သတင်းများ

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါ သည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မြောင်းဦးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်(၅၂)နှစ်နှင့် တစ်ရွာတည်းနေ ဦးအောင်မျိုးဝင်း(၅၀)နှစ်တို့သည် ၎င်းတို့၏နေအိမ်များ၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ဆီးရီးယားမြောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံး

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မော်တော်ကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဆီးရီးယား ယာယီအစိုးရက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချခဲ့ပါသည်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနနှင့် ယာယီအစိုးရတို့၏ ကြေညာချက်များအရ အဆိုပါကားသည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံမြောက်ပိုင်း Manbij မြို့၏ ဆင်ခြေဖုံးနေရာ၌ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူများ ကြောင်း သိရှိရပါသည်။

ထိခိုက်သူအများစုသည် အမျိုးသမီး စိုက်ပျိုးရေး လုပ်သားများဖြစ်သည်ဟု လုံခြုံရေးအရာရှိများက ဆိုပါသည်။ Manbij သည် ဆီးရီးယားမြောက်ပိုင်း၌ ကာ့ဒ်လူမျိုးများ ဦးဆောင်သည့် တပ်ဖွဲ့များနှင့် တူရကီကျောထောက် နောက်ခံပေးထားသည့် အုပ်စုများအကြား အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော နေရာများအနက် တစ်ခုဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား တူရကီလိုလားသော အစုအဖွဲ့များက ထိန်းချုပ်ထားသည်ဟု ဆီးရီးယား၏ အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း ကားတစ်စီး ပေါက်ကွဲ ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့က ပြောပါသည်။

ယခုနောက်ဆုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘဲ ဤဖြစ်စဉ်သည် သမ္မတ Bashar al-Assad အစိုးရဖြုတ်ချခံရပြီးနောက်ပိုင်း ဆီးရီးယား၌ အသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် ပေါက်ကွဲမှုဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။

ဆီးရီးယားယာယီအစိုးရက နိုင်ငံကို တစုတစည်းတည်းဖြစ်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံသည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ တိုက်ခိုက်မှုများကြောင့် မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပါသည်။

ကိုးကား-NHK World

နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ပိုမို မြန်ဆန်နိုင်မည့်နည်းလမ်းများ အီရန် အသုံးပြုလျက်ရှိ ဟုဆို

အီရန်သိပ္ပံပညာရှင်များသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ပိုမိုမြန်ဆန်သောနည်းလမ်းကို လုပ်ဆောင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ New York Times က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အစီရင်ခံစာအရ တီဟီရန်အခြေစိုက် သိပ္ပံပညာရှင်များ၏ လျှို့ဝှက် အဖွဲ့တစ်ဖွဲ့သည် အမေရိကန် သို့မဟုတ် အစ္စရေးတို့၏ စစ်ရေးလုပ်ဆောင်မှုကို ဟန့်တားရန်အတွက် အဏုမြူ ဗုံးထုတ်လုပ်ရန် နည်းလမ်းသစ်ရှာဖွေရန် တာဝန်ပေးအပ်ခံထားရပြီး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

အီရန်သည် နျူကလီးယားလက်နက်ထိန်းချုပ်မှု အစီအစဉ်အောက်၌ ရှိနေသော်လည်း ဆီးရီးယားသမ္မတဟောင်း Bashar Assad ကျဆုံးခြင်းနှင့် အစ္စရေး၏ စစ်ဆင်ရေး လုပ်ဆောင်မှုများအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ အင်အားနည်းသွားခြင်းအပါအဝင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဒေသတွင်းအခြေအနေများသည် တီဟီရန်၏ နျူကလီးယားလှုပ်ရှားမှုများကို အရှိန်မြှင့်ရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက NYT သို့ ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အီရန်၏နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုများပြုလုပ်ရန် ကြိမ်ဖန်များစွာ စဉ်းစားလျက်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း၎င်း၏အကြံပေးများနှင့် ဝါရှင်တန်တို့က ကန့်ကွက်ခဲ့ကြကြောင်းသိရှိရပါသည်။

