သတင်းများ

မောင်မောင်လွင်၏ သွင်းဂိုးဖြင့် Asean All Stars အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရ

ရန်ကုန် မေ ၂၈

Asean All Stars အသင်းနှင့်နာမည်ကြီး အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းတို့၏ခြေစမ်းပွဲကိုယနေ့ညပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိဘူကစ်ဂျာလီကွင်း၌ကျင်းပရာ Asean All Stars အသင်းမှ မြန်မာတိုက်စစ် ကစားသမား မောင်မောင်လွင်က အနိုင် ဂိုးသွင်းပြီး ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားရန် အာဆီယံဘောလုံးအဖွဲ့ ချုပ်သည် အဖွဲ့ဝင်နိုင်ငံများမှကစားသမားများဖြင့်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ပြုအဖြစ် မောင်မောင်လွင် ရွေးချယ်ခံခဲ့ရ သည်။ မန်ချက်စတာယူနိုက်တက်အသင်း သည် ပွဲထွက်လူစာရင်းတွင် မက်ဂွိုင်းယား၊ ကက်စမဲရိုး၊ ဟွိုင်လန်း၊ ကိုဘီမိုင်နူး၊ အိုနာနာ စသည့်ကစားသမားများကို အသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ အာမက်အပါအဝင် တစ်သင်းလုံး အပြောင်း အလဲပြုလုပ်ခဲ့သည်။

မောင်မောင်လွင်သည် ပထမပိုင်းတွင် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယ ပိုင်းအစတွင် ကစားခွင့်ရခဲ့ပြီး သမိုင်းဝင် စေမည့်အနိုင်ဂိုးကို မိနစ် ၇၀ တွင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မောင်မောင် လွင်သည် မန်ချက်စတာယူနိုက်တက် အသင်းဘက်သို့ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး မြန်မာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် ဇယားအောက်ပိုင်းရောက်ခဲ့သည့်အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ပြီး ချန်ပီယံ ဆုနှင့်လွဲချော်ခဲ့သဖြင့် ဖိအားများနေသည့် မန်ချက်စတာယူနိုက်တက်အသင်းသည် အာရှခရီးစဉ်ပထမဆုံးပွဲတွင် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြဝတီ

၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးပိုကယ်ဖလားကို စတုဂတ်အသင်း ဆွတ်ခူး

ဘာလင်   ‌မေ ၂၅

ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲအဖြစ် တတိယတန်းကလပ်ဘီလီဖီးအသင်းနှင့် ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းတို့ကစားခဲ့ရာ စတုဂတ်အသင်းက လေးဂိုး နှစ်ဂိုးဖြင့် နိုင်ပွဲရခဲ့သဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပိုကယ်ဖလား ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

စတုဂတ်အသင်းသည် ဘီလီဖီးအသင်းကို တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သော်လည်း ပွဲချိန် ၁၅ မိနစ်၊ ပွဲချိန် ၂၂ မိနစ်နှင့် ပွဲချိန် ၂၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန်တွင် ဘီလီဖီးအသင်းက ချေပဂိုးရရှိရေးလူစားလဲမှုများပြုလုပ်ခဲ့ရာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း စတုဂတ်ဂိုးသမား နူဘယ်လက်စွမ်းပြသနိုင်မှုကြောင့် ချေပဂိုးမရရှိခဲ့သည့်အပြင် ပွဲကစားချိန် ၆၆ မိနစ်အရောက်တွင် စတုဂတ်အသင်းကသာ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် စတုဂတ်အသင်းက ပြိုင်ပွဲကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သောကြောင့် ပွဲချိန် ၈၂ မိနစ်နှင့် ပွဲချိန် ၈၅ မိနစ်တို့တွင် ဘီလီဖီးအသင်းက ချေပဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် စတုဂတ်အသင်းက လေးဂိုး ဂိုးမရှိဖြင့် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

