သတင်းများ

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမား အသက် ၁၁၄ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမားအဖြစ် ယူဆရသည့် ဗြိတိန်-အိန္ဒိယနိုင်ငံသား Fauja Singh သည် ကားတိုက်မှုကြောင့် အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။

Fauja Singh သည် ပန်ဂျပ်ပြည်နယ်ရှိ ၎င်း၏ မွေးရပ်ကျေးရွာလေး၌ လမ်းဖြတ်ကူးနေစဉ် အမည်မသိရသေးသူ မောင်းနှင်လာသော ကားဖြင့် ဝင်တိုက်မိသဖြင့်ဒေသခံများက ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးကြသော်လည်း အချိန်မမီဘဲ ဆုံးပါးသွားပြီဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

Fauja Singh သည် အသက် ၁၀၀ ကျော်အထိ အသက်အရွယ်အလိုက် ကျင်းပသော မာရသွန်ပြေးပွဲများ ပါဝင်ယှဉ်ပြိုင်ကာ စံချိန်အကြိမ်ကြိမ် ချိုးနိုင်ပြီး ကမ္ဘာကျော်လာသူ တစ်ဦးဖြစ်ပါသည်။ အသက် ၈၉ နှစ် အရွယ် တွင် အပြေးပြိုင်ပွဲများတွင် စတင်ပြေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၉ ကြိမ်တိုင်တိုင် ဝင်ရောက် ယှဉ်ပြိုင် ပြီးနောက် နောက်ပိုင်းတွင် အနားယူခဲ့ပါသည်။ 

BBC အနေဖြင့် ၎င်းနှင့်နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က အင်တာဗျူးရာတွင် မိမိမှာ နေ့စဉ် ရွာတစ်ဝိုက် မိုင်အနည်းငယ်စီ လမ်းလျှောက်ကာ ကျန်းမာရေး ကို ဂရုစိုက်ရပါကြောင်း၊ လူတစ်ယောက်သည် မိမိခန္ဓာကိုယ်ကို မိမိ ကိုယ်တိုင်သာ ဂရုစိုက်ရမည် ဖြစ်ကြောင်း ပြောကြားဖူးပါသည်။

Fauja Singh ကွယ်လွန်မှုသတင်းကြောင့် ဂုဏ်ပြုစကားများ များစွာ ထွက်ပေါ်လာခဲ့ပါသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက Fauja Singh သည် မယုံကြည်နိုင်အောင် စိတ်ဓာတ်ခိုင်မာသူ အထူးချွန်ဆုံး အားကစား သမား ဟု ဂုဏ်ပြုပြောကြားလိုက်ပါသည်။ 

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။

အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း ဦးဆောင်၍ အသင်းအုပ်ချုပ်သူ ၊ နည်းပြအပါအဝင် အားကစားသမား စုစုပေါင်း (၁၁)ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအထောက်အကူပြုအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှတာဝန်ရှိသူများ နှင့်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်း သား /သင်တန်းသူများ ၊မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲပထမနေ့တွင်ပင် အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၁,၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသားကယက် တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးနိုင်ခဲ့ကြသည်။

ပြိုင်ပွဲဒုတိယနေ့တွင်လည်း အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကယက် လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမ ရရှိခဲ့ကြ‌ကြောင်း
သိရသည်။

Popular Myanmar

လာအိုအိမ်ကွင်း အဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်ဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သု၀ဏ္ဏဘောလုံးကွင်း အတွင်းပြောင်းရွှေ့ယှဥ်ပြိုင်မည်

AFC Challenge League Play-Off ပွဲစဉ်အဖြစ် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် လာအိုကလပ် Ezra FC သည် အိမ်ကွင်းအဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်နှင့် ပွဲစဥ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း AFC သတင်းရင်းမြစ်များထံက ကနဦးသိရသည်။

အလားတူ လာအိုကလပ် Ezra FC သည် ရှမ်းယူနိုက်တက်အသင်းဖြင့် ကစားရမည့် Shopee Cup Play-Off အိမ်ကွင်းပွဲစဥ်ကိုလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၊ ချွန်ဘူရီကလပ်ပိုင်ကွင်းအား ပြောင်းရွှေ့ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်နှင့် Ezra FC တို့၏ AFC Challenge League Play- Off ပွဲစဉ်အား လာမည့်ဩဂုတ်လ ၁၂ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ တစ်ကျော့စနစ်ဖြင့် ကစားရမည်ဖြစ်ကာ အနိုင်ရသည့်အသင်းမှာ အုပ်စုအဆင့်ကို တက်ရောက်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်တွင် soccer ကို football အဖြစ် အမည်ပြောင်းလဲရန် ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအတွင်းတွင် အားကစားနှင့်ပတ်သက်၍ အသုံးပြုပြောဆိုနေသော soccer ကို football အဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲကြရန် ညွှန်ကြားချက် ထုတ်ပြန်နိုင်ကြောင်း DAZN ရုပ်မြင်သံကြား အစီအစဉ်သို့ ပြောကြားလိုက်ပါသည်။

