင်းစည်းရုံးရေး ပြိုကွဲနေခေါင်းစဉ်ဖြင့် The Irrawaddy Burmese Edition အမည်ရှိ Facebook Page ကလည်း ဖေဖော်ဝါရီ ၂၅ ရက်က မဟုတ်မမှန် သတင်းရေးသား ဖြန့်ဝေခဲ့သည်ကိုတွေ့ရှိရပြီး အမှန်မှာတပ်မတော်အတွင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် The Irrawaddy Burmese Edition အမည်ရှိ Facebook Page၏ဖော်ပြမှုသည် တပ်မတော်အတွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရန်၊ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

လင်းလင်း

အမေရိကန်က ယူကရိန်းသို့ စစ်ရေးအကူအညီများရပ်ဆိုင်းလိုက်ခြင်းကငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်စေဟု ပက်စကော့ပြော

နယူးယောက်၊ စစ်ရေး

အမေရိကန်အစိုးရက ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အထောက်အကူပြုခြင်းပင်ဖြစ်သည်ဟု ရုရှားအစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မတ်လ ၄ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို  အမေရိကန်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယူကရိန်းအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်ကြောင်း ပက်စကော့က ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရသည်   ယူကရိန်းနိုင်ငံသို့ လက်နက်ရောင်းချမှုအသစ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ    အမေရိကန်အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ Wall Street Journal ကမတ်လ ၃ ရက်တွင် ဖော်ပြသည်။

ထို့ပြင် အမေရိကန်အစိုးရသည် ၎င်းနိုင်ငံမှထုတ်လုပ်ထားသည့်စစ်လက်နက်များအား ယူကရိန်းသို့ပေးပို့နေခြင်းနှင့်   ယူကရိန်းနှင့်အမေရိကန်တို့ကြား   ထောက်လှမ်းရေးသတင်းဝေမျှခြင်း၊ ယူကရိန်းစစ်သည်များနှင့် လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပါ ရပ်ဆိုင်းရန် စဉ်းစားလျက်ရှိကြောင်း Wall Street Journal ကဆက်လက်ဖော်ပြထားသည်။

ထရမ့်နှင့်အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ယူကရိန်း ပဋိပက္ခအပါအဝင် အမေရိကန်အစိုးရက ပေးအပ်နေသည့်စစ်ရေးအကူအညီများအား ရပ်ဆိုင်းပစ်နိုင်မည့်အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပရန်စီစဉ်ခဲ့သည်ဟု အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Washington Post တွင် ဖော်ပြခဲ့ကြောင်းသိရသည်။

အမေရိကန်အစိုးရက ယူကရိန်းသို့စစ်ရေးအကူအညီပေးအပ်နေခြင်းကို ရပ်ဆိုင်းခဲ့မှုအပေါ် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးကအတည်ပြုထားသည်။

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ထရမ့်သည် အစ္စရေးနိုင်ငံမှအပ အခြားနိုင်ငံများသို့ပေးအပ်သည့် စစ်ရေးအကူအညီများအပါအဝင် ပြည်ပနိုင်ငံများသို့ ပေးအပ်နေသည့်အကူအညီများကိုပါ ရပ်တန့်ပစ်ခဲ့ကြောင်းသိရသည်။   

Source: https://myawady.net.mm/