စတုဂတ်အသင်းသည် ၁၉၉၇ ခုနှစ်ကလည်း ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် တတိယတန်း ကလပ် ကော့ဘက်စ်အသင်းနှင့် တွေ့ဆုံခဲ့ရာ နှစ်ဂိုးပြတ်ဖြင့် နိုင်ပွဲရယူ၍ ဆုဖလားရရှိခဲ့ပြီး နောက်ပိုင်း ပိုကယ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲနှစ်ကြိမ်တက်ရောက်ခဲ့သော်လည်း ဒုတိယဖြင့်သာ ပြီးဆုံးခဲ့ကာ ၂၈ နှစ် အကြာမှသာ ပထမဆုံးချန်ပီယံဆုဖလား ပြန်လည်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

မြန်မာ့အကောင်းဆုံးလက်ရွေးစင်များကို ရွေးချယ်စေလွှတ်မည့် National Esports Championship ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် မေ ၁၉

ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကြီး National Esports Championship: Road to SEA Game 2025 ကို မေလတတိယပတ်မှစ၍ စတင်ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လက်ရည်စစ်ပွဲအတွက် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်ကျင်းပခဲ့သော MESL Pro series Season 2 မှ လေးသင်း၊ လူငယ်လက်သစ်များအတွက် ရည်ရွယ်သော Foundation Qualifier ပြိုင်ပွဲမှ နှစ်သင်းနှင့် လာမည့် NEC Open Qualifier မှ လေးသင်း စုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ပြိုင်ပွဲအကြောင်း အသေးစိတ်ကို MESL- Myanmar Esports League Facebook Page မှတစ်ဆင့် မေလဒုတိယပတ်မှစတင်၍ ကြေညာသွားမည်ဖြစ်သည်။

မေ ၁၆ ရက် Pan Pacific Hotel ၌ မြန်မာနိုင်ငံ အီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော M Summit 2025 တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ချုပ်မှ ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် မိတ်ဖက်ကုမ္ပဏီများ ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။

ထို့ပြင် လူငယ်အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဖွဲ့ချုပ်သည် တက္ကသိုလ်အဆင့် Esports အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်မှစတင် ၍ ကျင်းပနေပြီး ယခုနှစ်တွင် တက္ကသိုလ်များကို Yangon Region ၊ Other Region နှင့် Private Universities ဟူ၍ ဒေသကြီးသုံးခုခွဲကာ Varsity League Division 1၊ Division 2 နှင့် University Esports Championship ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်အဆင့် အီလက်ထရွန်နစ်အားကစားပြိုင်ပွဲများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲအကြောင်းအသေးစိတ်ကို University Esports Network နှင့် Uni League by MESL Facebook Page တို့မှတစ်ဆင့် ကြေညာသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် Esports အားကစားအသင်းများက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် နိုင်ငံတကာ Esports အားကစားအဖွဲ့ချုပ် (IESF) မှ ကျင်းပသော World Esports Champion-ship တွင် Dota 2 ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ၌ကျင်းပသော SEA Games ပြိုင်ပွဲတွင် Mobile Legends: Bang Bang ပြိုင်ပွဲမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပ သော Hangzhou 19th Asian Games တွင် Honor of Kings ပြိုင်ပွဲတွင် အဆင့် (၅) ကိုလည်းကောင်း အောင်မြင်မှုအသီးသီးရယူထားပြီးဖြစ်ရာ လာမည့် (၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးတွင်လည်း ရလဒ်ကောင်းများရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

Source: MOI

ပြင်သစ်လီဂူးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ ဆွတ်ခူး

ပဲရစ်   မေ ၁၃

ပြင်သစ်လီဂူးပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ ဒမ်ဘီလီသည် ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပထမဆုံး ဘောလုံးရာသီတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် နည်းပြအင်းနရစ်လက်အောက်၌ အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိသူဖြစ်သည်။