အခြားသော အင်္ဂလိပ်စကားပြောနိုင်ငံအများစုတွင် အဆိုပါ အားကစားကို football ဟုသာ ခေါ်ဆိုလေ့ရှိပြီး အမေရိကန်တွင် soccer ဟု သုံးစွဲ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ 

“မိမိအနေဖြင့် ထိုသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်မည်ဟု ထင်ပါသည်” ဟု ဒေါ်နယ်ထရမ့် အားကစားနည်း အမည်ပြောင်းလဲရန် အမိန့် ထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိ အင်တာဗျူးမေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားသွားပါသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် ဇူလိုင် ၁၃ ရက်က ကျင်းပသော ကမ္ဘာ့ဖလား ကလပ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြသော အင်္ဂလန် ပရီးမီးယားနာမည်ကြီး ချဲလ်ဆီးအသင်းနှင့် ပြင်သစ်နိုင်ငံ Paris Saint-Germain အသင်းတို့ ပွဲသို့ တက်ရောက် အားပေးကာ ဆုချီးမြှင့်ပေးခဲ့ ပါသည်။ 

ကိုးကား- TASS

သမ္မတ ဒေါ်နယ်ထရမ့်က မူရင်း FIFA Club World Cup ဖလားသည် အိမ်ဖြူတော်ရှိ Oval Office တွင် ရှိသည်ဟု ဆို

မတ်လတွင် FIFA ဥက္ကဋ္ဌ Gianni Infantino ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က FIFA ကလပ်ကမ္ဘာ့ဖလားဆုကို သမ္မတ ဒေါ်နယ် ထရမ့်ထံ အပ်နှင်းခဲ့သည်ဟု သိရှိရသည်။ ဇူလိုင် ၁၃ ရက်နေ့ ဗိုလ်လုပွဲ အပြီးတွင် အမေရိကန်သမ္မတက DAZN သို့ ပြောကြားရာတွင် FIFA ဥက္ကဋ္ဌက FIFA Club World Cup ဆုဖလား ကို အိမ်ဖြူတော် Oval Office တွင် အမှတ်တရထားရှိရန် ၎င်းကို ပေးအပ်ခဲ့သည် ဟုဆိုသည်။ 

ချန်ပီယံအသင်းဖြစ်သည့် Chelsea အတွက် ဖလားအသစ်တစ်ခု ထပ်မံ ပြုလုပ်ခဲ့ပြီး မူရင်းဖလားသည် Oval Office တွင် ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ FIFA မှ ထရမ့်၏ ပြောဆိုချက်နှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ပုံမှန်အားဖြင့် ဗိုလ်စွဲအသင်းသည် မူရင်းဖလားကို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ရရှိပြီး ၎င်းတို့၏ အောင်ပွဲကို ကျင်းပကြသည်။ ထို့နောက် ကျင်းပရေးကော်မတီမှ မိတ္တူဖလားကို ချီးမြှင့်ကာ မူရင်းဖလား ကို ပြန်လည်သိမ်းဆည်းလေ့ရှိသည်။

ချယ်လ်ဆီးသည် PSG ကို ဗိုလ်လုပွဲတွင် ၃-၀ ဖြင့် အနိုင်ရပြီး ကလပ် ကမ္ဘာ့ဖလားကို ရရှိခဲ့သည်။ ဆုတံဆိပ်ချီးမြှင့်ပွဲတွင် FIFA ဥက္ကဋ္ဌ Gianni Infantino က သမ္မတ Trump အား ရွှေတံဆိပ်တစ်ခုလည်း ပေးအပ် ခဲ့သည်။ 

လူမှုကွန်ရက်စာမျက်နှာ X (Twitter) တွင် ပရိသတ်များက ဟာသ ပြုလုပ်ကြသည်မှာ Trump အားပေးအပ်ခဲ့သော ရွှေတံဆိပ်သည် အမှန် တွင် Chelsea အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်ဆင်ချိန်၌ ပါဝင် ခဲ့သော Noni Madueke (ဗိုလ်လုပွဲမတိုင်မီ Arsenal သို့ပြောင်းရန် အင်္ဂလန်သို့ ပြန်သွားသဖြင့် ဗိုလ်လုပွဲတွင် မပါဝင်ခဲ့) ၏ တံဆိပ် ဖြစ်နိုင် သည်ဟု ပြောဆိုကြသည်။

