သတင်းများ

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၄၅၆ ဦး ထပ်မံ လွှဲပြောင်းပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်တွင် တရုတ်နိုင်ငံသား ၄၅၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလု

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်တွင် တရုတ်နိုင်ငံသား ၄၅၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။
မတ် ၆ ရက်တွင် ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားအများစုသည် မြန်မာနိုင်ငံအတွင်းသို့  တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင်  အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်းခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
 အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်  တာဝန်ရှိသူများက  လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံတာ့ခ်ခရိုင်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Ploen Klinpayom နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး  အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊  အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Source: www.moha.gov.mm

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် မွန်းလွဲ ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဦးတိုရွာသစ်ကျေးရွာနှင့် ဗိုလ်တထောင်ကျေးရွာကြားရှိ မြေနီလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာနေ ဦးခင်မောင်ဝင်း(၅၅)နှစ်သည် ၎င်းနေအိမ်မှ ဆိုင်ကယ်ငှားရန် ထွက်ခွာလာစဉ် ဦးတိုရွာသစ်ကျေးရွာနှင့် ဗိုလ်တထောင်ကျေးရွာကြားရှိ မြေနီလမ်းပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းသန်း(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အလားတူ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သာလိကာ ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်သန်း(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 အလားတူ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျွန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေ(၅၇)နှစ်သည် ၎င်း၏သား ဦးချစ်မင်းသက်(၃၂)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးချစ်မင်းသက်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းဆင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မင်းကွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာ ဦးမျိုးဝင်း(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကနေဒါနိုင်ငံ တိုရွန်တိုရှိ ဘားတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား

ကနေဒါမြို့တော် တိုရွန်တိုရှိ ဘားတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် သံသယရှိသူသုံးဦးသည် လက်ရှိတွင်ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် သောကြာည ၂၂း၃၉ (GMT စနေနေ့ ၀၃း၃၉) တွင် တိုရွန်တိုအရှေ့ပိုင်း Scarborough မြို့လယ်နှင့် နီးသောနေရာ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များက လူခြောက်ဦးသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး အချို့သည် ကြောက်လန့်တကြားပြေးလွှားကြစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာများသည် အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်ကြောင်း ၎င်းတို့က ဆိုသည်။

တိုရွန်တိုရဲတပ်ဖွဲ့က အမျိုးသားသုံးဦးသည် ဘားအတွင်းသို့ ဝင်ရောက်လာကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြပြီး ထွက်ပြေးသွားကြသည်ဟုဆိုသည်။ ပစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး အပူတပြင်း ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

လူဦးရေ သုံးသန်းရှိသော တိုရွန်တိုတွင် လွန်ခဲ့သည့်နှစ်က ပစ်ခတ်မှုများကြောင့် လူ ၄၃ ဦး သေဆုံးခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စာရင်းအင်းဌာန၏ ၂၀၂၁ ခုနှစ် စာရင်းဇယားများအရ ကနေဒါတွင် လက်နက်ဖြင့် သတ်ဖြတ်မှုနှုန်းသည် အမေရိကန်ထက်နည်းပါးပြီး လူ ၁၀၀,၀၀၀ လျှင် ၀.၆ ဦးနှင့် ၄.၅ ဦးအထိ ရှိကြောင်းသိရှိရသည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းသည် NATO အဖွဲ့ဝင်မဟုတ်သော်လည်း ကာကွယ်ရေး အာမခံမှုများ ရရှိသင့်သည်ဟု အီတလီဝန်ကြီးချုပ်ဆို

အီတလီဝန်ကြီးချုပ် Giorgia Meloni က ယူကရိန်းသည် အမေရိကန် ဦးဆောင်သော စစ်ဘက်ဆိုင်ရာအဖွဲ့တွင် တရားဝင်မပါဝင်သော်လည်း NATO အဆင့်လုံခြုံရေးအာမခံချက်များ ရရှိသင့်ကြောင်းအဆိုပြုခဲ့ပြီးဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်ရန် အကြံပြုချက်ကို ပယ်ချခဲ့ကာ ရေရှည်အတွက် ပိုမိုတည်တံ့စေမည့်ဖြေရှင်းနည်းကိုသာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ရုရှားနှင့် ယူကရိန်းအကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကို အမြန်ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် Meloni ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့်လက အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယူကရိန်း၏ နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန်ရည်မှန်းချက်ကို ဆက်လက် လုပ်ဆောင်ရန် မသင့်ကြောင်းဖော်ပြခဲ့ပြီး ယူကရိန်း၏ နေတိုးအဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ကို ငြင်းပယ်ခဲ့သည်။

