သတင်းများ

ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ၏ ဆုကြေးကို ၇ ရာခိုင်နှုန်း တိုးမြှင့် သွားမည်

ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ၏ စုစုပေါင်း ဆုကြေးငွေကို ၇ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်ပြီး စံချိန်တင် ပေါင် ၅၃ ဒသမ ၅ သန်းအထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆုကြေးငွေသည် ၂၀၂၄ ခုနှစ်တွင် ပေါင်သန်း ၅၀ ရှိကြောင်း၊ ယင်းမှာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း သိရ သည်။

ပြီးခဲ့သည့်နှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ကားလို့စ်အယ်ကာရက်ဇ်နှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ဘာဘိုရာခရီစီကိုဗာတို့သည် အသီးသီးဗိုလ်စွဲခဲ့ကြပြီး ပေါင် ၂ ဒသမ ၇ သန်းစီ ဆုကြေး ရရှိခဲ့သည်။ ယခုနှစ်တွင် အနိုင်ရဗိုလ်စွဲမည့်သူအနေဖြင့်  ၁၁ ရာခိုင်နှုန်းတိုးကာ ပေါင် သုံးသန်းအထိ ရရှိမည်ဖြစ်သည်။

နှစ်ယောက်တွဲပြိုင်ပွဲတွင်   အနိုင်ရရှိမည့်သူများအနေဖြင့်  လေးရာခိုင်နှုန်းတိုးကာ ပေါင် ၆၈၀၀၀၀ ရရှိမည် ဖြစ်သည်။ ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲကို လာမည့် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၃ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်

Source: Myanmar Digital News

ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ပြုလုပ်မည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင်ကစားသမားများရွေးချယ်ပွဲကို ယခုလ ဇွန်လ (၂၂)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

အဆိုပါ ကစားသမားရွေးချယ်ပွဲအား ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ပြုလုပ်မည်ဖြစ်ကာ ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။

ယင်းနေ့တွင်ပင် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG)တို့က ကြီးမှူး၍ 2025 Olympic Day Movement အနေဖြင့် ရိုးရာလက်ဝှေ့ကလပ်ပေါင်းစုံ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို တဆက်တည်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် မွေထိုင်နှင့် ကစ်ဘောက်စင်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Source: Popular Myanmar

MNL League Cup ကွာတားဖိုင်နယ် ပွဲစဉ်များ ကစားတော့မည်

MNL League Cup 2025 ၏ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယခုလအတွင်း ကစားကြတော့မည် ဖြစ်သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်၊ Dagon Port FC နှင့် Yadanarbon FC ၊ မြဝတီနှင့် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့ ဆုံတွေ့နေသည်။

အဆိုပါ ပွဲစဉ်များကို ဇွန်လ (၁၈) ရက်နှင့် (၁၉)ရက်တို့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနှင့် YUSC stadium တို့တွင် ကစားသွားကြမည် ဖြစ်သည်။

ရန်ကုန် ဇွန် ၁၁

၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့တွင် ဗီယက်နမ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်းက လာအိုအသင်း ကို ခြောက်ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခွင့်အရေးရှိလာသည်။ 
မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ် လက်ရွေးစင်အသင်းသည် လာအိုအသင်း ကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ယူပြီး ဆီမီး ဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရှိလာသည်။ အဖွင့်ပွဲတွင် အိမ်ရှင်ဗီယက်နမ် ကို အရေးနိမ့်ခဲ့သဖြင့် အုပ်စုပထမဖြစ်ခွင့် ဆုံးရှုံးလုနီးပါးဖြစ်သွားသည့်မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် လက်ကျန်နှစ်ပွဲကို အာရုံစိုက်ကစားနေပြီး နောက်ဆုံးပွဲတွင် တီမောအသင်းကို အနိုင်ရပါက နောက်တစ်ဆင့်တက်ရောက်ခွင့် ရနိုင်မည်ဖြစ်သည်။

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့်ကစားခဲ့သည့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲပြုလုပ်ထားပြီး မတူညီသည့် လူစာရင်းဖြင့် ပွဲထွက်လာ ကာလှလှထွေး(ဂိုး)၊ မင်းမင်း၊ သီရိနန္ဒာစိုး၊ ယုယုနိုင်၊ သဲအိလှိုင် နှင်းစန္ဒာဝင်း၊ ကေသွယ် ဖြိုးဦး၊ အိသက်ဖြိုး၊ ဒေစီအောင်၊ စုစုခင်၊ ယဉ်လွန်းအိမ်တို့ကိုအသုံးပြုခဲ့သည်။ မြန်မာ အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၈ မိနစ်တွင် အဖွင့်ဂိုးစတင် သွင်းယူနိုင်ခဲ့ကာ ပထမပိုင်းမှာပင် သုံးဂိုး ပြတ်အနိုင်ရနေသည်။ ပထမပိုင်းတွင် မြန်မာအသင်းအတွက် ဂိုးများကို ၁၈ မိနစ် တွင် ဒေစီအောင်၊ ၂၈ မိနစ်တွင် စုစုခင်နှင့် ၄၃ မိနစ်တွင် ယဉ်လွန်းအိမ်တို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၄၆ မိနစ်တွင် ဒေစီအောင်၊ ၅၆ မိနစ်တွင် စုစုခင်၊ ၇၂ မိနစ်တွင် အေးအေးစိုးတို့က ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန်လ ၁၃ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မောင်သော်