၂၀၂၅ FIFA Club World Cup သည် ပုံစံအသစ်ဖြင့်ကျင်းပသည့် ပထမဆုံး ကလပ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်သည်။ ယခင်ကဲ့သို့ တိုက်ကြီး များ၏ ချန်ပီယံများကိုသာ ဖိတ်ကြားခြင်းမဟုတ်ဘဲ FIFA က အသင်း အရေအတွက်ကို ၃၂ သင်းအထိ တိုးမြှင့်ကာ ကမ္ဘာ့ဖလားကဲ့သို့ပင် ၈ အုပ်စုခွဲခဲ့သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ အဆိုပါ ပြိုင်ပွဲသည် ပရိသတ် ၂.၅ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကာ ဗိုလ်စွဲသည့်အသင်းသည် ဒေါ်လာ ၁၂၅ သန်းခန့် ရရှိခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

သမ္မတ Trump သည် FIFA Club World Cup ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုမည်

သမ္မတ Donald Trump သည် ဇူလိုင် ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၊ နယူးဂျာစီရှိ Metlife Stadium တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် FIFA Club World Cup ဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုမည်ဟု ကြေညာခဲ့သည်။

FIFA ဥက္ကဋ္ဌ Gianni Infantino က New York ရှိ Trump Tower တွင် FIFA ၏ရုံးခွဲဖွင့်လှစ်မည်ဟု ကြေညာပြီးနောက် တစ်ရက်အကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအဆောက်အဦတွင် Chelsea နှင့် Fluminense ၊ Real Madrid နှင့် PSG တို့ ယှဉ်ပြိုင်ကြမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များမှ ဗိုလ်လုပွဲမတိုင်မီအထိ FIFA Club World Cup ဆုတံဆိပ်ကို ပြသထားမည်ဖြစ်သည်။

အမေရိကန်သမ္မတနှင့် Mr. Infantino တို့သည် တာဝန်များမှ မအားလပ်သည့်ကြား မကြာခဏတွေ့ဆုံလေ့ရှိကြပြီး Infantino နှင့် သမ္မတ Trump ၏ ဆက်ဆံရေးပုံစံကို အများက အထူးနှစ်သက် သဘော ကျကြောင်း သိရှိရသည်။ “လက်ရှိ FIFA Club World Cup နှင့် လာမည့် နှစ်ကျင်းပမည့် World Cup တို့အတွက် အမေရိကန်အစိုးရနှင့် သမ္မတ Trump ထံမှ ကြီးမားသောပံ့ပိုးမှုများ ရရှိခဲ့ပါသည်” ဟု Mr. Infantino က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ “FIFA သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဖြစ်သောကြောင့် New York အပါအဝင် နေရာတိုင်းမှာ မိမိတို့ ရှိနေဖို့လိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇူလိုင် ၁၄ ရက် တွင် MetLife Stadium ၌ ကျင်းပမည့် ဗိုလ်လုပွဲသည် ထရမ့်၏ ပထမဆုံး FIFA Club World Cup တက်ရောက်မှု ဖြစ်လာမည် ဖြစ်သည်။ ၁၉၉၄ ခုနှစ် World Cup ပြိုင်ပွဲကျင်းပစဉ်က အမေရိကန် သမ္မတ Bill Clinton နှင့် ဇနီး Hilary တို့သည် ၁၉၉၄ ခုနှစ် ဇွန်လ ၁၇ ရက်က Chicago ရှိ Soldier Field တွင် ဖွင့်ပွဲအခမ်းအနားနှင့် လက်ရှိ ချန်ပီယံ ဂျာမနီနှင့် ဘိုလီးဗီးယားတို့၏ ပြိုင်ပွဲကို တက်ရောက်ခဲ့ဖူးသည်။ ယခုအခါ ၃၁ နှစ်အကြာတွင် အမေရိကန်သမ္မတတစ်ဦးကFIFA ဘောလုံး ပြိုင်ပွဲကို ပြန်လည်ကြည့်ရှုတော့မည် ဖြစ်သည်။

MetLife Stadium တွင် ပထမအကြိုဗိုလ်လုပွဲ၌ Chelsea က Fluminense ကို ၂-၀ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် ပထမဆုံးအသင်းဖြစ်ခဲ့ပြီး ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် Real Madrid နှင့် PSG တို့သည် ဇူလိုင် ၁၀ ရက် (ကြာသပတေးနေ့)တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ဗိုလ်လုပွဲသည် ဥရောပအသင်းနှစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ဖြစ်လာမည်ဖြစ်သည်။

MNL League Cup ပြိုင်ပွဲတလျောက် ရှုံးပွဲမရှိ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ဒုတိယအကြိမ် ကျင်းပသည့် MNL League Cup ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့သည့်အပြင် ချန်ပီယံဆုကိုပါ ရန်ကုန်ယူနိုက်တက်အသင်းက ဆွတ်ခူးခဲ့သည်။

