သတင်းများ

နေပြည်တော်၂၀၂၅ ဖေဖော်ဝါရီလ ၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို ဖေဖော်ဝါရီ()ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်း မြေပြင်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏‌ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်သမားများ တရားမဝင်ခိုအောင်းနေထိုင်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့်ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုများအရ အကြမ်းဖက်သမားများ တရားမဝင် ဝင်ရောက်လာခြင်း၊ ခိုအောင်းနေထိုင်ခြင်းများမရှိစေရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေး မှုမရှိသည့် ပြည်သူများအား အကြောက်တရားများလွှမ်းမိုးစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် အဆိုပါနယ်မြေများအား ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှု လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းအမှားများ ကို လုပ်ကြံရေးသားဖြန်ဝေနေခြင်းသာဖြစ်ကြောင်း  သတင်းရရှိသည်။

Source: Myawady Web Portal

မြန်မာဘက်မှ ကျားဖြန့်လုပ်ငန်းများထံ လျှပ်စစ်မီးပေးထားသည်ကို ဖြတ်တောက်ရေး ဆွေးနွေးမည်

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်ဂိုဏ်းများထံ ပေးထားသည့်လျှပ်စစ်ဓာတ်အား ပြန်လည်ဖြတ်တောက်မှု လုပ်ဆောင်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်တွင် အဓိက ကျသည့် အစည်းအဝေးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင်ကျင်းပမည်ဟု သိရပါသည်။

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် ထိုင်းတော်ဝင် တပ်မတော်၊ နိုင်ငံခြားရေးနှင့်လျှပ်စစ်တာဝန်ရှိသူများ အပါအဝင် ဌာနဆိုင်ရာ အေဂျင်စီ ရှစ်ခုနှင့် လုံခြုံရေးအချက်အလက်များ အကဲဖြတ်ရန်နှင့် ကျားဖြန့်ဂိုဏ်းများဆီသို့ လျှပ်စစ်မီးပေးနေသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပါဝင်ပတ်သက်သူများအားလုံးကို အရေးယူဆောင်ရွက်ရန်လည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲမတိုင်မီ အခြေအနေအပေါ်  Khaosod သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား-Myanmar National Post

မန္တလေးမြို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို လိုက်လံသတ်ဖြတ်နေသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ

မန္တလေးမြို့အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကို လိုက်လံလုပ်ကြံသတ်ဖြတ်နေသည့် အကြမ်းဖက်လူသတ်သမား PDF များကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

လုံခြုံရေးတာဝန်ရှိသူများသည် သက်သေများနှင့်အတူ အကြမ်းဖက် PDF သတင်းအရ ၂-၂-၂၀၂၅ ရက်နေ့ ၂၀:၃၀ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက်၊၁၁၃ လမ်း၊ ၄၈×၄၉ လမ်းကြားရှိ နန်းဝင်းစိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နန်းဝင်းစိုး၊ ၃၈နှစ်၊ (ဘ)ဦးစိုး၊ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူနှင့် မင်းခန့် (ခ)ဂူးဂူး၊ ၂၀နှစ်၊(ဘ) ဦးဝေညွန့်၊ ဆေးသုတ် လုပ်ကိုင်သူ တို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နေထိုင်သော နေအိမ်အတွင်းမှ ၉ မမကျည် ၁တောင့် အား ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါကျည်နှင့်ပတ်သက်၍ နန်းဝင်းစိုးအား စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးနှင့် ပစ္စတိုသေနတ်များအား တစ်ရပ်ကွက် တည်းနေထိုင်သူ အောင်အောင်(ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၀:၄၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃လမ်း၊ ၄၇×၄၈ လမ်းကြားရှိ အောင်အောင် (ခ) အောင်လေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်အောင်(ခ) အောင်လေး၊ ၃၆နှစ်၊ (ဘ) ဦးတင်မောင်မြင့်ထွန်း၊ ဆင်းတုတော် လုပ်ငန်းလုပ်ကိုင်သူအားဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေ အိမ်အတွင်းမှ MG-1 ပလပ်စတစ် လက်ပစ်ဗုံး ၁၁လုံး၊ 91 လက်ပစ်ဗုံး ၁လုံး၊ တရုတ်လက်ပစ်ဗုံး ၁လုံး၊ လက်လုပ်ပစ္စတို ၄လက်၊ LUGER ကျည် ၁၇ တောင့် တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