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်း ပါကစ္စတန်ကို အနိုင်ရ

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(E)ဒုတိယပွဲအဖြစ် မြန်မာအသင်းနှင့် ပါကစ္စတန်အသင်းသည် ဇွန် ၁၀ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာဘောလုံးပရိသတ်များ၏ တစ်ခဲနက်လာရောက်အားပေးမှုနှင့်အတူ မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ကွင်း၌ ပါကစ္စတန်အသင်းကို အနိုင်ကစားခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် နှစ်ပွဲဆက်အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ရန်အခွင့်အရေး ပိုကောင်းလာခဲ့သည်။ ပါကစ္စတန်အသင်းမှာမူ နှစ်ပွဲဆက်အရှုံးကြောင့် လာမည့်ပွဲများတွင် ရုန်းကန်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းသည် ဇင်ညီညီအောင်(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ သီဟထက်အောင်၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပါကစ္စတန်အသင်းကလည်း ခံစစ်အသားပေးကာ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။

ပထမပိုင်းတွင် မြန်မာအသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေးသုံးကြိမ်ထက် မနည်းရသော်လည်း ၄၁ မိနစ်တွင် သန်းပိုင်သွင်းယူသည့် ဂိုးသာရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ကတည်းက အနိုင်ရနေခြင်းဖြစ်သည်။

ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး အခွင့်အရေးကိုယ်စီရသော်လည်း အသုံးမချနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(E)တွင် မြန်မာအသင်းက နှစ်ပွဲကစားခြောက်မှတ်ရထားပြီး ပါကစ္စတန်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

အဝေးကွင်းကစားရမည်

မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် အောက်တိုဘာ ၉ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး

MOI

အာရှဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ၊ အုပ်စု နောက်ဆုံးအဆင့် ဒုတိယပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၂၇ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းနှင့် ပါကစ္စတန်အသင်းတို့၏ ခြေစစ်ပွဲ၊ အုပ်စုနောက်ဆုံးအဆင့်၊ ဒုတိယပွဲစဉ်ကို ဇွန်လ ၁၀ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယင်းနေ့ညနေ ၄နာရီ ၄၅မိနစ်မှစတင်၍ MRTV HD Channel၊ MRTV Parliament Channel । MRTV Entertainment Channel အသံရေဒီယိုတို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

(MRTV)

ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့် ခြေစမ်းပွဲကစားမည့် မြန်မာယူ ၂၂ အသင်း

မြန်မာယူ ၂၂ အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် ဘာရိန်း အပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် စီစဥ်ထားရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ထို့ပြင် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်တို့နှင့်လည်း အာရှ ယူ ၂၃ ခြေစစ်ပွဲများ ကစားရန်ရှိနေပြီး ထိုင်း၊ အရှေ့တီမောတို့နှင့် အာဆီယံချန်ပီယံရှစ် ပွဲစဉ်များကိုလည်း ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ ၂၂ အသင်းသည် တရုတ်နိုင်ငံ တာ့လျန်မြို့တွင် လေ့ကျင့်ပြင်ဆင်နေပြီး တရုတ်လက်ရွေးစင် ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲများ ကစားလျက်ရှိသည်။

မြန်မာယူ ၂၂ အသင်းအား ဂျပန် လက်ရွေးစင်ဟောင်း ကူရိုမှ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ် လေ့ကျင့်ပေးလျက်ရှိသည်။

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ် ယာယီအဆောက်အဦးဖြင့်စီစဉ်နေမှု၊ ကစားကွင်းသစ်များနှင့် လေ့ကျင့်ရေးစင်တာများ အတူတကွဖော်ထုတ်ခြင်း၊ FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ ဆီးဂိမ်းအပါအဝင် နိုင်ငံတကာပွဲများအား ရုပ်သံထုတ်လွှင့်ခြင်း၊ နိုင်ငံဒေသနေရာများအလိုက် ဘောလုံးလေ့ကျင့်ရေးစင်တာများဖွင့်လှစ်ရေး၊ ယူ-၁၅ လိဂ်နှင့် လူငယ်ပြိုင်ပွဲများပိုမိုအဆင့်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ကိုးကား : Popular Myanmar

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရှဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု ပြန်လည်စတင်နေပြီဖြစ်သည့် မောင်မောင်လွင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ အောင်ကောင်းမာန်၊ပြည်မိုး အပါအဝင် အခြားလက်ရွေးစင်ကစားသမားများနှင့် ပြည်တွင်း ကလပ်များမှခေါ်ယူထားသည့် ကစားသမား စုစုပေါင်း(၃၁)ဦးဖြင့် ဖွဲ့ စည်းထားသည်။

AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အား လာမည့် ဇွန်လ (၁၀)ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။

မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ဒုတိယအကျော့ကိုမူ ပါကစ္စတန်နိုင်ငံ၌ အဝေးကွင်း‌အနေဖြင့် သွားရောက်ယှဉ်ပြိုင် ကစားသွားကြရမည် ဖြစ်သည်။