ကိုးကား-RT

ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့် အခြားနည်းပညာပစ္စည်းများတွင် DeepSeek အသုံးပြုခွင့် ပိတ်ပင်

နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့်နည်းပညာပစ္စည်းများ အားလုံးတွင် တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း ဩစတေးလျ အစိုးရက ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြား လိုက်ပါသည်။

“DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် တပ်ဆင်ခြင်းအား တားမြစ်ရန်နှင့် DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသော အစိုးရဌာနများ၏ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများအားလုံးမှ ဖယ်ရှားပစ်ရန်” ပြည်ထဲရေးဝန်ကြီးက အစိုးရဌာနများအားလုံး လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

DeepSeek သည် အစိုးရအဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ ကြီးမားသောအန္တရာယ်ဖြစ်ပြီး ယခုကဲ့သို့ DeepSeek အသုံးပြုခွင့်အား ရုတ်တရက် ပိတ်ပင်ရခြင်းမှာ ဩစတြေးလျနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ဖော်ပြထားသည်။

ထိုပိတ်ပင်မှုမှာ ဩစတေးလျနိုင်ငံသားများပိုင် နည်းပညာပစ္စည်းများနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

ကိုးကား-Reuters

Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို ဘယ်လာရုစ် တွင် တပ်ဆင်မည်

ရုရှားနိုင်ငံသည် Oreshnik ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ဘယ်လာရုစ်နိုင်ငံတွင် တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း၊ နှစ်နိုင်ငံသမ္မတများ၏ ပူးပေါင်းကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များနှင့် လုံခြုံရေးအယူအဆအရဖြစ်ကြောင်း၊  Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များ တပ်ဆင်မှုသည် အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက်ပို့ဆောင်မှုများနှင့် ရုရှားနိုင်ငံ၏ နယ်မြေများပေါ်တွင် ဒုံးကျည်တိုက်ခိုက်မှုများအပေါ် တုံ့ပြန်ရန်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒါရိုက်တာ Alexey Polishchuk က ဖေဖော်ဝါရီ ၄ ရက် (အင်္ဂါနေ့) တွင် ပြောပြထားပါသည်။

ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်က နိုင်ငံနယ်နိမိတ် အနီးဆုံးမြို့ဖြစ်သည့် Smolensk တွင် Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်စနစ်များ တပ်ဆင်ရန် စိတ်ဝင်စားမှုကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြောကြားထားပါသည်။

ကိုးကား-TASS 

Photo: Reuters

ထရမ့် အဆိုပြုသည့် စစ်သုံးစရိတ် ၅ ရာခိုင်နှုန်း အီတလီ မပေးနိုင်

အီတလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် အန်တိုနီယို တာဂျာနီက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် အကြံပြုထားသည့် စစ်ရေးအသုံးစရိတ်ကို နိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန်မှာ အီတလီ အနေဖြင့် ပြင်ဆင်ထားခြင်း မရှိပါကြောင်း ပြောကြား လိုက်ပါသည်။ 

အီတလီသည် နေတိုးစစ်ရေးအသုံးစရိတ်အတွက် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ကို ရောက်ရှိရန် ရည်မှန်းထားသော်လည်း   ၅ ရာခိုင်နှုန်း အထိ တိုးမြှင့် ခြင်းမှာ မဖြစ်နိုင်ကြောင်း Corriere della Sera သတင်းစာနှင့် အင်တာဗျူးတွင် တာဂျာနီက အလေး အနက် ပြောကြားခဲ့သည်။ 

ထို့အပြင် အီတလီသည် နိုင်ငံတကာ အထူးတာဝန်များတွင် စစ်သားအရေအတွက် အမြောက်အမြား ပါဝင်ပေးနေမှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ 

