သတင်းများ

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံး

အစ္စလာမ္မာဘတ် ဇွန် ၂၉

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပွတ်ရှ် တွန်ဝါပြည်နယ်၌ ဇွန် ၂၈ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ခိုင်ဘာပွတ်ရှိတွန်ဝါ ပြည်နယ်မြောက်ဝါဇီရစ္စတန်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀ ကျော်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း အသေခံ ဗုံးခွဲသမားတစ်ဦးက ပါကစ္စတန် စစ်ယာဉ်တန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စီးဖြင့် ဝင်တိုက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ဇွန် ၂၈ ရက် အသေခံဗုံးခွဲ တိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန် အုပ်စုက ကြေညာထားသည်။

အာဖဂန်နစ္စတန်ကို တာလီဘန် အုပ်စုက၂၀၂၁ ခုနှစ်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန် နစ္စတန်နှင့် ထိစပ်နေသည့် ပါကစ္စတန်ပြည်နယ်များဖြစ်သော ခိုင်ဘာ ပွတ်ရှ်တွန်ဝါနှင့် ဘလူချီစတန် ပြည်နယ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားမှုမြင့်တက်လာခဲ့သည်။

တာလီဘန်အုပ်စုအနေဖြင့် ပါကစ္စတန်အစိုးရအား တိုက်ခိုက်နေသော စစ်သွေးကြွအုပ်စုများကို အာဖဂန်နစ္စတန်၌ လက်ခံနေရာပေးထားကြောင်း ပါကစ္စတန် အစိုးရက စွပ်စွဲထားသည်။

Ref: RT

Trs: KKO

YDNB Newspaper

ယူကရိန်းပဋိပက္ခတစ်လျှောက် အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှု ရုရှားပြုလုပ်

ကိယက်ဗ် ဇွန် ၂၉ 
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းထိုးစစ်ကို ဇွန် ၂ ၈ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၈ ရက်ညပိုင်း လေကြောင်း ထိုးစစ်အတွင်း ရုရှားတပ်မတော် သည် မောင်းသူမဲ့လေယာဉ် ၄၇၇ စင်းနှင့် ဒုံးကျည်အစင်း ၆၀ ထိအသုံးပြု၍ ယူကရိန်းပစ်မှတ်များ ကို တိုက်ခိုက်ခဲ့ကြသည်။

ရုရှားတပ်မတော်၏ ဇွန် ၂၈ ရက် လေကြောင်း တိုက်ခိုက်မှုသည် ယူကရိန်းပဋိပက္ခ ကာလ တစ်လျှောက် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ် ကြောင်း ယူကရိန်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ရုရှားတပ်များက ဇွန် ၂၈ ရက် တွင် ပစ်လွှတ်ခဲ့သော မောင်းသူမဲ့ လေယာဉ်များအနက် ၂၄၉ စင်းကို ပစ်ချနိုင်ခဲ့ပြီး ဒုံးကျည် ၃၀ ကျော် ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းတပ်မတော် သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 
ရုရှားနှင့် ယူကရိန်းအကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အသင့်ရှိကြောင်းသမ္မတပူတင်ကပြောကြားခဲ့ပြီးနောက် ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ နှစ်နိုင်ငံ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

 Ref : RT

ကန်တော်ကြီးအတွင်းရှိ ကျူးများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း ကျူးကျော်နေထိုင်နေသည့် ကျူးတဲများကို ဇွန် ၂၈ ရက်တွင် ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လူမှုကွန်ရက်စာမျက်နှာ၌ ကန်တော်ကြီးမျှော်စင်ကျွန်းဘက်ရှိ ချစ်သူကျွန်းနားနီးကျူးကျော်နေထိုင်သူများကို ဓာတ်ပုံနှင့်တကွ ဖော်ပြမှုများရှိခဲ့သည်။

ထိုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာ၌ တက်လာပြီးနောက် မင်္ဂလာတောင်ညွန့်ရဲစခန်းမှ လာရောက်ရှင်းလင်းဖယ်ရှားခဲ့ကြောင်းသိရသည်။

