သတင်းများ

ဆီးရီးယားတပ်ဖွဲ့များနှင့် Assad သစ္စာခံများအကြား တိုက်ပွဲများဖြစ်ပွားပြီး လူပေါင်းများစွာ သေဆုံးခဲ့

ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် လက်ရှိအုပ်ချုပ်သူများနှင့် ဆက်စပ်နေသော တပ်ဖွဲ့များနှင့် သမ္မတဟောင်း Bashar al-Assad ၏ သစ္စာခံ တပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သူပုန်များက Assad ကို ဖြုတ်ချပြီး အစ္စလာမ်မစ် အကူးအပြောင်းအစိုးရကို တည်ထောင်ခဲ့သည့်အချိန်မှစ၍ ဆီးရီးယားတွင် အဆိုးရွားဆုံး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ဗြိတိန်အခြေစိုက် Syrian Observatory for Human Rights က လူပေါင်း ၇၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြား ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဆိပ်ကမ်းမြို့များဖြစ်သည့် Latakia နှင့် Tartous တို့တွင် ညပိုင်းအချိန်တားမြစ်ချက် ထုတ်ပြန်ခဲ့သည်။

Latakia တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်နေစဉ် အစိုးရတပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်မှုခံခဲ့ရပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မတ်လ ၆ ရက်(ကြာသပတေး)နေ့ ညနက်ပိုင်းတွင် ဆီးရီးယားအခြေစိုက် Step သတင်းဌာနက လက်ရှိအစိုးရတပ်ဖွဲ့များသည် ယခင်က အာဏာရှင် စနစ် တပ်ဖွဲ့ဝင် "၇၀ ခန့်" ကို သတ်ဖြတ်ခဲ့ပြီး အခြား ၂၅ ဦးကျော်ကို Jableh နှင့် ပတ်ဝန်းကျင်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

Homs နှင့် Aleppo မြို့များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းများရှိသည်။

ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Hassan Abdul Ghani က Latakia တွင် တိုက်ခိုက်နေသော Assad ၏ သစ္စာခံများအား နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် လက်နက်ချရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အစိုးရအသစ်သည် Assad လက်ထက်တွင် ထုတ်လုပ်ခဲ့သော ကျန်ရှိနေသည့် ဓာတုလက်နက်များကို ဖျက်ဆီးရန် ကတိပြုထားကြောင်း ကမ္ဘာ့ဓာတု လက်နက်များ စောင့်ကြည့်ရေးအဖွဲ့အား ပြောကြားခဲ့သည်။

Assad အစိုးရသည် ပြည်တွင်းစစ် ၁၄ နှစ်အတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း လှုပ်ရှားသူများက ဓာတုလက်နက်များဖြင့် ဒါဇင်နှင့်ချီ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးသော ဗုံးတစ်လုံးကြောင့် ပါရီမြို့ အပြင်ဘက်ရှိ ဘူတာတွင် လန်ဒန်နှင့်မြောက်ပိုင်း ပြင်သစ်သို့သွားမည့် Eurostar ရထားများ ရပ်နားထားရ

ပြင်သစ်နိုင်ငံ၏ လူအသုံးပြုမှုအများဆုံး ဘူတာရုံသို့ သွားရောက်ရာ ရထားလမ်းတွင် ဒုတိယကမ္ဘာစစ်ကာလက မပေါက်ကွဲသေးသော ဗုံး တစ်လုံးကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့ပြီးနောက် လန်ဒန်သို့သွားသော Eurostar ရထားများနှင့် မြောက်ပိုင်း ပြင်သစ်သို့ သွားသော ရထားခရီးစဉ်များအားလုံးကို ရပ်နားထားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က ယင်းနေ့ နံနက် ၄ နာရီတွင် Saint Denis ရှိ ရထားလမ်းလုပ်သားများက ဒုတိယကမ္ဘာစစ်ကာလက ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က CNN သို့ပြောကြားရာတွင် လုံခြုံရေးနယ်နိမိတ်ကို ချက်ချင်းသတ်မှတ်ခဲ့ပြီး Gare du Nord မှ မြို့တွင်းနှင့် ဆင်ခြေဖုံး ရထားလမ်းများကို ရပ်တန့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့၏အဆိုအရ ပါရီမြို့မှ ဗုံးရှင်းလင်းရေးအဖွဲ့မှ နည်းပညာရှင်များက ရှင်းလင်းခဲ့ပြီး SNCF ပြောရေးဆိုခွင့်ရှိသူက ကြီးမားသော ဗုံးတစ်လုံး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ Gare du Nord ဘူတာတွင် နံနက်ခင်းပိုင်းတွင် ယာဉ်အသွားအလာများ ရပ်ဆိုင်းထားခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