ဒမ်ဘီလီသည် ယခုနှစ် ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲ ၂၈ ပွဲ ပါဝင်ကစားပြီးချိန်တွင် ၂၁ ဂိုးထိ သွင်းယူနိင်ခဲ့သကဲ့သို့ ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးက ဦးဆောင်နေပြီး ပီအက်စ်ဂျီအသင်းရာသီမကုန်ဆုံးမီ ပြင်သစ်လီဂူးဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဒမ်ဘီလီသည် ရင်းနက်စ်အသင်းတွင် ကစားခဲ့စဉ် ၂၀၁၆ ခုနှစ်ကလည်း အသင်းနှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးရာ ယခုအခါ တစ်ဦးချင်းအဓိကဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီးညာတောင်ပံကစားသမားအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲများအတွက် ကစားသမားအင်အားဖြည့်တင်းနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးညာတောင်ပံ ကစားသမား EDUARDO ANDRADE BRANDAO အား ခေါ်ယူခဲ့ကြောင်း သိရသည်။

EDUARDO ANDRADE BRANDAO အား အင်ဒိုနီးရှားကလပ် ပါစီကိုတာအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အသက် (၂၇) နှစ်ရှိပြီ ဖြစ်သည်။ EDUARDO ANDRADE BRANDAO သည် ဘရာဇီး ယူ – ၁၇ အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ညာတောင်ပံအပြင်ကွင်းလယ်တိုက်စစ်နေရာပါ ဆော့ကစားနိုင်ပြီး အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် ဒူဘိုင်းနိုင်ငံရှိ ကလပ်အသင်းများတွင်လည်း ခြေစွမ်းပြကစားခဲ့သည့် ကစားတစ်ဦးဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က ပြောသည်။

ရန်ကုန်ယူနိုက်အသင်းသည် ယခုနှစ်ရာသီအတွက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် မိုဂူး၊ အိုင်ဒရစ် နှင့် အိုတိုဆိုင်တို တို့ကိုခေါ်ယူထားခဲ့ပြီး စတုတ္ထမြောက်နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် EDUARDO ANDRADE BRA NDAO ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Source: Popular Myanmar

ကမ္ဘာ့ဖလားပြိုင်ပွဲသည်သာ ရုရှားကို ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှတ်ချက်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှား အတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် အခွင့်အလမ်းရရှိစေခြင်းက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးကတည်းက ရုရှား လက်ရွေးစင်ဘောလုံးအသင်းများကို FIFA နှင့် UEFA မှ နိုင်ငံတကာ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံရလျှင် သမ္မတရာထူး တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့ကတည်းက ယူကရိန်းစစ်ပွဲ ရပ်တန့်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မဲဆွယ်ခဲ့သည်။

လက်ရှိစည်းမျဉ်းများအရ ရုရှားအသင်းသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ရှိသူများနှင့် ၎င်း၏ ရုံးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို လည်း တက်ရောက်ခဲ့သည်။

ဒေါ်နယ်ထရမ့်က ရုရှားအား နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုကို ၎င်းအနေဖြင့် သတိမမူမိကြောင်းလည်း ဝန်ခံခဲ့သည်။

“အဆိုပါကိစ္စကို မိမိအနေဖြင့် သိရှိခြင်းမရှိပါ။ ရုရှားကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားမှုက အမှန်လား” ဟု ဒေါ်နယ်ထရမ့်က အင်ဖန်တီနို ကို မေးမြန်းခဲ့သည်။

အင်ဖန်တီနိုက “အမှန်ပါပဲ။ ရုရှားကို ပြိုင်ပွဲကစားခြင်း မပြုနိုင်ရန် ပိတ်ပင်ခံထားရပါသည်။ သို့သော် တစ်စုံတစ်ရာဖြစ်လာရန်နှင့် ငြိမ်းချမ်းရေးကို မိမိတို့ မျှော်လင့်ထားပါသည်။ ထိုအချက်ကတော့ ရုရှားအနေဖြင့် ပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ရန်ပါ” ဟု တုံ့ပြန်ခဲ့သည်။

