ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ ကမ်းခြေစောင့်တပ်နှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း အရာရှိများသည် ရေကြောင်းတရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြကြောင်း မနီလာရှိ အမေရိကန်သံရုံးထုတ်ပြန်ချက် အရသိရှိရပါသည်။

ဇန်နဝါရီ ၁၃ မှ ၂၄ အထိ ၂ ပတ်ခန့်ကြာမြင့်သည့် အဆိုပါ ပူးတွဲလေ့ကျင့်မှုကို ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ် တက်ရောက်တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းဆိုင်ရာ နည်းစနစ်ပိုင်းများကို လေ့ကျင့်ခဲ့ကြကြောင်း၊ တရုတ်နှင့် ရေပိုင်နက်ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သဖြင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။
မဟာဗျူဟာကျသော ရေလမ်းကြောင်းတွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ မကြာခဏဆိုသလို ထိတွေ့ တင်းမာမှုများ ဖြစ်ပွားလေ့ရှိပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားရေယာဉ်တို့မှာလည်း အလားတူဖြစ်စဉ် ကြုံတွေ့ရလေ့ရှိပါသည်။
“မိမိတို့၏ ရေပိုင်နက်အချုပ်အခြာအာဏာ ငြိမ်းချမ်း၍ လုံခြုံမှုရှိပြီး သာယာဝပြောသည့်ဇုန်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး လက်တွဲပူးပေါင်းသွားရန် ထပ်လောင်း ကတိကဝတ်ပြုပြောကြားပါကြောင်း” ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ခရိုင်တပ်မှူး Rejard V Marfe က ပြောကြားထားကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-CNA
Photo: ABS-CBN

ဒိန်းမတ်သည် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဖြစ်သည့် ဂရင်းလန်းကျွန်းနှင့် Faroe ကျွန်းစုတို့နှင့် ပူးပေါင်း၍ အာတိတ်ဒေသလုံခြုံရေးကို အဆင့်မြှင့်တင်ရန် ခရိုနာ ၁၄.၆ ဘီလီယံ (ဒေါ်လာ ၂.၀၅ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွင် အာတိတ်သင်္ဘောသစ် ၃ စင်းနှင့် အဆင့်မြင့် ရုပ်ပုံဖမ်းနိုင်စွမ်းနှင့် ပိုမိုအားကောင်းသော ဂြိုလ်တုစွမ်းရည်ပါရှိသည့် တာဝေးပစ်ဒရုန်းများ ပါဝင်ပါသည်။

အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်တို့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ပြောကြားထားပါသည်။
ကျယ်ပြောလှသည့်ပိုင်နက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော်လည်း ဒိန်းမတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် ကျန်ရှိနေသည့် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်လိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထပ်ခါတလဲလဲ ပြောကြားပြီးနောက် ယခုကဲ့သို့ အာတိတ်ဒေသလုံခြုံရေးတိုးမြှင့်ရန် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကိုးကား-BBC

ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံအများအပြားသည် ၎င်းတို့၏စစ်လက်နက် ပစ္စည်းသိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများ မြင့်တက်လာခဲ့ပြီး အမေရိကန်၏လက်နက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကန်၏ လက်နက်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၁၈ ဒသမ ၇) ဘီလျံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၂၉) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု သိရပါသည်။ အမေရိကန်ကုမ္ပဏီများ၏ စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ရောင်းချမှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၅) ဘီလျံရရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ (၂၀၀ ဒသမ ၈) ဘီလျံထိ မြင့်တက်လာခဲ့သည်ဟု အချက်အလက်များအရ သိရပါသည်။
အမေရိကန်အစိုးရမှစီစဉ်ပေးသည့် စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၉) ဘီလျံထိမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ(၈၀ ဒသမ ၉)ဘီလျံ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ ဥရောပနိုင်ငံများသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသည့်နိုင်ငံများထဲ၌ ပါဝင်ခဲ့ပြီး ရောင်းချမှု၌ ရိုမေးနီးယားနိုင်ငံအတွက် အမေရိကန် ဒေါ်လာ(၇ ဒသမ ၂)ဘီလျံတန်ဖိုးရှိ F-35 တိုက် လေယာဉ်များ၊ ဂျာမနီအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ဒုံးကျည်များအပြင် နော်ဝေး၊ ပိုလန်၊ စပိန်၊ ဩစတြီးယားနှင့် အခြားနိုင်ငံများအတွက် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် သံချပ်ကာယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုတွင် အစ္စရေးနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁၈ ဒသမ ၈) ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ပါဝင်ကြောင်းလည်း သိရှိရသည်။
ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစတင်ကာ အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အဆမတန်တိုးလာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူ အများအပြားက မှတ်ချက်ပြုပြောဆိုခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းရောင်းချမှု စုစုပေါင်း၏ (၄၂) ရာခိုင်နှုန်းခန့်ရှိကြောင်း Stockholm International Peace Research Institute က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။
ကိုးကား-NP News

