အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ရန် ကြံစည်နေသူ ဘင်္ဂါလီ ၂ ဦးကို ဖမ်းဆီး
အိန္ဒိယနိုင်ငံ၊ ထရိုင်ပူနာခရိုင်၊ Bishalgarh ခရိုင်ခွဲရှိ Madhupur ရွာထဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်သွားရောက်ရန် ကြံစည်နေသည့် ဘင်္ဂါလီ ၂ ဦးကို Madhupur ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂ရက်က ရုတ်တရက် ဖမ်းဆီးလိုက်ပါသည်။
ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက်များအရ အဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် နေထိုင်သူ Md. Rafiq နှင့် Umar Farooq တို့ ဖြစ်ပါသည်။
ပဏာမစစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့နှစ်ဦးသည် ဒေလီ၊ ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပလတ်စတစ်စက်ရုံများတွင် အလုပ်သမားများအဖြစ် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ကြောင်းပြီး ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်သွားရန် ကြိုးစားနေချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုးကား-TRIPURATIMES
MM-News-Category