” သူတို့က နေတာကြာနေပြီ။ လိုင်းပေါ်မှာ တတ်လာတော့ လာဖျက်သွားတာ။ တနေ့ကလာရှင်းသွားတာ။ အရင်တုန်းကလည်း လာနေတာတွေရှိတယ်။ လာရှင်းလည်းခဏပဲ ပြန်ပြန်ရောက်လာတာ။ ပိုက်ချတဲ့သူတွေများတယ်။ လူပေါင်းစုံရှိတယ်။ အဲဒီနေရာက မကြာခဏ လုယက်မှုတွေဖြစ်တယ်” ဟု ကန်တော်ကြီးအတွင်းရှိ စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နေရာတွင် ကျူးကျော်တဲ ၅ လုံးဝန်းကျင်ခန့်ရှိကြောင်း၊ ယင်းနေရာတွင်ပင် ပြီးခဲ့သည့်နှစ်၌ ပိုင်ရှင်မဲ့‌သေဆုံးနေသည့် လူ‌သေအလောင်းများတွေ့ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း၊ ထို့ပြင် ညနေမှောင်ရီပျိုးစအချိန်တွင်လည်း မကြာခဏလူယက်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

Source: Popular Myanmar

ဗြိတိန်သည် MI6 အတွင်း ‘ရုရှားသူလျှို’ ရှာဖွေရန် နှစ် ၂၀ အချိန်ကုန်ခဲ့သည်ဟု Guardian က ဖော်ပြ

ဗြိတိန် ထောက်လှမ်းရေး အဖွဲ့အစည်းများသည် MI6 အတွင်း ရုရှား တန်ပြန်သူလျှိုတစ်ဦးဟု သံသယရှိသူကို ရှာဖွေရန် ဆယ်စုနှစ် နှစ်ခုကြာ အချိန်ကုန်ခဲ့ပြီး အထောက်အထား မတွေ့သဖြင့် အမှုကို ရုပ်သိမ်းခဲ့ကြောင်းThe Guardian သတင်းစာက အမည်မဖော်လိုသော သတင်းရင်းမြစ် များကို ကိုးကား၍ ဖော်ပြခဲ့သည်။ "Operation Wedlock" ဟု အမည် ပေးထားသော စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ခဲ့ပြီး အဖြေမရှိဟု သတ်မှတ်ကာ စုံစမ်းခံရသူကိုလည်း တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းစာက သောကြာနေ့ (ဇွန် ၂၇) တွင် ဖော်ပြခဲ့သည်။

၁၉၉၀ ပြည့်နှစ်များ အလယ်မှ ၂၀၁၅ ခုနှစ်အထိ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းကို ဗြိတိန်၏ ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ဖြစ်သော MI5 မှ ဦးဆောင်ခဲ့သည်။ နိုင်ငံခြား ထောက်လှမ်းရေး တာဝန်ရှိသည့် MI6 သည် CIA ၏ အသိပေးချက်အရ အရာရှိကြီးတစ်ဦးသည် ရုရှားအတွက် သူလျှို လုပ်နေနိုင်သည်ဟု သံသယဖြင့် စုံစမ်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

“မိမိတို့ကို ပစ်မှတ်သည် ရုရှား သူလျှိုတစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်က ၎င်းသည် ရုရှားတို့ထံ အချက်အလက်များ ပေးနေသည် ဟု ယုံကြည်ခဲ့သည်” ဟု သတင်းရင်းမြစ်တစ်ဦးက The Guardian သို့ ပြောကြားခဲ့သည်။ “အဆိုပါကွင်းဆက်သည် MI5 ပါဝင်ခဲ့သည့် အခြား အမှုများထက် ပိုမိုအရေးကြီးသည်ဟု ယူဆခဲ့ကြသည်။ Wedlock စစ်ဆင်ရေး သည် အခြားအရာများကို မှေးမှိန်သွားစေခဲ့သည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဖော်ပြချက်များအရ အဆိုပါစစ်ဆင်ရေးတွင် အရာရှိ ၃၅ ဦးခန့် ပါဝင်ခဲ့ပြီး MI5 သည် စုံစမ်းခံရသူ၏ နေအိမ်ကို လျှို့ဝှက်အသံဖမ်းခြင်း၊ လန်ဒန် တစ်ဝှမ်းလှုပ်ရှားမှုများကို ရုပ်မြင်ကင်မရာများဖြင့် ခြေရာခံခြင်းနှင့် ၎င်း၏ တရားဝင် လုပ်ပိုင်ခွင့်နယ်ပယ်အပြင် နိုင်ငံခြားသို့တိုင်အောင် လိုက်လံ စောင့်ကြည့်ခဲ့သည်။ MI5 သည် ၎င်းသူလျှိုတွင် လန်ဒန်အခြေစိုက် လက်ထောက်နှစ်ဦးရှိသည်ဟု ယုံကြည်ခဲ့သော်လည်း ခိုင်လုံသည့် အထောက်အထား မတွေ့ရှိခဲ့ပေ။

