အီရတ်အလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့

News Image

  • အီရတ်အလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့

အီရတ်နိုင်ငံအလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွအဖွဲ့ဝင်လေးဦးကို  ချေမှုန်းနိုင်ခဲ့ကြောင်း အီရတ်တပ်မတော်က ထုတ်ပြန်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို ဇာဂါဒေသရှိ    စစ်သွေးကြွများပုန်းအောင်းနေသည့်    ပစ်မှတ်တစ်ခုအပေါ် ဇန်နဝါရီလ၃၁ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးဌာနချုပ်နှင့် နီးစပ်သည့် လုံခြုံရေးမီဒီယာတစ်ခုက ထုတ်ပြန်သည့် ကြေညာချက်တွင်   ဖော်ပြထားသည်။

အီရတ်နိုင်ငံ၏ လုံခြုံရေးအခြေအနေများသည်  IS စစ်သွေးကြွအဖွဲ့အား တိုက်ထုတ်နိုင်ခဲ့သည့်   ၂၀၁၇    ခုနှစ်မှစ၍      ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သော်လည်း စစ်သွေးကြွအဖွဲ့မှ အကြွင်းအကျန်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ပြောက်ကျားနည်းဖြင့် တိုက်ခိုက်လျက်ရှိသေးကြောင်း    သိရသည်။

Ref:Xinhua

Source: Myawady Web Portal