သတင်းများ

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ခန့်အပ်

ရန်ကုန်  ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူဂျီဆေအိုကာကို ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းကို ပြီးခဲ့သည့်နှစ်အထိ ဦးအောင်နိုင်က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် လမ်းခွဲကာ ဂျပန်နည်းပြတစ်ဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယူဂျီဆေအိုကာသည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယစသည့် ကလပ်အသင်းများ၌ ကစားခဲ့ပြီး UEFA ပရိုနည်းပြလိုင်စင်ရရှိထားသူဖြစ်သည်။ ယူဂျီဆေအိုကာသည် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတို့တွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထို့ပြင် ယူဂျီဆေအိုကာသည် မြန်မာ ယူ-၂၂ အသင်းတွင် လက်ထောက်နည်းပြအဖြစ်ပါ ပူးတွဲဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့အတွက် ဂျပန်လူမျိုးနည်းပြများကို နည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့သည်။

Source: ကြေးမုံသတင်းစာ

ဟားအယ်ပင်းမြို့တွင် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပွဲ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်းအခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့တွင် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲအတွက် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့ရာ မီးရှူးတိုင်သယ်ဆောင်သူ ၁၂၀ ဦးတို့ ပါဝင်ခဲ့ကြသည်။
၁၁ ကီလိုမီတာရှိသော မီးရှူးတိုင်သယ်ဆောင်းရေးလမ်းကြောင်းတွင် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် ဟားအယ်ပင်းဗဟိုလမ်း၊ မြို့ကိုဖြတ်သန်းစီးဆင်းလျက်ရှိသော ဆုန်းဟွာမြစ် စသည်တို့အပါအဝင် ယင်းမြို့ရှိ အထင်ကရနေရာများစွာကို လွှမ်းခြုံထားကြောင်း သိရသည်။

ဟားအယ်ပင်းမြို့သည် ၁၉၉၆ ခုနှစ်က တတိယအကြိမ် အာရှဆောင်းရာသီအားကစားပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ကမ္ဘာ့တိုက်ကြီးအဆင့် ဆောင်းရာသီအားကစားပွဲကို လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ကြည့်ရှုသူပရိသတ်ထဲတွင် တတိယအကြိမ်နှင့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲ နှစ်ခုလုံး၌ ရေခဲထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သော အသက် ၅၄ နှစ်အရွယ် Wang Lehui လည်း ပါဝင်ခဲ့သည်။
“၂၉ နှစ်အတွင်းမှာ အခြေခံအဆောက်အအုံတွေ၊ ပစ္စည်းတွေက သိသိသာသာ တိုးတက်လာတယ်။ ပြီးတော့ ဆောင်းရာသီအားကစားပွဲ တိုးတက်မှုတွေက မြင့်မားတဲ့အဆင့်သစ်ကို ရောက်ရှိလာခဲ့တယ်။ ဟားအယ်ပင်းက ကမ္ဘာအနှံ့ဂုဏ်သတင်း ကြီးမားလာတာနဲ့အတူ နာမည်ကျော်ခေတ်မီမြို့တစ်မြို့ ဖြစ်လာခဲ့ပါပြီ” ဟု Wang က ဆိုသည်။ 

Source: ဆင်ဟွာ

ကစားသမားဟောင်းနေမာကို အသင်းထံ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ဘာစီလိုနာအသင်းအတည်ပြုထုတ်ပြန်

ဘာစီလိုနာ  ဇန်နဝါရီ ၂၇

ဘာစီလိုနာအသင်းက အသင်းကစားသမားဟောင်းနေမာကို အသင်းထံ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

အသက် ၃၂ နှစ်အရွယ် နေမာသည် ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ဥရောပဘောလုံးလောကသို့ စတင်ရောက်ရှိလာသူဖြစ်ပြီး ဘာစီလိုနာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

နေမာသည် ပီအက်စ်ဂျီအသင်းတွင် အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် မကြာခဏ အနားယူနေခဲ့ရသည့်အတွက် ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှ အယ်ဟီလယ်အသင်းသို့ ပြောင်း‌ရွှေ့ကစားခဲ့ရာတွင်လည်း ဒဏ်ရာပြဿနာများကြောင့် နှစ်ရာသီအတွင်း ခုနစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

အယ်ဟီလယ်အသင်းကလည်း မြင့်မားသည့် လုပ်ခလစာပေးချေနေရသည့်အတွက် နေမာနှင့် လက်ကျန်စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုနေပြီး အစောပိုင်းက နေမာအနေဖြင့် အယ်ဟီလယ်အသင်းနှင့် လမ်းခွဲပြီးပါက အသင်းဟောင်းများဖြစ်သည့် ဆန်းတို့စ်အသင်းနှင့် ဘာစီလိုနာအသင်းမှ တစ်သင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဘာစီလိုနာအသင်းက ငြင်းဆိုခဲ့ကြောင်း သိရသည်။