နန်းဝင်းစိုးအား ဆက်လက်စစ်ဆေးခဲ့ရာ မြိုင်မြို့နယ်နေထိုင်သူ အောင်ခန့်(စိစစ်ဆဲ)နှင့်အတူ သေဆုံးသူရာအိမ်မှူး ဦးဝင်းဦးနှင့် ဒဏ်ရာရရှိသူ သူရိန်ဝင်း(ခ) ပြည်ကြီးတို့ (၂) ဦး အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်းနှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ရန် ကြံစည်နေသူ ဘင်္ဂါလီ ၂ ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ၊ ထရိုင်ပူနာခရိုင်၊ Bishalgarh ခရိုင်ခွဲရှိ Madhupur ရွာထဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်သွားရောက်ရန် ကြံစည်နေသည့် ဘင်္ဂါလီ ၂ ဦးကို Madhupur ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂ရက်က ရုတ်တရက် ဖမ်းဆီးလိုက်ပါသည်။ 

ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက်များအရ အဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် နေထိုင်သူ Md. Rafiq နှင့် Umar Farooq တို့ ဖြစ်ပါသည်။ 

ပဏာမစစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့နှစ်ဦးသည် ဒေလီ၊ ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပလတ်စတစ်စက်ရုံများတွင် အလုပ်သမားများအဖြစ် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ကြောင်းပြီး ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်သွားရန် ကြိုးစားနေချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား-TRIPURATIMES

အီရတ်အလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့

အီရတ်နိုင်ငံအလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအဖွဲ့ဝင်လေးဦးကို  ချေမှုန်းနိုင်ခဲ့ကြောင်း အီရတ်တပ်မတော်က ထုတ်ပြန်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို ဇာဂါဒေသရှိ    စစ်သွေးကြွများပုန်းအောင်းနေသည့်    ပစ်မှတ်တစ်ခုအပေါ် ဇန်နဝါရီလ၃၁ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးဌာနချုပ်နှင့် နီးစပ်သည့် လုံခြုံရေးမီဒီယာတစ်ခုက ထုတ်ပြန်သည့် ကြေညာချက်တွင်   ဖော်ပြထားသည်။

အီရတ်နိုင်ငံ၏ လုံခြုံရေးအခြေအနေများသည်  IS စစ်သွေးကြွအဖွဲ့အား တိုက်ထုတ်နိုင်ခဲ့သည့်   ၂၀၁၇    ခုနှစ်မှစ၍      ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သော်လည်း စစ်သွေးကြွအဖွဲ့မှ အကြွင်းအကျန်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ပြောက်ကျားနည်းဖြင့် တိုက်ခိုက်လျက်ရှိသေးကြောင်း    သိရသည်။

Ref:Xinhua

02 February 2025

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ခင်နွယ်ဌေး(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းအတွင်း လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ခင်နွယ်ဌေးတွင် လက်လုပ်ဗုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၈ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ရွာကြီးကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်နေ ဦးကျော်ရွှေ(၅၈)နှစ်နှင့် မောင်ညီညီဖြိုး(၁၆)နှစ်တို့သည် ဂေါ့ရွာကြီးကျေးရွာအနီး ဒေသအခေါ် ကော့သန်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ဂါဇာမှ ကလေးများကို ဆေးကုသရန် အီဂျစ် ဝင်ခွင့်ပြု

အီဂျစ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ဂါဇာ၏ တောင်ဘက် အစွန်ဆုံး ရာဖာမြို့ရှိ နာမကျန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော ပါလက်စတိုင်း ကလေး ၅၀ ကျော်ကို ဆေးကုသရန်အတွက် အီဂျစ်ဘက်မှ နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ကြောင်း သိရပါသည်။ အီဂျစ်ရုပ်သံလိုင်းတစ်ခု၌ လူနာတင်ကားများစွာ နယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံထဲသို့ ဝင်လာခြင်းကို ပြသခဲ့ပါသည်။

လွန်ခဲ့သော ၉ လခန့်ကတည်းက ပိတ်ထားခဲ့သော နယ်စပ်ဂိတ်ကို ပထမဆုံး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဂါဇာရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အဆို အရ လတ်တလောအရေးပေါ်ကုသရန် လိုအပ်သည့် လူနာ ၁၂,၀၀၀ ကျော်ရှိနေပြီး ပထမအဆင့်အနေဖြင့် ၆,၀၀၀ ခန့်အား ပို့ဆောင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။ ဂါဇာ၌ ဆေးရုံ၊ ဆေးခန်း မရှိသလောက်ဖြစ်သွားသည့်အတွက် အီဂျစ်နိုင်ငံဖက်သို့ သွားရောက်ကုသရခြင်းဖြစ်သည်။ 

အဆိုပါနယ်စပ်ဂိတ်ကို အစ္စရေးစစ်တပ်နှင့် အီဂျစ် စစ်တပ်နှစ်ဖက်လုံးမှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အီတလီက Deep Seek AI ကို ပိတ်ပင်

အီတလီနိုင်ငံက တရုတ် AI Deep Seek အသုံးပြုမှုကို ပထမဆုံး ပိတ်ပင်တားဆီးလိုက်သည့်နိုင်ငံဖြစ်သည်ဟု သိရှိရပါသည်။ 

