သတင်းများ

ယူကရိန်းနိုင်ငံအတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ဩစတြေးလျကြေးစားစစ်သားအား ဖမ်းဆီးထား ကြောင်း  ရုရှားက ဩစတြေးလျအစိုးရအားအသိပေး

မော်စကို၊ စစ်ရေး

ယူကရိန်းနိုင်ငံအတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ဩစတြေးလျနိုင်ငံသား ကြေးစားစစ်သားတစ်ဦးအား ဖမ်းဆီးထားပြီး ယခုအချိန်အထိ အသက်ရှင်နေသေးကြောင်း ရုရှားနိုင်ငံကဩစတြေးလျအစိုးရအား အသိပေးထားကြောင်း သိရသည်။

အောစကာဂျန်ကင်အမည်ရှိ   ဩစတြေးလျကြေးစားစစ်သည်အား  ရုရှားပိုင်နက်အတွင်း၌  ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် ၎င်းသည် ပုံမှန်အခြေအနေတွင်ရှိနေကြောင်း ရုရှားသံအမတ် အလက်ဆီပက်လော့စကီက ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် အောစကာဂျန်ကင်သည် ယူကရိန်းဘက်မှ ဝင်ရောက်တိုက်ခိုက်နေရင်း ပြီးခဲ့သည့်နှစ်အတွင်းက ပျောက်ဆုံးသွားခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းအား ရုရှားကဖမ်းဆီးရမိခဲ့ပြီး ၎င်းအားမေးမြန်းထားသည့် ဗီဒီယိုပြကွက်တစ်ခုကို ရုရှားအစိုးရက   ဒီဇင်ဘာလအတွင်း၌ ဖော်ပြခဲ့သည်။

ရုရှားအစိုးရ၏အသိပေးချက်ကို   ဩစတြေးလျနိုင်ငံကလက်ခံရရှိကြောင်း၊ ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍    စုံစမ်းလျက်ရှိကြောင်း ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနိက   ပြောကြားထားသည်။

ရုရှားနိုင်ငံသည် ယူကရိန်းဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့် ပြည်ပနိုင်ငံများမှ ကြေးစားစစ်သား ၇၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းနိုင်ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြီးခဲ့သည့်နှစ်     စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Ref: RT

Source: Myawady Web Portal

နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling) များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်

   နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling)များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

     အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တို့မှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြပါသည်။ 
     အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Online Scam လုပ်ငန်းများသည် ငွေကြေးလိမ်လည်မှုအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်လုပ်ဆောင်လာမှု၊ အခက်အခဲများကြုံတွေ့နေရသော နိုင်ငံခြားသားများကို ကူညီရှာဖွေကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှု၊ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှု၊ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့အပေါ်အခြေခံ၍ အရေးယူဆောင်ရွက်ခြင်းမပြုမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး Online Scam နှင့် Online Gambling တိုက်ဖျက်ရေး ဆောင်ရွက်နေမှု၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံတို့အကြား Shared responsibility ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ်စစ် ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူ သုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများက လုပ်ဆောင်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (Police Cooperation Center) ထူထောင်၍ ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ အဆိုပါနိုင်ငံများအကြား Task Force တစ်ရပ်ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
     ဆက်လက်၍ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုနှင့် ပြည်နှင်လွှဲပြောင်းမှု ဗဟိုကော်မတီအတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် လောင်းကစားမှု(Online Gambling)များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နေမှု၊ အဆိုပါ မှုခင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲဆက်သွယ်ရေးလမ်းကြောင်း အသီးသီးမှတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့များသို့ သတင်းဖလှယ်ဆောင်ရွက်နေမှု၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံအတွင်း အခက်အခဲများ ကြုံတွေ့နေသော နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ 
     ဆက်လက်၍ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြမှုတို့ကို ပြုလုပ်ခဲ့ကြပါသည်။
     ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖြတ်ကျော်မှုခင်းများ၏ သဘောသဘာဝအရ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံတို့အကြား ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် လိုအပ်သဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား Task Force တစ်ရပ် ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များကို လုပ်ငန်းစီမံချက် (Action Plan)နှင့်အညီ အကောင်အထည်ဖော်နိုင်ရန် Stakeholder အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ Action Plan ကို ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကြေညာချက်များ၊ ထုတ်ပြန်ချက်များ၊ မူဝါဒလမ်းညွှန်ချက်များနှင့်ချိန်ညှိရေးဆွဲရေး၊ သက်ဆိုင်ရာအာဏာပိုင်များအကြား၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ဟန်ချက်ညီညီပေါင်းစပ်ညှိနှိုင်းပြီး လိုအပ် ချက်များကို အပြန်အလှန်ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ကြိုးကိုင်သူများကို စိစစ်ဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရန် ဟန်ချက်ညီဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Source: www.moha.gov.mm