Source: မြဝတီသတင်းစာ

ဝက်စ်ဟမ်းအသင်းက နည်းပြသစ်အဖြစ် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ဖွယ်ရှိ

ဝက်စ်ဟမ်းအသင်းက     ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက် နည်းပြ လိုပက်တယ်ဂူရီကို    နည်းပြရာထူးမှထုတ်ပယ်ပြီးနောက်  နည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့ပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ဖွယ် ရှိနေကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည်  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်(၂၀)အပြီးတွင် ခြောက်ပွဲသာအနိုင်ရရှိပြီး ငါးပွဲ သရေရလဒ်နှင့် ကိုးပွဲရှုံးနိမ့်ကာ ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၄)နေရာ၌  ရပ်တည်နေ သည့်အတွက်  ဝက်စ်ဟမ်းအသင်း တာဝန်ရှိသူများက   နည်းပြကိုထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၄၉ နှစ်အရွယ် နည်းပြ ဂရေဟမ်ပေါ်တာသည် ဘရိုက်တန်အသင်းကို ၂၀၁၉  ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ   တာဝန်ယူကိုင်တွယ်ခဲ့ရာတွင်  ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သော်လည်း  ၂၀၂၂  ခုနှစ်   စက်တင်ဘာလက  ဘရိုက်တန်အသင်းနှင့် လမ်းခွဲခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ကာ    ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက်   ၂၀၂၃  ခုနှစ် ဧပြီလက ချယ်လ်ဆီးအသင်း နည်းပြရာထူးမှ    ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်ထိ ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။

ဝက်စ်ဟမ်းအသင်းက  ဇန်နဝါရီလ ၁၁ ရက်တွင် အက်ဖ်အေဖလားပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာအသင်း နှင့်ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်မတိုင်မီ နည်းပြ သစ်ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း  သိရသည်။ 

Source: Myawady Webportal

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အာဂျင်တီးနားအသင်းနှင့် အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို သမ္မတ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်အပ်နှင်း

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အာဂျင်တီးနား အသင်းနှင့် အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို သမ္မတဂုဏ်ထူးဆောင်ဆုဖြစ်သည့် Presidential Medal of Freedom Award ဆု ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Presidential Medal of Freedom Award သည် အမေရိကန်နိုင်ငံ၌ အရပ်သားများကို ပေးအပ်သည့် ဂုဏ်ပြုဆုများတွင် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး မက်ဆီနှင့်အတူ စုစုပေါင်း ၁၇ ဦးကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကာ ဘောလုံးကစားသမားများတွင် မက်ဆီတစ်ဦးတည်းသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် မက်ဆီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လက ပီအက်စ်ဂျီ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကာ အင်တာမိုင်ယာမီအသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် ပြိုင်ပွဲစုံ-၁၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းနှင့်အတူ ရှုံးထွက်ဖလား ဆွတ်ခူးနိုင်သကဲ့သို့ Open Cup  ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

အလားတူ မက်ဆီသည် ယခုဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ မေဂျာလိဂ်ပြိုင်ပွဲ (အရှေ့ပိုင်းဇုန်)၌ ရမှတ် ၇၄ မှတ်ဖြင့် အမှတ်ပေးဖလားပြိုင်ပွဲတွင် အဆင့်(၁) နေရာ၌ ရပ်တည်နိုင်သကဲ့သို့ ပြိုင်ပွဲသမိုင်း တစ်လျှောက်ရမှတ် အများဆုံးဖြင့် အဆင့်(၁) နေရာ၌ ရပ်တည်နိုင်သည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

မက်ဆီအနေဖြင့် အင်တာမိုင်ယာမီအသင်းတို့ ပြောင်းရွှေ့ကစားပြီးနောက် မက်ဆီနှင့်အသင်းဖော်ဟောင်းများဖြစ်ပြီး ဥရောပထိပ်တန်းကစားသမားများဖြစ်သည့် ဆွာရက်ဇ်၊ ဘတ်စ်ကွက်နှင့် အယ်ဘာတို့လည်း ပြောင်းရွှေ့ကစားပြီးနောက် မေဂျာလိဂ်ပြိုင်ပွဲမှာလည်း ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်လာခြင်းဖြစ်သည်။

မက်ဆီသည် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ၎င်းအနေဖြင့် အမေရိကန်ဘောလုံးလောကကို စိတ်ဝင်စားမှုမြင့်တက်အောင် စွမ်းဆောင်ပေးနိုင်သည့်အတွက် သမ္မတဂျိုးဘိုင်ဒင်က သမ္မတဂုဏ်ထူးဆောင်ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Fotmbo

Source: Myawady Daily Newspaper

စပါးအသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး လီဗာပူးအသင်း ဇယားထိပ်၌ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူ

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၃ မိနစ်နဲ့ ၈၅ မိနစ်မှာ လူးဝစ်ဒိုင်ယက်က နှစ်ဂိုး၊ ၃၆ မိနစ်မှာ အဲလစ်စတာက တစ်ဂိုး၊ ၄၅ မိနစ်မှာ ဇိုဘိုဇလိုင်းက တစ်ဂိုး၊ ၅၄ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ မိုဟာမက်ဆာလာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ၄၁ မိနစ်မှာ ကူလူဆက်ဗ်စကီးက တစ်ဂိုး၊ ၈၃ မိနစ်မှာ ဆိုလန်စကီးက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ၃၇၃ ပွဲမှာ သွင်းဂိုး ၂၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စပါးအသင်းကိုအနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးအသင်းထက် တစ်ပွဲလျော့ကစားထားချိန်မှာ ချယ်လ်ဆီးအသင်းကိုလေးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်း၊ ဖူလ်ဟမ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်ဆုံးရှုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်မည်

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၂၁ ရက် ၊မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ MRTV Parliament Channel ၊ MRTV NRC Channel နှင့် MRTV App အပါအဝင် MRTV Online Platform တို့မှလည်း ည ၇ နာရီ ၁၅ မိနစ်မှစတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Source: ၂၁-၁၂-၂၀၂၄ ရက်နေ့ထုတ်ကြေးမုံသတင်းစာ

national sport closing ceremony

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပပုံများကို MRTV နှင့် ဆက်စပ်ရုပ်သံ၊ ရေဒီယို FM နှင့် Online တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

အာဆီယံဖလား တတိယအကျော့ပွဲစဉ် မြန်မာအသင်း (၃)ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့်

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး(၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၇ ) ဝင်းနိုင်ထွန်းက(၂)ဂိုး အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

ပွဲစဉ်အတွင်း ယခင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိသည့် မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံတိုက်စစ်မှူး ဝင်းနိုင်ထွန်း ပြန်လည်ပါဝင်ကစားခဲ့သည်ကိုတွေ့ရသည်။

ယနေ့ ပွဲထွက်လူစာရင်းတွင် ဟိန်းဖြိုးဝေ၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင် တို့ ပါဝင်လာသည်။

မြန်မာ-လာအိုပွဲစဉ် အနိုင်ရလဒ်အတွက် ကွင်းအတွင်း လာရောက်အားပေးရကြိုးနပ်သည်ဟု မြန်မာအသင်းပရိတ်သတ်တစ်ဦးက ပြောသည်။

“အားပေးကျိုးနပ်တယ်ဗျာ။ မအားတဲ့ကြားကနေ လာအားပေးတာ”ဟု ပရိတ်သတ်တစ်ဦးက ဆိုသည်။

အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ မြန်မာရမှတ် (၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁)မှတ်ဖြင့် ပဉ္စမ နေရာတွင် အသီးသီးရပ်တည်နေကြသည်။

မြန်မာလက်ရွေးစင်အသင်းနေဖြင့် အုပ်စုတွင်း သုံးပွဲကစားထားသည့်အနက် အင်ဒိုအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းမား သရေကစားနိုင်ခဲ့သဖြင့် တစ်ပွဲရှုံး၊ တစ်ပွဲသရေနှင့် တစ်ပွဲအနိုင် ရလဒ်ထွက်ပေါ်ခဲ့သည်။

Source- Popular Journal

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်အတည်ပြု

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏  အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က  ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင်  တရားဝင်ထုတ်ပြန်လိုက်ပါသည်။ 

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက်အိမ်ရှင်ရွေးချယ်ပွဲကို  ဖီဖာအဖွဲ့ဝင် ၂၀၀ ကျော်က အွန်လိုင်းမှတစ်ဆင့်ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံသည် တစ်နိုင်ငံတည်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပြိုင်ဘက်မရှိ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်ပါသည်။ ရွေးချယ်ပွဲတွင် ရှင်းလင်းပြတ်သားသည့် လက်ခုပ်သံများ၊ ကျယ်လောင်သည့် ထောက်ခံသံများနှင့်အတူ ချီးကျူးဂုဏ်ပြုသံများဖြင့်  ဖုံးလွှမ်းသွားကြောင်း ဖီဖာဘောလုံးအဖွဲ့ဥက္ကဋ္ဌ Gianni Infantino က ဂုဏ်ပြု ပြောကြားလိုက်ပါသည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က  မိမိတို့နိုင်ငံကို ရွေးချယ်လိုက်မှုအပေါ် အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊  ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲကို မိမိတို့အနေဖြင့် ငွေကြေးအမြောက်အမြားသုံးစွဲကာ တစ်ကမ္ဘာလုံးပရိသတ်များ အံ့ဩရှုမောဖွယ်ရာ ဖြစ်စေမည့် ခေတ်မီဆန်းပြားသည့် ဘောလုံးကွင်းများ၊ အားကစားကွင်းများ၊ အခြေခံအဆောက်အအုံများဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းအနားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပနိုင်ရေး စီစဉ်သွားမည်ဟု ကတိပြု ပြောကြားလိုက်ပါသည်။ 

ကိုးကား - CNA