စစ်ရေးအသုံးစရိတ်ကို အီးယူ၏ တည်ငြိမ်ရေးနှင့် စီးပွားရေးကြီးထွားလာရေး သဘောတူညီချက်မှ ချန်လှပ်ထားရေးနှင့် ကာကွယ်ရေးရည်ရွယ်ချက်များ အတွက် အီးယူ၏ ဘုံပူးပေါင်းရံပုံငွေများကိုသာ အသုံးပြုနိုင်ရေးတို့အတွက် အီးယူစည်းမျဉ်းများကို ပြောင်းလဲရန် လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကိုးကား -TASS 

ဆွီဒင်တွင် အရွယ်ရောက်ပြီး ကျောင်းသားများ တက်ရောက်ရာ ကျောင်း၌ ပစ်ခတ်မှုကြောင့် ၁၀ ဦး သေဆုံး

ဆွီဒင်နိုင်ငံ၊ အိုရေဘရူမြို့ရှိ Campus Risbergska တွင် အရွယ်ရောက်ပြီးကျောင်းသားများ တက်ရောက်ရာကျောင်းတစ်ကျောင်း၌ ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ၁၂:၃၀ ခန့်တွင် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျမ်းမျှ လူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖြစ်စဉ်တွင် တရားခံဟု သံသယရှိသူသည်လည်း သေဆုံးသူများအနက်ပါဝင်နိုင်ကြောင်း ယူဆရပြီးဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုရန် ဆက်လက်စစ်ဆေး လျက်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါသည်။ 

Campus Risbergska သည် အခြေခံပညာ သို့မဟုတ် အထက်တန်းပညာ မပြီးစီးသေးသော အရွယ်ရောက်ပြီး ကျောင်းသားများတက်ရောက်ရာ ကျောင်းတစ်ကျောင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားစဉ်အချိန်တွင် ကျောင်းသား အချို့သည် စာမေးပွဲပြီးဆုံး၍ အိမ်ပြန်သွားပြီးဖြစ်သဖြင့် ကျောင်းတွင် လူနည်းပါးနေခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် အနီးအနားရှိ ကျောင်းများကို လုံခြုံရေးအတွက် ပိတ်ထားပြီး ပြည်သူများကိုလည်း ထိုနေရာမှ ရှောင်ရှားသွားလာရန် တိုက်တွန်းထားပါသည်။ ဒေသအာဏာပိုင်က ထိခိုက်ခံရသူများအတွက် အရေးပေါ် စင်တာများ ဖွင့်လှစ်ပေးခဲ့ပါသည်။ 

ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ဆွီဒင်အတွက် အလွန်နာကျင်စရာ နေ့တစ်နေ့ဖြစ်သည်ဟု ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။ ဆွီဒင်နိုင်ငံ သည် ကမ္ဘာပေါ်တွင် ပစ်ခတ်မှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ရာ ယခုဖြစ်စဉ်က နိုင်ငံတစ်ဝှမ်း အလွန် တုန်လှုပ်သွားစေခဲ့ပါသည်။ 

ကိုးကား -CNN

ရုရှားလိုလားသော အရန်တပ်ဖွဲ့ခေါင်းဆောင် သေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော အရန်တပ်ဖွဲ့ ခေါင်းဆောင် အာမန်ဆားစ်ဂျန်သည် မော်စကို၌ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) နံနက်ပိုင်းက ပေါက်ကွဲမှုအတွင်း အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရုရှားမီဒီယာများက ပြောကြားထားသည်။ 

ကရင်မလင်မှ ၁၂ ကီလိုမီတာ (၇) မိုင် အကွာ မော်စကို အနောက်မြောက်ဘက်ရှိ လူနေအဆောက်အအုံတစ်ခု၏ ဝင်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆားစ်ဂျန် မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ၍ အထူးကြပ်မတ်ကုသဆောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ဆားစ်ဂျန်၏ ကိုယ်ရံတော်တစ်ဦးလည်းသေဆုံးပြီး နောက်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