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက် သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူး ဦးဝင်းဦး(၅၃)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဦးသူရိန်ဝင်း(ခ)ပြည်ကြီး(၃၅)နှစ်တို့သည် အောင်သာယာရပ်ကွက်၊ ၄၅ လမ်းနှင့် ၁၀၇ လမ်းထောင့်ရှိ “ဗိုလ်” ကွမ်းယာဆိုင်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းဦးနှင့် ဦးသူရိန်ဝင်း (ခ)ပြည်ကြီးတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဦးဝင်းဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ည ၇ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်(မြောက်)ကျေးရွာနှင့် မြလေးချောင်ကျေးရွာကြားရှိ ကျေးရွာချင်းဆက်ကားလမ်းပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရင်းငြိမ် (မြောက်) ကျေးရွာနေ ဦးနိုင်လင်း(ခ)ချက်ရွန်း(၃၀)နှစ်သည် ရင်းငြိမ်(မြောက်)ကျေးရွာမှ မြလေးချောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာချင်းဆက်ကားလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကလေးဝမြို့နယ်၊ ဇီးဒေါင့်ကျေးရွာနေ ဦးထွန်းရှိန်(၇၈)နှစ်နှင့် ဦးမောင်ဝင်း(၇၃)နှစ်တို့သည် ၎င်းတို့၏နေအိမ်မှ ကျေးရွာအပြင်ဘက်သို့ ထွက်ခွာလာစဉ် ကျေးရွာ၏အရှေ့ဘက် လေးဖာလုံခန့်အကွာ ဒေသအခေါ် ဝဲကြီးရပ်ကွက်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဥရောပအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲကြရန် ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

ဂျာမနီဝန်ကြီးချုပ် Olaf Scholz သည် ဥရောပ နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်၍ နေတိုး၏ ဥရောပအခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရန် တိုက်တွန်းလိုက်ပါသည်။ 

“နေတိုး၏ ဥရောပအခန်းကဏ္ဍကို အားကောင်းစေရန် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်သုံးစွဲကြရန် သဘောတူပါကြောင်း၊ ဥရောပအနေဖြင့် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် လွယ်ကူစေမည့် စည်းမျဉ်းများ ချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ဇန်နဝါရီ ၂၉ ရက် တွင် ဘောလ်တစ်ပင်လယ်ရေအောက်က ကေဘယ်လ်တစ်ခု ပျက်စီးသွားသည့်သတင်းများ ထွက်ပေါ်လာပါကြောင်း၊ ဤသည်မှာ ရုရှား၏ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြသနေခြင်းဖြစ်ပါကြောင်း၊ ဥရောပအနေဖြင့် ပိုမိုအားကောင်းသည့် ကာကွယ်ရေးလုပ်ငန်းများတည်ဆောက်ရန်အတွက် လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်မည့် ညီလာခံတွင် ဆွေးနွေးရန် ရှိပါကြောင်း”  ဘာလင်တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျာမနီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ 

နေတိုးမဟာမိတ်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းသာ ရှိသဖြင့် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲကြရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြုပြောကြားထားပါသည်။ 

နေတိုး၏ မူဝါဒမှာ ဥရောပတွင် တင်းမာမှုများတိုးမြင့်လာကာ ရုရှားနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို တိုးလာစေသည်ဟု မော်စကိုဘက်ကလည်း ထပ်ခါတလဲလဲပြောဆိုထားပါသည်။