ယင်းစကားကိုမူ ဒေါ်နယ်ထရမ့်က “ဒါက ဖြစ်နိုင်ပါသည်။ ကောင်းမွန်သည့် ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ရပ်တန့်ရန် အလိုရှိခဲ့ကြပါသည်။ တစ်ပတ်ကို လူငယ် ငါးထောင်ခန့် အသတ်ခံနေရပါသည်။ ဒါက ယုံနိုင်စရာပင် မရှိပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ရုရှားအား ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမှုသည် အင်ဖန်တီနိုသာ ဆုံးဖြတ်နိုင်ပြီး မိမိအနေဖြင့် မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန်ဒုသမ္မတဖြစ်သူ ဂျေဒီဗန့်က ပြိုင်ပွဲသို့ လာရောက်မည့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမည်ဖြစ်သော်လည်း ပြိုင်ပွဲပြီးဆုံးလျှင် နေရပ်သို့ပြန်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အမေရိကန်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ်ပေါင်း (၁၀၄) ပွဲအနက် (၇၈) ပွဲကို လက်ခံကျင်းပရမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်အနေဖြင့် လာမည့်လတွင်လည်း ပုံစံသစ်ဖြင့် ကျင်းပသွားမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- Eleven Media Group

sport

ချယ်လ်ဆီး   ‌Vs      အဲဗာတန်

ကစားမည့်ရက်/အချိန်

(၂၆-၄-၂၀၂၅ ည ၆:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အဲဗာတန်     ၀       -        ၀       ချယ်လ်ဆီး

ချယ်လ်ဆီး   ‌Vs      အဲဗာတန်

ကစားမည့်ရက်/အချိန်

(၂၆-၄-၂၀၂၅ ည ၆:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အဲဗာတန်     ၀       -        ၀       ချယ်လ်ဆီး

          ချယ်လ်ဆီး   ၆       -        ၀       အဲဗာတန်

          အဲဗာတန်     ၂        -        ၀       ချယ်လ်ဆီး

နောက်ဆုံးကစားတဲ့ သုံးပွဲအနိုင်၊ အရှုံးရလဒ်

ချယ်လ်ဆီး   အိမ်(သရေ)  အိမ်(ရှုံး)       ‌ဝေး(နိုင်)

အဲဗာတန်     အိမ်(သရေ)  ဝေး(နိုင်)      အိမ်(ရှုံး)

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် ရမှတ်လိုအပ် ချက်တွေရှိနေတဲ့  ချယ်လ်ဆီးအသင်းအနေနဲ့  အိမ်ကွင်းမှာ အနိုင်သုံးမှတ်ရဖို့ အမှားခံမှာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းနဲ့ အိမ်ကွင်းမှာတွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ရှိလို့ အခုအိမ်ကွင်းပွဲစဉ်မှာလည်း အကောင်းဆုံးကစားနိုင်မှာပါ။ ချယ်လ်ဆီးအသင်းက ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ အိမ်ကွင်း ၁၆ ပွဲကစားပြီးချိန်မှာ ကိုးပွဲအနိုင်ရရှိပြီး  ငါးပွဲသရေရလဒ်နဲ့ နှစ်ပွဲသာရှုံးနိမ့်ခဲ့လို့  အိမ်ကွင်းဆိုရင်တော့  အသင်းလိုက်ကစားပုံ ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ရမှတ် ၅၇ မှတ်နဲ့အမှတ်ပေးဇယား အဆင့်(၆)နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၄) နေရာကအသင်းနဲ့ ရမှတ်သုံးမှတ်သာကွာဟနေလို့  လက်ကျန်ပွဲစဉ်တွေမှာ အမှားခံမှာမဟုတ်ပါဘူး။