“မိမိတို့ လက်ထဲတွင် နောက်ထပ် Philby တစ်ယောက် ရှိနေပြီဟု ထင်ခဲ့ကြပါသည်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ဤတွင် Kim Philby ဆိုသည်မှာ ဒုတိယကမ္ဘာစစ်နှင့် စစ်အေးတိုက်ပွဲ အစောပိုင်းကာလများအတွင်း ဗြိတိန်မှ ဆိုဗီယက်ယူနီယံသို့ အချက် အလက်များ ပေးပို့ခဲ့သော Cambridge Five ထောက်လှမ်းရေးအဖွဲ့၏ အထင်ရှားဆုံးအဖွဲ့ဝင်တစ်ဦးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

Wedlock သူလျှိုဇာတ်လမ်းသည် ၂၀၁၅ ခုနှစ်အထိ ကာလရှည်ကြာစွာ စုံစမ်းထောက်လှမ်းမှုများရှိနေခဲ့ပြီး ထိုအချိန်တွင် စုံစမ်းခံရသူသည် MI6 မှ ထွက်ခွာသွားခဲ့သည်။ စစ်ဆင်ရေး၏လုပ်ဆောင်မှုများသည် ကျယ်ပြန့်မှု ရှိသော်လည်း MI5 သည် မည်သည့်သူလျှိုလှုပ်ရှားမှုကိုမျှ အထောက်အထား မတင်ပြနိုင်ခဲ့ပေ။

“MI5 သည် ၎င်းတို့ရှာဖွေနေသည့် ခိုင်လုံသောအထောက်အထားကို မည်သည့်အခါမျှ မရခဲ့ပါ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားကာ Wedlock စစ်ဆင်ရေးအား “အလွန်ထူးခြားပြီး မကြာသေးမီကာလများ အတွင်း အကြာရှည်ဆုံးနှင့် ဖြစ်နိုင်ခြေအားဖြင့် အဖိုးအခအများဆုံး” ဖြစ်ခဲ့သည်ဟု သုံးသပ်ခဲ့သည်။

ဗြိတိန်နိုင်ငံသည် ရုရှားကို ဥရောပတွင် သူလျှိုလှုပ်ရှားမှုများ နှင့် ဖျက်ဆီး မှုများ ပြုလုပ်သည်ဟု အထောက်အထားမပြဘဲ အကြိမ်ကြိမ် စွပ်စွဲခဲ့ သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုတွင် လန်ဒန်က မော်စကို သည် MI6 အတွက် အလုပ်လုပ်ခဲ့ဖူးသော ရုရှားစစ်ထောက်လှမ်းရေး အရာရှိဟောင်း Sergey Skripal နှင့် ၎င်း၏သမီးကို အဆိပ်ခတ်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ရုရှားက ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသည် ယူကရိန်း၏ နယ်မြေစိုးမိုးမှု မဟာဗျူဟာအရ အရေးပါသည့် မြို့တစ်မြို့အနီးတွင် စစ်သည်အင်အား ၁၁၀,၀၀၀ ခန့်ကို စုစည်းထားဟု ကိယက်ဗ်ဆို

ယူကရိန်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး Oleksandr Syrskyi က သောကြာနေ့ (ဇွန် ၂၇) တွင် ရုရှားသည် မဟာဗျူဟာအရေးပါသော အရှေ့ပိုင်းမြို့ ဖြစ်သည့် ပိုခရိုဗ်စ်ခ်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ယင်းမြို့အနီးတွင် စစ်သည် ၁၁၀,၀၀၀ ခန့်ကို စုစည်းထားကြောင်း ပြောကြားခဲ့သည်။ 