အီတလီနိုင်ငံသည် နိုင်ငံ၏ အရေးကြီးအချက်အလက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အကြောင်းပြကာ အဆိုပါ App ကို ပိတ်ပင်တားဆီးလိုက်ခြင်းဖြစ်သည်။ 

ဟန်ကျိုးမြို့ အခြေစိုက် Startup Deep Seek Inc. မှ တီထွင်ထားသည့် AI သည် လွန်ခဲ့သည့် သီတင်းပတ်က ထွက်ရှိခဲ့ပြီး App Store တွင် လူကြိုက်အများဆုံး AI App အဖြစ် အမေရိကန်အခြေစိုက် OpenAI ၏ ChatGPT ကို ကျော်ဖြတ်ကာလူစိတ်အဝင်စားဆုံး App တစ်ခုဖြစ်လာခဲ့သည်။ 

Euro consumers က Deep Seek သည် ၎င်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့ ခြင်းကြောင့် အီတလီစောင့်ကြည့်ရေးအဖွဲ့က ကုမ္ပဏီ၏ ဒေတာသိုလှောင်မှု စနစ်များအကြောင်း အသေးစိတ်အချက်အလက်များကို အကြောင်းပြန်ရန် DeepSeek အား ရက် ၂၀အချိန် ပေးခဲ့ကြောင်းသိရှိရပြီး Deep Seek က ဒေတာအသုံးပြုမှုနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ ပြည့်စုံအောင်မပေးနိုင်ခဲ့ဟု အီတလီစောင့်ကြည့်ရေးအဖွဲ့ကဆိုသည်။ 

Deep Seek က အီတလီ အာဏာပိုင်များ၏ တောင်းဆိုချက်များကိုဆန့်ကျင်ပြီး ၎င်းတို့အနေဖြင့် အီတလီနှင့် လက်တွဲရန်အကြောင်းမရှိကြောင်းနှင့်ဥရောပဥပဒေသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကြေညာခဲ့ပါသည်။ Deppseek App အား ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသောလူများက ရက်အနည်းငယ် အချိန်တိုအတွင်း ဒေါင်းလုဒ်လုပ်ခဲ့သည်ဟု သိရှိရပါသည်။

အီတလီအာဏာပိုင်များကလည်း ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိကြောင်းနှင့် အီတလီလူမျိုးသန်းပေါင်းများစွာ၏ အချက်အလက်များသည် အန္တရာယ်ရှိနေနိုင်ကြောင်း ဆိုပါသည်။ 

DeepSeek ၏ ကုန်ကျစရိတ်သက်သာသော AI လုပ်ဆောင်ချက်များသည် အလားတူလုပ်ငန်းတည်ထောင်ထားသော နည်းပညာကုမ္ပဏီကြီးများအား အနှောင့်အယှက်ဖြစ်စေမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြပါသည်။ Deep Seek က ကုန်ကျစရိတ်အနည်းငယ်ဖြင့် AI မျိုးဆက်သစ်များ လုပ်ဆောင်နိုင်သည့်အတွက် လက်တွဲလိုသူများကို ကမ်းလှမ်းထားကြောင်းသိရှိရပါသည်။

ကိုးကား-RT

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ် တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ အနောက်ကန်ဘောင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ မခိုင်ဝေဇော်(၁၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တရုတ်တည်ဆောက်ဟုဆို

တရုတ်နိုင်ငံကအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း အမေရိကန်အရာရှိများ၏ပြောဆိုချက်ကို ကိုးကား၍ FT က  ဇန်နဝါရီလ ၃၁ ရက်တွင်ဖော်ပြသည်။

အဆိုပါစစ်ဌာနချုပ်တွင် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့်   နျူကလီးယားစစ်ပွဲဖြစ်ပွားခဲ့ပါက အကာအကွယ်ယူနိုင်မည့် ဘန်ကာအများအပြားပါဝင်ကြောင်း     ဂြိုဟ်တုမှဖမ်းယူရရှိသည့် ဓာတ်ပုံများက  ဖော်ပြလျက်ရှိကြောင်းသိရသည်။

ထို့ပြင် တရုတ်ကတည်ဆောက်နေသည့် စစ်ဌာနချုပ်တွင် ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် မြေအောက်ထွက်ပေါက်များ အပါအဝင် လျှို့ဝှက်စစ်စခန်းများလည်း ပါဝင်ကြောင်း FT ၏ဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံသည် နည်းပညာ၊ စက်မှုနှင့် စီးပွားရေးနယ်ပယ်တွင် ယခင်ဆိုဗီယက်ယူနီယံက မပိုင်ဆိုင်ခဲ့သည့် စွမ်းအားများကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နှင့် တရုတ်တို့ကြား ပြိုင်ဆိုင်မှုက ၂၁ ရာစု၏လမ်းကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး   မားကို့ရူဘီယိုက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။    

 Ref: Izvestia