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းမှုအတွင်းမက္ကဆီကန်ဂိုဏ်းဝင်များဟု သံသယရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော သီတင်းပတ်က မက္ကဆီကိုနယ်စပ်တွင် အမျိုးသားအဆင့် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံအတွင်းရှိ သန်းနှင့်ချီသော တရားမဝင် ဝင်ရောက်နေထိုင်သူများကို နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် နယ်စပ်ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခဲ့သည်။

Fronton (Texas) အနီးတွင် ကင်းလှည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို မြစ်ကိုဖြတ်၍ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် သေနတ်သမားများကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Fox News သတင်းထောက် Bills Melugin က ဇန်နဝါရီ ၂၇ ရက်နေ့က ဖော်ပြခဲ့ပါသည်။
ကိုးကား-RT

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ စာတိုက်တကာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကျော်ထွန်း(၄၂)နှစ်နှင့် ဦးဇော်ဇော်အောင်(၃၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

28 January 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်ဝင်း(၆၂)နှစ်၊ ဒေါ်ဥမ္မာခိုင်(၄၀)နှစ်၊ ဒေါ်မယ်သီ(၃၉)နှစ်နှင့် မကြယ်စင်ဖြိုး (၁၂)နှစ်တို့သည် ကျေးရွာ၏အနောက်မြောက်ဘက် ခြောက်ဖာလုံခန့်အကွာရှိ ကွမ်းခြံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာစဉ် ဒေသအခေါ် သဲချောင်းအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့လေးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ကျေးရွာရှိ ကျေးလက်ဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “အေးမေတ္တာ” အထူးကုဆေးခန်း၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ ပိဿနိုးကျေးရွာနေ ဦးဝေလင်းအောင်(ခ)ညီညီအောင်(၄၀)နှစ်သည် ရှမ်းမြောင်းကျေးရွာမှ ပိဿနိုးကျေးရွာသို့ ပြန်လာစဉ် ရှမ်းမြောင်းကျေးရွာရှိ ဒေသအခေါ် ရေကျော်တံတားအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာနေ မင်းထက်(၁၆)နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေသူများဖြစ်ကြသည့် ချမ်းမြေ့အောင်(ခ)ငချမ်း(၁၈)နှစ်၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်(၁၈)နှစ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ)အောင်ကျော် (၂၁)နှစ်တို့ လေးဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၆၀ လမ်းရှိ Blue Moon ဘီယာဆိုင်၌လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူများဖြစ်ကြသော အောင်ကိုမင်း(၂၁)နှစ်နှင့် အောင်သူကျော်(ခ)ကိုချစ်(၁၈)နှစ်တို့ နှစ်ဦးအား မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၉ လမ်းနှင့် ၁၃၀ လမ်းကြား၊ ၅၄ လမ်းရှိ အအေးဆိုင်၌လည်းကောင်း၊ ၎င်းတို့ လုယက်ယူဆောင်ထားသည့် CANDA CZI အမျိုးအစား ဆိုင်ကယ် တစ်စီး၊ HONDA Click 2018-125 အမျိုးအစား ဆိုင်ကယ် တစ်စီး၊ Cyclone YUNDE-110 အမျိုးအစား ဆိုင်ကယ် တစ်စီးတို့နှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိတရားခံ မင်းထက်ပါ ခြောက်ဦးတို့သည် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆိုင်ကယ်လုယက်မှု နှစ်ကြိမ်၊ စက်တင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ အောက်တိုဘာလအတွင်း ဆိုင်ကယ်လုယက်မှု ခြောက်ကြိမ်၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်မှုပေါင်း ၂၁ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ကနဦးဖော်ထုတ်သိရှိရပြီး လုယက်မှုကျူးလွန်ရာမှရရှိသည့် ဆိုင်ကယ်များအား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်နေ ဇော်ထက် (ခ)ဝက်စုတ်(စိစစ်ဆဲ)နှင့် မြစ်ငယ်မြို့နယ်နေ ကုလားကြီး(စိစစ်ဆဲ)တို့ နှစ်ဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုခေါ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုများမှ သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းရမိနိုင်ရေးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးရန်ကျန်တရားခံ နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ ထပ်မံကျူးလွန်ထားသည့် ပြစ်မှုများရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် ဖမ်းဆီးရမိတရားခံ မင်းထက်၊ ချမ်းမြေ့အောင်(ခ)ငချမ်း၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ)အောင်ကျော်၊ အောင်ကိုမင်း၊ အောင်သူကျော်(ခ)ကိုချစ်တို့ ခြောက်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီးတို့ နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အလားတူဒုစရိုက်မှုများ မဖြစ်ပွားစေရေးနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်းများအား တွေ့ရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ပဲရစ်၊ အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု
IS စစ်သွေးကြွအဖွဲ့ဝင်များ အပါအဝင် အကြမ်းဖက်သမား ၃၇ ဦးအား အရှေ့အာဖရိက ဒေသတစ်ဝန်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အင်တာပိုအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
အင်တာပိုအဖွဲ့သည် စစ်သွေးကြွအဖွဲ့မှ အကြမ်းဖက်သမားများအား အာဖရိကဒေသလုံးဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာပိုအဖွဲ့သည် အာဖရိကတွင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်း ကင်ညာနိုင်ငံမှ နှစ်ဦး၊ မိုဇမ်ဘစ်နှင့်တန်ဇန်းနီးယားနိုင်ငံများတွင် တစ်ဦးစီ ဖမ်းဆီးရမိခဲ့ပြီး အခြားအကြမ်းဖက်သမားများကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်တိုက်ဖျက်မှုတွင် ယခုကဲ့သို့ အပြုသဘောဆောင်သည့် ရလဒ်ထွက်ပေါ်လာခြင်းသည် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းအား ကိုဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အင်တာပိုမှ ဆီရေးဂေါက်က ပြောကြားခဲ့သည်။
Source: Myawady Web Portal