“NATO နိုင်ငံများ၌ရှိသော အာမခံချက်များကို ယူကရိန်းသို့ ချဲ့ထွင်ပေးခြင်း သည် NATO သို့ ဝင်ရောက်ခြင်းထက် ပိုမိုထိရောက်သော ဖြေရှင်းနည်း ဖြစ်မည်” ဟု Meloni က ဘရပ်ဆဲလ်ရှိ EU ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး၏ ပြင်ပတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သူမက ဤနည်းလမ်းသည် NATO အဖွဲ့ဝင်အဖြစ်နှင့် ကွဲပြားသော်လည်း သိသာထင်ရှားသော လုံခြုံရေးအာမခံချက်များကို ပေးစွမ်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကိုးကား-RT

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးကို စာမေးပွဲဖြေဆိုရန် လုပ်ဆောင်ပေးနေသူ ကျောင်းဆရာ တစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၆ရက်၊ ညနေ ၅နာရီအချိန်ခန့်က စစ်ကိုင်း မြို့နယ်၊ မင်းကွန်းရှေးဟောင်းဒေသ၊ တလိုင်းဆင်ကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ အထက(မင်းကွန်း) မှ ဒုတိယ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်းသည် G-5 နှင့် G-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ၆၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးကို စာမေးပွဲဖြေဆိုရန် လုပ်ဆောင်ပေးနေသူ ကျောင်းဆရာတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၆ရက်၊ ညနေ ၅နာရီအချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရှေးဟောင်းဒေသ၊ တလိုင်းဆင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ အထက(မင်းကွန်း) မှ ဒုတိယ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်းသည် G-5 နှင့် G-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ၆၀ ဦးကို မင်းကွန်းရွာမှ ပယ်ငါးဆယ်ရွာ အထက(ခွဲ) ကျောင်းသို့ စာမေးပွဲကာလ မတ် (၃) ရက်မှ စတင်၍ နေ့စဉ် ပို့ဆောင် ဖြေဆိုမှုအား ပြုလုပ်ပေးနေသည့် ကျောင်းဆရာတစ်ဦး ဖြစ်ကြောင်း သိသည်။

ထိုသို့ ပို့ဆောင်ပေးခြင်းနှင့် ကျောင်းသူ/သား များပညာသင်ကြားခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့ကို အလိုမကျသော PDF အဖွဲ့ကအထက်ပါ ကျေးရွာရှိ ဆရာဦးမျိုးဝင်း၏နေအိမ်သို့ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ကျောင်းဆရာဦးမျိုးဝင်းတွင် ဝမ်းဗိုက်၊တင်ပါးနှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းဆရာပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသူ/သား (၆၀) ဦး သည် မတ် (၇) ရက်နေ့မှစ၍ စာမေးပွဲဖြေဆိုဝံ့ခြင်းမရှိတော့ဘဲ ရှောင်တိမ်းနေကြရကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

သို့သော်လက်ရှိတွင် အဆိုပါကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ပညာရေးမှူးရုံးတို့က စီစဉ်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ် အမှတ် (၂) အလက(ခွဲ) ဝက်လက်ကျောင်းအား PDF အဖွဲ့ Drone ဖြင့် ဗုံးချဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ရသည်။

ကိုးကား-NP News

ဇီလန်စကီး၏ မွေးရပ်မြို့ကို ရုရှားက ဒုံးကျည်ဖြင့်တိုက်ခိုက်

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၏ မွေးရပ်မြို့ရှိ ဟိုတယ်တစ်ခုကို မတ်လ (၅) ရက်နေ့ ညပိုင်းတွင် ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ (၃) ဦး သေဆုံးပြီး (၃၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများ အနက် ထက်ဝက်ခန့်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ ထို့အပြင် အဆိုပါပစ်ခတ် တိုက်ခိုက်မှုကြောင့် (၁၄) ခန်းပါ ဟိုတယ်အဆောက်အဦ (၁) လုံး၊ စာတိုက် (၁) ခု၊ ကားအစီး (၂၀) ကျော် နှင့် ယဉ်ကျေးမှု အဆောက်အဦ (၁) လုံး၊ ဈေးဆိုင် (၁၂) ဆိုင် ပျက်စီးခဲ့ရကြောင်း ယူကရိန်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။

 (၃) နှစ်ကျော်ကြာဖြစ်ပွားနေသည့် စစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိသော်လည်း ရုရှားအနေဖြင့် ယူကရိန်းအား ပစ်ခက်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ 

ကိုးကား-CNA

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု    အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စစ်ရေး

အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိကြောင်း   အမေရိကန်ကာကွယ်ရေးဝန်ကြီး  ပိဟတ်ဆက်က ပြောကြားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံက အမေရိကန်နှင့်မည်သည့် စစ်ပွဲမျိုးကိုမဆို ဆင်နွှဲရန်အသင့်ရှိသည်ဟု အမေရိကန်ရှိ တရုတ်သံရုံးက ပြောကြားခဲ့ပြီးနောက် ပိဟတ်ဆက်က Fox သတင်းဌာနနှင့် မတ်လ ၅ ရက် အစောပိုင်းက လုပ်ဆောင်သည့်  တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အယူအဆအမျိုးမျိုးခံယူထားသည့် ဩဇာအာဏာရှိ နိုင်ငံကြီးများတည်ရှိသော အန္တရာယ်ကြီးမားသည့် ကမ္ဘာကြီးပေါ်တွင် တည်ရှိလျက်ရှိကြောင်း၊ အဆိုပါနိုင်ငံကြီးများသည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ရေးအတွက် ကာကွယ်ရေး အသုံးစရိတ်များတိုးမြှင့်သုံးစွဲ၍ နည်းပညာများကိုလည်း  အဆင့်မြှင့်တင်လျက်ရှိကြောင်း ပိဟတ်ဆက်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့်    အမေရိကန်အနေဖြင့်တရုတ်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံတို့နှင့် ဖြစ်ပွားမည့်စစ်ပွဲကို တားဆီးနိုင်ရေးအတွက် အင်အားတောင့်တင်းရန်လိုအပ်မည်ဖြစ်ပြီးငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တသည့် နိုင်ငံများကလည်း စစ်ပွဲအတွက်အသင့်ပြင်ဆင်ရမည်ဖြစ်သည်ဟု  ၎င်းက တွေ့ဆုံမေးမြန်းခန်းတွင် ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံး၏   အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ်  အခွန်နှစ်ဆတိုးမြှင့်ကောက်ခံမှုကြောင့်  တရုတ်နှင့် အမေရိကန်တို့ကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။                  
Ref: RT

Source: https://myawady.net.mm/

အမေရိကန်စစ်ရေယာဉ်အား အခမဲ့ဖြတ်သန်းခွင့်ပြုရန် ပြောဆိုချက်ကို ပနားမားတူးမြောင်း စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ငြင်းဆို

အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt ၏ အမေရိကန်စစ်ရေယာဉ်အား အခမဲ့ ဖြတ်သန်းခွင့်ပြုထားသည်ဟူသော ပြောဆိုချက်ကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ငြင်းဆိုခဲ့သည်။ (အမေရိကန်သင်္ဘောများ အပါအဝင်) တူးမြောင်းဖြတ်သန်းခကို မည်သည့်ပြင်ဆင်မှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု တူးမြောင်းအာဏာပိုင်အဖွဲ့က အလေးထား ပြောကြားခဲ့သည်။

“အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံက မတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည့် ပြောဆိုချက်နှင့်စပ်လျဉ်းပြီး တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပနားမားတူမြောင်း ဖြတ်သန်းခနှင့် အခြား သက်ဆိုင်ရာစရိတ်များအား ပြင်ဆင်ထားမှု မရှိကြောင်း တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က အလေးထားပြောကြားလိုပါကြောင်း” တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ အလေးထားပြောကြားခဲ့သည်။ Karoline Leavitt က မတ် ၅ ရက်တွင် “ပနားမား တူးမြောင်း (အာဏာပိုင်အဖွဲ့) က အမေရိကန် ရေတပ်စစ်ရေယာဉ်များ တူးမြောင်းကို ဖြတ်သန်းသွားလာ စရိတ်များ ပယ်ဖျက်ပေးလိုက်သည်ကို ကျွန်မတို့ တွေ့မြင်ရပါတယ်။ ဒါက အမေရိကန်အတွက်ပြောရရင် အောင်မြင်မှုတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။ ထိုမတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်အစိုးရသင်္ဘောများသည် ပနားမားတူးမြောင်းအား အခမဲ့ဖြတ်သန်းနိုင်သည်ဟု ပြောကြားခဲ့သည်။ တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါပြောဆိုချက်အား ငြင်းဆိုခဲ့ကြောင်းသိရသည်။

ကိုးကား-ဆင်ဟွာ

လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံမှ ပြစ်တင် ဝေဖန်

အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားရန် စီစဉ် ထားရှိမှုအပေါ် “ရန်သူများအနေဖြင့် ကြီးမားသည့်တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရလိမ့်မယ်” ဟု မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်စဉ် နှစ်နိုင်ငံပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ (၁၇) ရက်နေ့မှစတင်ကာ (၁၁) ရက်ကြာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ပုံဖော်၍ လေ့ကျင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်တို့က မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

 “အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်လုံခြုံရေးကို ပိုမိုဆိုးရွားစေလိမ့်မည်” ဖြစ်ကြောင်း မတ်လ ၇ ရက် တွင် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် KCNA ၏ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု အစီအစဉ်၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)