အဲဗာတန်အသင်းကတော့  နည်းပြမိုယက်စ် လက်အောက်မှာ ရလဒ်တွေဆက်တိုက်ပြန်လည် ကောင်းမွန်လာတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားရတိုင်း ရလဒ်ဆိုးရွားလေ့ရှိတာကိုတော့ သတိထားရမှာပါ။ အဲဗာတန်အသင်းက  နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ ငါးပွဲမှာ နော်တင်ဟမ်အသင်းတစ်သင်းတည်းကိုသာ အနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထားလို့ ခြေစွမ်းပိုင်းကတည်ငြိမ်မှုအားနည်းနေပါတယ်။ အဲဗာတန်အသင်းက    ၂၀၀၅   ခုနှစ်  နောက်ပိုင်းကတည်းက ချယ်လ်ဆီးအသင်းအိမ်ကွင်းမှာ တစ်ကြိမ်မှအနိုင်ရရှိခြင်းမရှိဘဲ  အမြင့်ဆုံးသရေ ရလဒ်သာစွမ်းဆောင်နိုင်ခဲ့လို့ အခု ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာလည်း ရုန်းကန်ရဖို့ရှိနေပါတယ်။ အဲဗာတန်အသင်းရဲ့  ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်ရမယ်ဆိုရင်လည်း  ၁၆ ပွဲကစားပြီးချိန်မှာ လေးပွဲသာ အနိုင်ရရှိပြီး  ခြောက်ပွဲသရေရလဒ်နဲ့    ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းက   စိတ်ချလို့ရတဲ့အနေအထားမှာမရှိပါဘူး။    ဒါ့ပြင် အဲဗာတန်အသင်း ခံစစ်ပိုင်းကလည်း      အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တာကောစကီးဒဏ်ရာကြောင့် အနားယူနေရလို့ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေပါတယ်။

ဒီနှစ်သင်းကြား   ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ ချယ်လ်ဆီးအသင်းက  ၁၅ ကြိမ် အနိုင်ရရှိထားပါ တယ်။  အဲဗာတန်အသင်းက  ၁၀   ကြိမ်အနိုင်ရရှိပြီး   ကိုးကြိမ်သ‌ရေရလဒ်  ထွက်ပေါ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းကလည်း ချယ်လ်ဆီးအသင်းက အသာစီးမှာရှိနေလို့   ချယ်လ်ဆီးအသင်းပဲ  အနိုင် ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် - ချယ်လ်ဆီး ၁ - ၀ အဲဗာတန်

             ဘိုင်ယန်မြူးနစ်   ‌    Vs     မိန့်ဇ်

ကစားမည့်ရက်/အချိန်

(၂၆-၄-၂၀၂၅ ည ၈:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မိန့်ဇ်  ၂        -        ၁       ဘိုင်ယန်မြူးနစ်

          မိန့်ဇ်  ၀       -        ၄       ဘိုင်ယန်မြူးနစ်

          ဘိုင်ယန်မြူးနစ်      ၈       -        ၁       မိန့်ဇ်

ဘိုင်ယန်မြူးနစ်      အိမ်(သရေ)  ဝေး(သရေ)   ဝေး(နိုင်)

မိန့်ဇ်  အိမ်(သရေ)  ဝေး(ရှုံး)        အိမ်(သရေ)

‌လက်ကျန်ပွဲစဉ်လေးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိမယ်ဆိုရင် ချန်ပီယံဆုဆွတ်ခူးနိုင်မှာဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းက  အိမ်ကွင်းမှာ အမှား ခံမှာမဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း ထွက်ခွာခဲ့ရပြီဖြစ်လို့ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲဘက်ကို    အပြည့်အဝ အာရုံစိုက်လာမှာပါ။    ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘွန်ဒက်စ်လီဂါ   အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင်လည်း ၁၅ ပွဲကစားပြီးချိန်မှာ ၁၂ ပွဲအနိုင်ရရှိထားပြီး နှစ်ပွဲသရေရလဒ်နဲ့ တစ်ပွဲသာ ရှုံးနိမ့်ထားလို့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက အားရစရာအနေအထားမှာရှိနေပါတယ်။    ဒါ့ပြင် ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်ပိုင်းကလည်း    ပွဲ ၃၀  ကစားပြီးချိန်မှာ   ၈၇   ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ ထက်မြက်မှုရှိနေလို့      မိန့်ဇ်အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။  ဘိုင်ယန် မြူးနစ်အသင်းက  အခုပွဲစဉ်မှာ  ပထမအကျော့က ရှုံးကြွေးကို   ပြန်ဆပ်နိုင်ဖို့  အကောင်းဆုံးပြင်ဆင်လာမှာပါ။