ဆာစ်ကီးက ပိုခရိုဗ်စ်ခ်မြို့အနီးရှိ ဧရိယာသည် အရှေ့ဘက်တစ်လျှောက် မိုင် ၇၄၅ (ကီလိုမီတာ ၁,၂၀၀) ရှည်လျားသော ရှေ့တန်းတစ်လျှောက် အရေးအကြီးဆုံးနေရာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ပိုခရိုဗ်စ်ခ်မြို့ကို သိမ်းပိုက်ရန် တစ်နှစ်နီးပါးကြာ ကြိုးပမ်းနေပြီး တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် စစ်သည်နှင့် လက်နက်အင်အား သိသာစွာ သာလွန်နေသော်လည်း မော်စကို မှ ယင်းမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ပိုခရိုဗ်စ်ခ်မြို့သည် မော်စကိုအတွက် မဟာဗျူဟာကျသော ပစ်မှတ် တစ်ခု ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ ရည်မှန်းချက်မှာ ရုရှား တပ်များ ယာယီသိမ်းပိုက်ထားသော ဒိုနက်စ်ခ်နှင့် လူဟန်းစ်ခ် အပါအဝင် ယူကရိန်း၏ အရှေ့ပိုင်းဒေသများအားလုံးကို သိမ်းပိုက်ရန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

ကိယက်ဗ်နှင့် ၎င်း၏မဟာမိတ်များက ပူတင်အား ၎င်း၏တပ်များက ယူကရိန်း နယ်မြေပိုမိုသိမ်းပိုက်နိုင်ရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အချိန် ဆွဲနေသည်ဟု စွပ်စွဲထားသည်။

ပိုခရိုဗ်စ်ခ်မြို့သည် မြို့ကြီးတစ်ခုမဟုတ်သော်လည်း ဒေသအတွင်းရှိ အခြား စစ်ရေးအချက်အချာမြို့များနှင့် ဆက်သွယ်ထားသော ထောက်ပံ့ရေး လမ်းမကြီးနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ကော့စတီယန်တီဗ် ကာ၊ ကရာမာတာစ်ခ်နှင့် စလိုဗီယန်စ်ခ်မြို့များနှင့်အတူ အဆိုပါမြို့သည် ကိယက်ဗ်၏ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသေးသော ဒိုနက်စ်ခ်ဒေသရှိ ယူကရိန်းကာကွယ်ရေးစနစ်၏ အဓိကကျောရိုးတစ်ခုဖြစ်သည်။

ယခင်က လူဦးရေ ၆ သောင်းနီးပါးရှိခဲ့သော ပိုခရိုဗ်စ်ခ်မြို့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရုရှားက စစ်ရေးကျူးကျော်မှုစတင်ပြီးနောက် သုံးနှစ် အတွင်း လူဦးရေအများစု ပြောင်းရွှေ့သွားခဲ့သည်။

ဒေသခံစီးပွားရေးအတွက် အရေးပါသည့် မီးသွေးမိုင်းလုပ်ငန်းများ ပိတ်သိမ်းခံရပြီးနောက် ကျန်ရှိနေသော အလုပ်သမားများပါ ထွက်ခွာသွား ခဲ့ကြရသည်။

အမေရိကန်အခြေစိုက် ISW သုတေသနအဖွဲ့၏ အဆိုအရ ယူကရိန်း တပ်များ၏ ခုခံကာကွယ်ရေးနည်းဗျူဟာများက ရုရှားအား ပိုခရိုဗ်စ်ခ်ကို တိုက်ရိုက်တိုက်ခိုက်သိမ်းပိုက်ရန် မူလအစီအစဉ်ကို စွန့်လွှတ်စေခဲ့ရသည် ဟု သိရသည်။

ကိုးကား- CNN

28 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နောင်ယား(က)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးရန်လင်းမြင့် (၄၃)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း လမ်းလျှောက်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးရန်လင်းမြင့်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၅ နာရီတွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၂)၊ မနောသုခလမ်း၌ မွန်မွန်အောင်(၃၅)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃,၀၀၀) ဖမ်းဆီးရမိသဖြင့် မွန်မွန်အောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

28 June 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နတ်တောင်ကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး လုပ်ငန်းများအား ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဇော်မျိုးထက်(၂၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

  ထိုသို့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

27 June 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲကာ ပိုးသတ်ဆေးရည်အစိမ်းရောင်များ ကျရောက်ပြန့်နှံ့ခဲ့ပြီး မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများမှ မီးစွဲလောင်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ် တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်မှုများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဆိုင်ကယ်ခိုးယူသူ အမျိုးသား နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် နံနက် ၆ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဧရာဝတီလမ်းအရောက်၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်နေသူများဖြစ်ကြသည့် ဇေယျာဖြိုး(၂၃)နှစ်နှင့် ကောင်းဆက်ပိုင်(၂၂)နှစ်တို့ နှစ်ဦးအား ဆိုင်ကယ် တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇေယျာဖြိုးနှင့် ကောင်းဆက်ပိုင်တို့ နှစ်ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း (ပ)၅၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။