မော်ရိုကိုနိုင်ငံတွင် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို အာဏာပိုင်အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ထောက်လှမ်းရေး ဗျူရိုက ဇန်နဝါရီလ၂၆ ရက်တွင် ထုတ်ပြန်သည်။
မော်ရိုကိုအထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ပြီးနောက် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သူလေးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အထူးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ဘာရီချစ်ပြည်နယ်အတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုရန်စီစဉ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့် ဓာတုပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်သည်များသည် မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေးခြင်းခံခဲ့ရကြောင်း ဗြိတိန်မှရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်တစ်ဦးက Sputnik သတင်းဌာနသို့ပြောသည်။

ယူကရိန်းစစ်သည်များသည် မြောက်ယော့ရှိုင်းယားရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် မြို့ပြစစ်ပွဲနှင့်သက်ဆိုင်သည့် လေ့ကျင့်မှုများကို ဘာသာပြန်မှတစ်ဆင့် ဗြိတိန်စစ်ရေးလေ့ကျင့်သင်ကြားပေးသူများ၏ ညွှန်ကြားချက်အတိုင်းသင်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်သည်များအားကာ့ဒေသရှိ ဆွစ်ဇာမြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်က ဆက်ပြောသည်။
ထို့ပြင် ရုရှားနိုင်ငံအတွင်းရှိ ကာ့ဒေသသို့ ကျူးကျော်တိုက်ခိုက်မည့်အစီအစဉ်ကို အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကSputnik သတင်းဌာနသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောကြားခြင်းဖြစ်သည်။
Sputnik သတင်းဌာနသည် ယူကရိန်းစစ်သည်များအား စစ်ရေးနည်းပြများက ဗြိတိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားပေးနေသည့် ဗီဒီယိုပြကွက်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ်ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။