မိန့်ဇ်အသင်းကတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ကျန်ရှိနေသေးတယ်ဆိုပေမယ့် နောက်ဆုံးကစားတဲ့  ငါးပွဲဆက်နိုင်ပွဲပျောက် ဆုံးနေတဲ့အထိ  ခြေစွမ်းပိုင်းကျဆင်းနေပါတယ်။ မိန့်ဇ်အသင်းရဲ့  ဂျာမန်ဘွန်ဒက်စ်လီဂါ  အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင်လည်း၁၅ ပွဲကစားပြီးချိန်မှာ   ခုနစ်ပွဲအနိုင်ရရှိပြီး   နှစ်ပွဲ ရေရလဒ်နဲ့ ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကတော့ သာမန်အနေအထားမှာပဲရှိနေပါတယ်။   မိန့်ဇ်အသင်းခံစစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားအယွင်းတွေများနေလို့ ဟယ်ရီကိန်းဦးဆောင်လာမယ့် ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်ပိုင်းကို  ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ကတော့ ခက်ခဲနေမှာပါ။ 

ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းကိုပြန်ကြည့်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းက  ၂၃  ကြိမ် အနိုင်ရရှိထားပါတယ်။ မိန့်ဇ်အသင်းက  ခုနစ်ကြိမ် အနိုင်ရရှိပြီး   နှစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထား ပါတယ်။ အိမ်ရှင်အားသာချက်၊ လက်ရှိခြေစွမ်းပိုင်း နဲ့ တွေ့ဆုံမှုအပိုင်းမှာ အဘက်ဘက်က အသာစီးမှာ ရှိနေတဲ့   ဘိုင်ယန်မြူးနစ်အသင်းပဲ အနိုင်ရယူသွားမှာပါ။

ခန့်မှန်းရလဒ် - ဘိုင်ယန်မြူးနစ် ၃ -  ၀ မိန့်ဇ်

          လီဟာဗေး    ‌Vs      မိုနာကို

ကစားမည့်ရက်/အချိန်

(၂၆-၄-၂၀၂၅ ည ၁၁:၃၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

           မိုနာကို        ၃       -        ၁       လီဟာဗေး

          မိုနာကို         ၁       -        ၁       လီဟာဗေး

          လီဟာဗေး    ၀       -        ၀       မိုနာကို

နောက်ဆုံးကစားတဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

လီဟာဗေး    ဝေး(နိုင်)      အိမ်(ရှုံး)       ဝေး(ရှုံး)

မိုနာကို         ဝေး(ရှုံး)        အိမ်(နိုင်)      အိမ်(သရေ)

လီဟာဗေးအသင်းက တန်းဆင်းဇုန်ဖိအားတွေ ရှိနေလို့   လက်ကျန်ပွဲစဉ်တွေမှာ   သေချာအာရုံစိုက် ကစားနေတယ်ဆိုပေမယ့်     ခြေစွမ်းပိုင်းကတော့ တိုးတက်မှုမရှိသေးဘဲ ရုန်းကန်နေရပါတယ်။ လီဟာ ဗေးအသင်းက ဒီဘောလုံးရာသီအိမ်ကွင်း စွမ်းဆောင် ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင် ၁၅ ပွဲကစားပြီးချိန်မှာ သုံးပွဲသာအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နဲ့  ၁၁ ပွဲ ရှုံးနိမ့်ထားကာ    အိမ်ကွင်းရလဒ် အဆိုးရွားဆုံး အသင်းအဖြစ်ပါ ရပ်တည်နေလို့ အခုပွဲစဉ်မှာလည်း မိုနာကိုအသင်းကို   ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ ခက်ခဲနေမှာပါ။

မိုနာကိုအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲတိုက် ရိုက်ဝင်ခွင့်အတွက် ရမှတ်လိုအပ်ချက်ရှိနေလို့ အဝေး ကွင်းဆိုပေမယ့် အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိ  မိုနာကိုအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း  လီဟာဗေး အသင်းကိုအနိုင်ရယူဖို့     ခက်ခဲမှာမဟုတ်ပါဘူး။ မိုနာကိုအသင်းက   ချန်ပီယံလိဂ်ပြိုင်ပွဲ  တိုက်ရိုက် ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၃) နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အဆင့်(၄) နေရာက လိုင်လီအသင်းနဲ့ ရမှတ် တစ်မှတ်သာကွာဟနေလို့ လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မဖြစ်တော့ပါဘူး။ မိုနာကိုအသင်းက  ပြီးခဲ့တဲ့ စထရာဘော့အသင်းနဲ့ ပွဲစဉ်မှာ   သရေရလဒ်ကြောင့်   ရမှတ်ဆုံးရှုံးထားလို့ အခုပွဲစဉ်မှာတော့ ရမှတ်ပြည့်ရရှိဖို့အတွက် အမှားခံမှာ မဟုတ်ပါဘူး။

ဒီနှစ်သင်းကြား တွေ့ဆုံမှုအပိုင်းမှာ မိုနာကို အသင်းက သုံးကြိမ်အနိုင်ရရှိထားပါတယ်။ လီဟာ ဗေးအသင်းက တစ်ကြိမ်အနိုင်ရရှိပြီး သုံးကြိမ်သရေ ရလဒ်ထွက်ပေါ်ထားပါတယ်။  နှစ်သင်းစလုံး  ရမှတ်လိုအပ်ချက်တွေရှိနေတယ်ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်းအသာစီးမှာရှိနေတဲ့   မိုနာကိုအသင်းပဲ အနိုင်ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် - လီဟာဗေး ၁ - ၃     မိုနာကို

ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)

          ဘရိုက်တန်   -        ဝက်စ်ဟမ်း

          နယူးကာဆယ်        -        အစ်ဝှစ်ချ်

          ဆောက်သမ်တန်    -        ဖူလ်ဟမ်

          ဝုဗ်     -        လက်စတာ

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၁)

          လေဗာကူဆင်        -        အော့စ်ဘတ်

          ဟော့ဖန်ဟိန်း         -        ဒေါ့မွန်

          ဟူစတိန်ကယ်လ်    -        ဂလာဘတ်

          ဝုဖ်ဘတ်       -        ဖရိုင်းဘတ်

          ဖရန့်ဖတ်      -        လိုက်ပဇစ်

ပြင်သစ်လီဂူးပွဲစဉ်(၃၁)

          စထရာဘော့ -        စိန့်အက်တီယန်

          လိုင်ယွန်       -        ရင်းနက်စ်

စည်သူအောင်

Source: https://myawady.net.mm/

WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံပါရှိလာ

ရန်ကုန်  ဧပြီ ၂၃

မြန်မာလက်ဝှေ့ကော်မရှင် (MBC) ၏ဆောင်ရွက်မှုဖြင့် WBC (ကမ္ဘာ့ဘောက်ဆင်ကောင်စီ)နှင့် OPBF (အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ်) တို့မှပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံပါဝင်လာပြီဖြစ်သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာဘောက်ဆင်ကော်မရှင်ကို ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းပြီး ပြည်တွင်းတွင် ပရော်ဖက်ရှင်နယ်ဘောက်ဆင်ပြိုင်ပွဲများ ကျင်းပခဲ့သလို ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်ဘောက်ဆင်ကော်မရှင်၏ WBC ပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် OPBF ပြိုင်ပွဲများတွင်လည်း မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင်သမားများ သွားရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။