ကိုးကား-TASS

ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုကို ဩစတြေးလျ ဖော်ထုတ်

ဆစ်ဒနီ၊ အကြမ်းဖက်မှု

ဩစတြေးလျနိုင်ငံရှိ ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားလုပ်ဆောင်မည့် အကြမ်းဖက်မှုတစ်ရပ်ကို  ဖော်ထုတ်နိုင်ခဲ့ကြောင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၉  ရက်တွင်ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများထည့်သွင်းတင်ဆောင်ထားသည့် လူနေထိုင်နိုင်သည့် မော်တော်ယာဉ်တစ်စီးအား ရှာဖွေတွေ့ရှိပြီးနောက်အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် အဆိုပါမော်တော်ယာဉ်ကို ဆစ်ဒနီမြို့ အနောက် မြောက်ဘက်  ၃၆  ကီလိုမီတာအကွာရှိ ဒူရယ်ဒေသ၌ ဇန်နဝါရီလ ၁၉ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ဖမ်းဆီးမှုများကို ရဲတပ်ဖွဲ့က လုပ်ဆောင်ထားပြီးဖြစ်သော်လည်း အသေးစိတ်ကိုဖော်ပြထားခြင်းမရှိပေ။

ယခုအခါ အဆိုပါတိုက်ခိုက်ရန်ကြံစည်မှုအား ပြည်နယ်နှင့် ဗဟိုရဲတပ်ဖွဲ့များပါဝင်သည့်   အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှုစစ်ဆင်ရေးအဖြစ် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဩစတြေးလျနိုင်ငံတွင် မကြာမီလပိုင်းအတွင်းကလည်း ဂျူး၊ အာရပ်နှင့် အာဆီးရီးယန်းမျိုးနွယ်ဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

DeepSeek မိတ်ဆက်မှုအပေါ် အမေရိကန်မည်သို့ သဘောထားသလဲ?

တရုတ်နိုင်ငံထုတ် AI chatbot (DeepSeek) လူသုံးများလာမှုကြောင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်အတွင်းရေးမှူး Karoline က ကြေညာပြောကြားခဲ့ပါသည်။ 

လုံခြုံရေးနှင့်ကျင့်ဝတ်ကို ထိန်းသိမ်းကာကွယ်နိုင်သည့်အနေဖြင့် အမေရိကန်ရေတပ်က အဖွဲ့ဝင်များအား DeepSeek သုံးစွဲခြင်းမပြုရန် တားမြစ်ပြီးနောက် ယခု ကဲ့သို့ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ChatGPT နှင့် OpenAI ပိုင်ရှင်များက ပြိုင်ဖက်ကုမ္ပဏီက ၎င်းတို့၏ နည်းပညာကို ခိုးယူတုပမည့် အန္တရာယ်မှ ကာကွယ်ရန် အမေရိကန် အစိုးရနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ယခုရက်သတ္တပတ်အစောပိုင်းတွင် စတင် မိတ်ဆက်ခဲ့သည့် DeepSeekသည် ဈေးနှုန်းချိုသာသောကြောင့် အမေရိကန်နည်းပညာကုမ္ပဏီများ၏ စတော့ရှယ်ယာများ ကျဆင်းခဲ့ပါသည်။ 

ထိုကိစ္စနှင့်စပ်လျဉ်း၍ “အမေရိကန်နည်းပညာလောကအတွက် သတင်းထူးဖြစ်သော်လည်း အမေရိကန်သည် နည်းပညာတွင် ထိပ်တန်းနေရာ၌ ဆက်လက် တည်ရှိနေမည်ဖြစ်သည့်အတွက် စိုးရိမ်မှုမရှိပါ” ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား -BBC

(Trump ၏ Greenland အပေါ်သိမ်းပိုက်လိုမှု ဖြစ်နိုင်ခြေ အား Deepseek testing result ဖြစ်ပါသည်။) ဥပမာ ဖြင့် ဖော်ပြသွားပါမည်။

Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်၏ဒီဇိုင်းကို ရက်ပေါင်း ၆၀ အတွင်းပြင်ဆင်ရန် ထရမ့်က ကာကွယ်ရေးဝန်ကြီးအား ညွှန်ကြား

Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု၏ဒီဇိုင်းကို ရက်ပေါင်း ၆၀ အတွင်းပြင်ဆင်၍ ပြန်လည်တင်ပြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်အား ညွှန်ကြားလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဟက်ဆက်အနေဖြင့် အမိန့်ကြေညာစာထွက်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား ဒီဇိုင်းရေးဆွဲမည့် အစီအစဉ်၊  စွမ်းဆောင်ရည်အခြေပြုလိုအပ်ချက်များကို သမ္မတထရမ့်ထံသို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။

ဒုံးကျည်ကာကွယ်ရေးစနစ်အား ဒီဇိုင်းရေးဆွဲထုတ်လုပ်ရာတွင် ပဲ့ထိန်းဒုံးကျည်များ၊ အသံထက်မြန်ဒုံးကျည်နှင့် နည်းပညာမြင့် ခရုဒုံးကျည်များအား အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ်က  ကာကွယ်နိုင်မှု၊ ဒုံးကျည်ကာကွယ်ရေးစနစ်၏ အသံထက်မြန်ဒုံးကျည်နှင့်  အာကာသအခြေပြု ထောက်လှမ်းရေး  အာရုံခံစနစ်များ ဖြန့်ကြက်နိုင်မှုနှင့်   ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်သည့် အာကာသအခြေပြု ကြားဖြတ်ဟန့်တားရေးစနစ်များအား  ထုတ်လုပ်ဖြန့်ကြက်နိုင်မှုတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထရမ့်သည်   ယခင်ကလည်း Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ကြက်ရန်   အမိန့်ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။                             

  Ref: Sputnik

ဂရင်းလန်းကျွန်းလုံခြုံရေးအတွက် ဒိန်းမတ်က ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံအသုံးပြုမည်

ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းကျွန်းလုံခြုံရေးအတွက် ခရိုနာ ၁၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံ)  အသုံးပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ထရိုးအယ်လန်း ပေါဆင်က ပြောသည်။

ယခုအခါ အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးအရ   စိန်ခေါ်မှုများထွက်ပေါ်လာခြင်းကြောင့် ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်း၏လုံခြုံရေးကို တိုးမြှင့်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပေါဆင်က ဇန်နဝါရီလ ၂၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်း၍ စည်းလုံးညီညွတ်မှုကိုတိုးမြှင့်နိုင်ရန်အတွက် ပြင်သစ်၊ ဂျာမနီအပါအဝင်  နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံမည်ဟု ဒိန်းမတ်ဝန်ကြီးချုပ်  မက်ဖရက်ရစ်ဆင်က ပြောကြားပြီးနောက် ကာကွယ်ရေးဝန်ကြီး    ပေါဆင်၏ပြောဆိုချက်ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ဒိန်းမတ်နိုင်ငံသည် အာတိတ်ဒေသနှင့်မြောက်အတ္တလန္တိတ်ဒေသရှိ နိုင်ငံ၏နယ်မြေပေါင်းစည်းရေးကို ကာကွယ်ရန်အတွက် ရေယာဉ်သစ်များ၊ ဒရုန်းများ၊ ထောက်လှမ်းရေးစွမ်းရည်ကို တိုးမြှင့်နိုင်မည့် ဂြိုဟ်တုဆက်သွယ်ရေးကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂရင်းလန်းသည်    ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ကနေဒါ၊ ရုရှားနှင့် ဥရောပဒေသတို့ကြားရှိ အရင်းအမြစ်ကြွယ်ဝသည့် ကမ္ဘာ့အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။

Ref: Sputnik, DW

အမေရိကန်ပြည်ထောင်စုသည် အစ္စရေးမှတစ်ဆင့် ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည် အစင်း ၉၀ လွှဲပြောင်းပေး

အမေရိကန်ပြည်ထောင်စုသည် အစ္စရေးမှတစ်ဆင့် ယူကရိန်းနိုင်ငံသို့ Patriot ဒုံးကျည် အစင်း ၉၀ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဒုံးကျည်များကို ဧပြီလတွင် အစ္စရေးတွင် ဖျက်သိမ်းခဲ့ပြီး ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ရန် ယခု သီတင်းပတ်တွင် ပိုလန်အရှေ့ပိုင်းသို့ လွှဲပြောင်းပေးခဲ့ ကြောင်း Axios သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ကိုးကား - RT