မြန်မာဘက်မှ ကျားဖြန့်လုပ်ငန်းများထံ လျှပ်စစ်မီးပေးထားသည်ကို ဖြတ်တောက်ရေး ဆွေးနွေးမည်

News Image

  • မြန်မာဘက်မှ ကျားဖြန့်လုပ်ငန်းများထံ လျှပ်စစ်မီးပေးထားသည်ကို ဖြတ်တောက်ရေး ဆွေးနွေးမည်

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်ဂိုဏ်းများထံ ပေးထားသည့်လျှပ်စစ်ဓာတ်အား ပြန်လည်ဖြတ်တောက်မှု လုပ်ဆောင်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်တွင် အဓိက ကျသည့် အစည်းအဝေးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင်ကျင်းပမည်ဟု သိရပါသည်။

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် ထိုင်းတော်ဝင် တပ်မတော်၊ နိုင်ငံခြားရေးနှင့်လျှပ်စစ်တာဝန်ရှိသူများ အပါအဝင် ဌာနဆိုင်ရာ အေဂျင်စီ ရှစ်ခုနှင့် လုံခြုံရေးအချက်အလက်များ အကဲဖြတ်ရန်နှင့် ကျားဖြန့်ဂိုဏ်းများဆီသို့ လျှပ်စစ်မီးပေးနေသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပါဝင်ပတ်သက်သူများအားလုံးကို အရေးယူဆောင်ရွက်ရန်လည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲမတိုင်မီ အခြေအနေအပေါ်  Khaosod သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား-Myanmar National Post