Gare du Nord သည် ပြင်သစ်နိုင်ငံမြောက်ပိုင်း နိုင်ငံတကာ ခရီးစဉ်များအပြင် ပါရီမြို့ရှိ အဓိကလေဆိပ်နှင့် ဒေသဆိုင်ရာ ခရီးသွားအများအပြားကို ဝန်ဆောင်မှုပေးသော အဓိက ဥရောပ သယ်ယူပို့ဆောင်ရေး အချက်အခြာ ဖြစ်သည်။

အစ္စရေးစစ်တပ် အကြီးအကဲသစ် စတင်တာဝန်ယူ ရန်သူများကို ပြင်းပြင်း ထန်ထန် ချေမှုန်းမည်ဟု ကတိပြု

အစ္စရေး ကာကွယ်ရေးတပ် (IDF) ၏ ၂၄ ဦးမြောက် အကြီးအကဲအဖြစ် အိုင်ယာ ဇာမီယာက မတ် ၅ ရက်၌ စတင်တာဝန်ယူခဲ့ပြီး အစ္စရေး၏ စစ်မျက်နှာအသီးသီးတွင် ဖွင့်ထားသော စစ်ပွဲကို ဆက်လက်ဆင်နွှဲမည် ဖြစ်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အစ္စရေးအစိုးရက အသက် ၅၉ နှစ်အရွယ် ဇာမီယာအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၆ ရက်၌ အတည်ပြုခဲ့ပြီးနောက် တဲလ်အဗစ်မြို့ရှိ ကီရာယာ စစ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် ကွပ်ကဲမှု တာဝန်လွှဲပြောင်းခြင်း အခမ်းအနားတွင် ၎င်းက ရာထူးတာဝန်သစ်ကို စတင်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်၌ ဟားမက်အဖွဲ့ ဦးဆောင်သော တိုက်ခိုက်မှုအတွင်း အစ္စရေး ပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ဝန်ခံကာ ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်သွားသည့် ဟာဇီဟာလီဗီ၏နေရာကို ၎င်းကဆက်ခံခဲ့ခြင်းဖြစ်သည်။ ဇာမီယာမှာ ၁၉၈၅ ခုနှစ်တွင် စစ်တပ် ထဲသို့ စတင်ဝင်ရောက်ခဲ့ကာ တစ်နှစ်အကြာတွင် တင့်ကားကွပ်ကဲသူဖြစ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ၎င်းအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယစစ်ဦးစီးချုပ် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

ပြင်သစ်သမ္မတ မက်ခရွန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်အား ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်

ပြင်သစ်သမ္မတ Emmanuel Macron က ၎င်း၏ဥရောပမဟာမိတ်နိုင်ငံများကို အကာအကွယ်ပေးရန်အတွက် ပြင်သစ်၏ နျူကလီးယားလက်နက်ကာကွယ်တာဆီးရေးအစီအစဉ်ကိုအသုံးပြုရန် လမ်းဖွင့်ထားကြောင်း ပြောကြားချက်ကို ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်ကို ပြင်သစ် သမ္မတမက်ခရွန်က မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောစဉ်တွင် အဆိုပြုခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင်လည်း ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးအစီအစဉ်ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်၏ ပြောဆိုချက်များသည် နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်(ကြာသပတေးနေ့)တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်သည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်ပြီး ဥရောပတစ်ခွင်လုံး၏ နျူကလီးယားဥသျှောင်ဖြစ်လာရန် ရည်မှန်းချက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်သည် နပိုလီယံကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မက်ခရွန်ထံမှ ရန်လိုသည့်အပြုအမူမျိုးကို မြင်တွေ့ရသည်မှာအလွန်ထူးဆန်းလှကြောင်း၊ ရုရှားကိုအနိုင်ယူလိုသည့် နပိုလီယံကဲ့သို့ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က စွပ်စွဲပြောဆိုခဲ့ပါသည်။