အာမန်ဆားစ်ဂျန် ဦးဆောင်သော အရန်တပ်ရင်းသည် ယူကရိန်းအရှေ့ပိုင်းတွင် အဓိကလှုပ်ရှားနေပြီး ရုရှားအတွက် ကူညီတိုက်ခိုက်ပေးနေပါသည်။ ၎င်းသည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် အကျဉ်းထောင်များမှရာဇဝတ်သားများကို လူစုခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးဌာန (SBU)က စွပ်စွဲထားသည်။ 

အာမန်ဆားစ်ဂျန်သေဆုံးမှုမှာ မော်စကိုအတွင်း လုံခြုံရေး စိတ်မချရသည့်အခြေအနေကို ဖော်ပြနေကြောင်း ဝေဖန်မှုမြင့်တက်နေပါသည်။ 

ကိုးကား-BBC

YPG နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အမေရိကန်က အဆုံးသတ်မည်ဟု မျှော်လင့်ကြောင်း တူကီယဲပြော

အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ (YPG) များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်မည်ဟု မျှော်လင့်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ဖေဖော်ဝါရီလ၂ရက်တွင် ပြောသည်။

တူကီယဲတပ်မတော်သည် လက်ရှိတွင် YPG တိုက်ဖျက်ရေး စစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အဆိုပါကာ့ဒ်တပ်ဖွဲ့ဝင် ၂၃ ဦးအား ချေမှုန်းနိုင်ခဲ့ကြောင်း ဟာကန်ဖီဒန်က ဆက်ပြောသည်။ YPG စစ်သွေးကြွများသည် ကာ့ဒစ်စတန် အလုပ်သမားပါတီ(PKK)၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

YPG နှင့် PKK တို့အား တူကီယဲအစိုးရက တရားမဝင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော်လည်း အမေရိကန်က ၎င်းတို့အား သီးခြားအဖွဲ့အစည်းများ အဖြစ် ရှုမြင်လျက်ရှိသည်။ ဆီးရီးယားမြောက်ပိုင်းရှိ YPG အဖွဲ့နှင့်   ပူးပေါင်းဆောင်ရွက်ခြင်းအား ရပ်တန့်ရန် ထရမ့်အစိုးရက ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟာကန်ဖီဒန်က ကာတာနိုင်ငံခြားရေးဝန်ကြီးနှင့် ဒိုဟာမြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ကြောင့်အမေရိကန်အနေဖြင့် အဆိုပါအဖွဲ့အစည်းများအား ထောက်ပံ့နေခြင်းကို ရပ်တန့်ပစ်ရန် တူကီယဲနိုင်ငံက အမေရိကန်အစိုးရအား ယခင်ကတည်းက တောင်းဆိုခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

ဒုံးကျည်များ သိုလှောင်ရာ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ

အီရန်နိုင်ငံသည်  နိုင်ငံတောင်ပိုင်းရှိ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

“ဒုံးကျည်မြို့တော်”ဟု အမည်ပေးထားသည့် အဆိုပါမြေအောက် အခြေစိုက်စခန်းတွင် ဒုံးပစ်စင် အများအပြားကို သိုလှောင်ထားပြီး ယင်းအခြေစိုက်စခန်းအား အီရန်တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုပြကွက်တစ်ခု၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါမြေအောက်စစ် အခြေစိုက်စခန်း၌   Qadr အမျိုးအစား ခရုဒုံးကျည်အစင်းပေါင်း    ၃၈၀ ခန့်ကိုသိုလှောင်ထားပြီး  ၎င်းဒုံးကျည်များအား ၅ မိနစ်အတွင်း ပစ်လွှတ်နိုင်ကြောင်း အီရန် ရေတပ်အကြီးအကဲ ဗိုလ်ချုပ် အလီရီဇာတန်ဆီရီက ပြောကြားထားသည်။

အဆိုပါဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ယင်းဒုံးကျည်များ၌ အီလက်ထရွန်နစ်စစ်ပွဲ ဆင်နွှဲနိုင်သည့်  စနစ်များကို တပ်ဆင်ထားကြောင်း IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။