မြန်မာဘောက်ဆင်ကော်မရှင် (MBC) ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် အဖွဲ့ဝင် ၁၆၁ နိုင်ငံရှိသော WBC နှင့် WBC လက်အောက်ခံ OPBF တို့က အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် လက်ခံလိုက်သည့်အတွက် အဆိုပါ အဖွဲ့အစည်းများမှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံကို ထည့်သွင်းပေးခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ဆုကြေးစား ပရော်ဖက်ရှင်နယ် ဘောက်ဆင်အဖွဲ့အစည်းကြီးလေးခုဖြစ်သော WBA၊ WBO၊ WBA နှင့် IBF အဖွဲ့ကြီးလေးခုရှိပြီး အဆိုပါအဖွဲ့ကြီးလေးခုသည် ချိတ်ဆက်ထားသည့်အတွက် WBC အဖွဲ့ဝင်ဖြစ်လာသော မြန်မာဘောက်ဆင်ကော်မရှင် (MBC) ကို အဖွဲ့ဝင်အဖြစ် အဆိုပါ အဖွဲ့ကြီးလေးခုစလုံးက အသိအမှတ်ပြု လက်ခံလိုက်ခြင်းဖြစ်သည်။ ကျန်အခြားအဖွဲ့များ၏ ခါးပတ်များတွင်လည်း မြန်မာနိုင်ငံတော်အလံကို ထည့်သွင်းဖော်ပြမည်ဟု သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးကို ရှမ်းယူနိုက်တက်အသင်းခေါ်ယူ

၂၀၂၅ – ၂၀၂၆ ဘောလုံးရာသီအတွက် အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးအား ရှမ်းယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းကတရားဝင်ထုတ်ပြန်ထားသည်။

၎င်းသည် ရန်ကုန် ယူနိုက်တက်အသင်း၊ ဧရာဝတီ ယူနိုက်တက်အသင်း၊ ဒဂုံစတား ယူနိုက်တက်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၂၄ – ၂၅ ဘောလုံး ရာသီအတွင်း ဒဂုံစတား အသင်းအတွက် (၆) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းဖြစ်သည် ပြည်တွင်း၊ ပြည်ပ ကစားသမားခေါ်ယူမှုများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရှမ်းယူနိုက်တက် အသင်းသည် လာမည့်ဘောလုံးရာသီတွင် ပြည်တွင်းပြိုင်ပွဲ (၂) ခုဖြစ်သည့် Myanmar National Lea gue Cup နှင့် Myanmar National League တို့ကို ယှဉ်ပြိုင်သွားရမည့်အပြင် ပြည်ပပြိုင်ပွဲ (၂)ခုဖြစ်သည့် Shopee Cu p နှင့် AFC Challenge League တို့အား အကောင်းဆုံး ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု အသင်း၏ အသိပေးချက်အရ သိရသည်။

စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

ဘာစီလိုနာ  မတ် ၂၅

စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ရရှိခဲ့ကြောင်း သိရသည်။

အသက် ၆၀ အရွယ် နည်းပြဟန်ဆီဖလစ်သည် ဘာစီလိုနာအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်သူဖြစ်သည်။

ဘာစီလိုနာအသင်းသည် မတ်လအတွင်းကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆိုစီဒက်စ်အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-ဂိုးမရှိ၊ အက်သလတ်တီကို အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံးအနိုင်ရရှိပြီး ချန်ပီယံဆုအတွက် အရေးပါသည့် ပွဲစဉ်များတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် နည်းပြဟန်ဆီဖလစ်သည် မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့်အသင်းတစ်သင်းဖြစ်သော အက်သလက်တီကိုအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားခဲ့ရာ ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် အဆင့်(၂)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး ရမှတ်တူဖြင့် ထိပ်ဆုံးမှဦးဆောင်နေသကဲ့သို့ အဆင့် (၃) နေရာမှ အက်သလက်တီကိုအသင်းကို လေးမှတ်ဖြတ်တောက်ကာ ချန်ပီယံဆုအတွက် ရေပန်းစားလာကြောင်း သိရသည်။

Source: မြဝတီသတင်းစာ