ဥရောပကော်မရှင်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jose Manuel Barroso က “မက်ခရွန်၏ လုပ်ဆောင်ချက်များကို နားလည်ကြောင်း၊ ပြင်သစ်သည် ဥရောပသမဂ္ဂနိုင်ငံများထဲတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံတစ်ခု ဖြစ်ပြီး နျူကလီးယားလက်နက်အန္တရာယ်မှ ကာကွယ်တားဆီးနိုင်သည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ နျူးကလီးယား လက်နက်များသုံးစွဲမှုကို ဆန့်ကျင်သော်လည်းပဲ ယင်းလက်နက်အန္တရာယ်မှ အကာအကွယ်ပေးနိုင်မည့် အာမခံချက် ရှိရန်လည်း လိုအပ်ကြောင်း၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးတစ်ရပ်၌ ဥရောပနိုင်ငံများလုံခြုံရေးအတွက် ယူရို ဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၆၀ ဘီလီယံ)အထိ ထည့်ဝင်သုံးစွဲသွားရန် သဘောတူညီခဲ့ကြကြောင်း၊ ဤသည်မှာ လုံခြုံရေးကဏ္ဍအတွက် ငွေကြေးပိုမိုသုံးစွဲရန်အတွက်အရေးကြီးသည်သာမက ဥရောပနိုင်ငံများအချင်းချင်း သွေးစည်းညီညွတ်ရေးအတွက်လည်း အရေးကြီးသည့် လုပ်ဆောင်ချက်မျိုးပင်ဖြစ်ကြောင်း” မတ်လ (၆)ရက်နေ့က တိုကျိုမြို့၌ NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ဆွေးနွေးပြောကြားခဲ့ပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီကျေးရွာအနီး၌ ပင်လောင်းမှ တပ်ကုန်းသို့ မောင်းနှင်လာသည့် TOYOTA HIACE ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းခင်အေးမိ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅၀) သိမ်းဆည်းရမိခဲ့သဖြင့် မနန်းခင်အေးမိ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီကျေးရွာအနီး၌ ပင်လောင်းမှ တပ်ကုန်းသို့ မောင်းနှင်လာသည့် TOYOTA HIACE ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းခင်အေးမိ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅၀) သိမ်းဆည်းရမိခဲ့သဖြင့် မနန်းခင်အေးမိ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မတ် ၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၌ နိုင်ကိုဦး မောင်းနှင်ပြီး မနန်းကူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၂ ကီလို(တစ်ကီလိုလျှင် သိန်း ၁,၁၀၀  ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁,၃၂၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ၌ စိတ်ပြောင်းဆေးဝါးများ ရောင်းချပေးသူ မနန်းရှဲန်ဟောင်အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် နိုင်ကိုဦး(၂၃)နှစ်၊ မနန်းကူ(၂၂)နှစ်နှင့် မနန်းရှဲန်ဟောင်(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မတ် ၁ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီး၌ ကျလော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ပလတ်စတစ်ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်း ၂၇ ကီလို(တစ်ကီလိုလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၃၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျလော(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm
 
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် သတင်းများဖြန့်ဝေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတစ်ဆင့် အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Source: https://www.moi.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖန်ခါးစမ်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇင်မင်း(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇင်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ ဒိုးဝိုင်းချောင်းကျေးရွာအနီး၌ မျိုးထက်အောင်(ခ)အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇော်ဦး (ခ)မောင်ပြူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ဆိုင်ကယ် နှစ်စီးပေါ်မှ ဘိန်းဖြူ ၁၁ ကီလို(တစ်ကီလိုလျှင် သိန်း ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅,၅၀၀) သိမ်းဆည်းရမိခဲ့သဖြင့် မျိုးထက်အောင်(ခ)အရှည်ကြီး(၃၃)နှစ်နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး(၃၁)နှစ်တို့အာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ ဒိုးဝိုင်းချောင်းကျေးရွာအနီး၌ မျိုးထက်အောင်(ခ)အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇော်ဦး (ခ)မောင်ပြူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ဆိုင်ကယ် နှစ်စီးပေါ်မှ ဘိန်းဖြူ ၁၁ ကီလို(တစ်ကီလိုလျှင် သိန်း ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅,၅၀၀) သိမ်းဆည်းရမိခဲ့သဖြင့် မျိုးထက်အောင်(ခ)အရှည်ကြီး(၃၃)နှစ်နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမားလူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂ ရက် ည ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖာပွန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဦးသာအေး(၈၀)နှစ်သည် ကပ်ကျော်ကျေးရွာအနီးရှိ ၎င်းပိုင်လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးသာအေးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

မတ် ၄ ရက်၌ ကျင်းပသည့် အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီး  အစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ထိရောက်စွာ ဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေးနှင့် ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက်ကြိုးပမ်းမှုများအား  ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၅ ရက်တွင် ပြောကြား ခဲ့သည်။

ပါလက်စတိုင်းသားပြည်သူများ အသိအမှတ်ပြုသော၊ အာရပ်နိုင်ငံများ သဘောတူညီသော စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲရေး အစီအစဉ်များ ကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း လျင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲမှုတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကိုလိုက်နာ၍ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နှင့် အပြန်အလှန်ချိတ်ဆက်ကာ နောက်ဆုံးတွင် ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေး၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးတို့ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ် ၄ ရက်တွင် အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကျင်းပသော အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့ပြီး လွတ်လပ်သောကော်မတီဖွဲ့စည်း၍ ပါလက်စတိုင်း၏ ဂါဇာဒေသအား ယာယီစီမံခန့်ခွဲရန် သဘောတူညီခဲ့ကြကြောင်း အီဂျစ် နိုင်ငံ သမ္မတ အယ်လ်-စီစီက ထိုနေ့ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။ 