ယူကရိန်း ဒီနီပရိုပက်ထရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာကို ရုရှားတပ်များရရှိ

News Image

  • ယူကရိန်း ဒီနီပရိုပက်ထရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာကို ရုရှားတပ်များရရှိ

မော်စကို ဇွန် ၃၀

ရုရှားတပ်များသည် ယူကရိန်း အရှေ့အလယ်ပိုင်း ဒီနီပရိုပက်ထ ရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာ တစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဇွန် ၂၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ရုရှားတပ်များသည် ယူကရိန်း ဆူမီဒေသ၌ စတုရန်းမိုင် ၇၇ ဒသမ ၂၂ မိုင်ရှိသောနယ်မြေကို ထိန်းချုပ် ခဲ့ပြီးနောက် ဒီနီပရိုပက်ထရော့ဗ် ဒေသသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရုရှားတပ်များသည် ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ယူကရိန်း စစ်မြေပြင်၌ နယ်မြေအကျယ် အဝန်း၊ စတုရန်းကီလိုမီတာ ၉၅၀ ထိ ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားတပ်များက ယူကရိန်းစစ်မြေပြင်၌ ထိန်းချုပ်ထားနိုင်သော နယ်မြေ အကျယ်အဝန်းမှာ စတုရန်းကီလို မီတာ ၁၁၃၅၈၈ ကီလိုမီတာ ထိရှိလာခဲ့ပြီဖြစ်သည်။

သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကိုအဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးအတွက် ယူကရိန်းအနေဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများ ကို စွန့်လွှတ်ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက  ပြောကြားထားသည်။

ယူကရိန်းနိုင်ငံ၏ လူးဟန့် ဒေသ၏ ၉၉ ရာခိုင်နှုန်း၊ ဒွန်းနက်စ် ဒေသ၊ ဇာပိုရစ်ဇီယာဒေသနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်း ကျော်တို့ကိုရုရှားနိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

Photo - The Guardian