ယမန်နေ့ ဇူလိုင် (၆) ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပသည့် MNL League Cup 2025 ဗိုလ်လုပွဲစဉ်၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်း၏ ဂျပန်တောင်ပံတိုက်စစ်ကစားသမား အိုင်တိုဆာတို၏ (၅၄)မိနစ်တွင် သွင်းယူသည့် တစ်လုံးတည်း သောသွင်းဂိုးဖြင့် ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် MNL League Cup 202 5 အုပ်စု(ခ)တွင် အုပ်စုပထမနေရာရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆိုပါအဆင့်တွင် ဟံသာဝတီယူနိုက်တက်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် (၃ -၁) ဂိုး၊ ဆီမီးဖိုင်နယ်တွင် ရတနာပုံအသင်းကို (၃-၁)ဂိုး၊ ဗိုလ်လုပွဲစဉ်တွင် (၁)ဂိုး ဂိုးမရှိဖြင့် ရှမ်းယူနိုက်တက်ကို အနိုင် ရဗိုလ်စွဲခဲ့သည်။

MNL League Cup 2024 တွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

MNL League Cup 2025 ပြိုင်ပွဲတွင် သွင်းဂိုး(၇) ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုရရှိသည့် ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး ရန်ကျော်ထွေးအား ဆုငွေကျပ် (၁၀) သိန်းနှင့် အမှတ်တရဆုတံဆိပ်၊ ဒုတိယရရှိသည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းငွေတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း (၂၀၀)၊ MNL League Cup 2025 ပြိုင်ပွဲတွင် ပထမရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆု၊ ဆုကြေးငွေကျပ်သိန်း (၃၅၀)နှင့် ချန်ပီယံဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

၂၀၂၄-၂၀၂၅ ရာသီမှ စတင်ကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပြောင်းလဲကျင်းပလျက်ရှိရာ ပြိုင်ပွဲဝင်အသင်းများ လိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှု ပြုလုပ်နိုင်ရန်နှင့် ကစားသမားများပြိုင်ပွဲပြတ်လပ်မှုမရှိစေရန် MNL League Cup ပြိုင်ပွဲကို ပြိုင်ပွဲသစ်တစ်ခုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်   ဇူလိုင် ၅

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်တွင် ချဲလ်ဆီးအသင်းက ပါမီးယက်စ် အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်ပွဲ ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘင်ဖီကာ အသင်းနှင့် တွေ့ဆုံခဲ့သော်လည်း အချိန်ပိုသွင်းပိုး လေးဂိုး တစ်ဂိုးဖြင့် နိုင်ပွဲရခဲ့ပြီး အခြားရှုံးထွက်အဆင့်မှ အင်တာမီလန်အသင်းနှင့် မန်စီးတီးအသင်းတို့အနေဖြင့် ရှုံးပွဲကြုံခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် လမ်းကြောင်းတွင် ချဲလ်ဆီးအသင်းက အခွင့်အရေးများခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည်ကွာတား ဖိုင်နယ်အဆင့်တွင် ဘရာဇီးကလပ် ပါမီးယက်စ်အသင်းနှင့် ကစားခဲ့ရသဖြင့် အဘက်ဘက်ကအသာစီး ရယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၆ မိနစ်တွင် ချာလိုဘတ်၏ဖန်တီးမှုမှ ပယ်မာက ဦးဆောင်ဂိုးသွင်းယူ၍ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ချေပဂိုး ရရှိရေး တိုက်စစ်ကစားပုံ မြှင့်တင်လာသည့် ပါမီးယက်စ်အသင်းက ပွဲချိန် ၅၃ မိနစ် အရောက်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိရန် အကြိတ်အနယ်ရှိခဲ့ကာ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့် ပွဲချိန် ၈၃ မိနစ်တွင် ဝီဘာတန်၏ ကိုယ့်ဂိုးကို သွင်းယူမှုမှ အနိုင်ဂိုးရခဲ့ပြီး နှစ်ဂိုး တစ်ဂိုးဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့သည်။

ချဲလ်ဆီးအသင်းသည် ဆီမီး ဖိုင်နယ်အဆင့်တွင် ဖလူမီနန်စီ အသင်းနှင့်တွေ့ဆုံခဲ့ပြီး ယင်းပွဲစဉ်ကို လာမည့် ဇူလိုင် ၉ ရက်တွင် ကစားရမည်ဖြစ်ကြောင်းသိရသည်။

ရတနာပုံသတင်းစာ

ချန်ပီယံလုပွဲလာကြည့်မည့် ပရိတ်သတ်အား အပြိုင်အဆိုင် စပွန်ဆာပေး ဖိတ်ခေါ်နေသည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်

ယနေ့ ဇူလိုင် (၆) ရက် ညနေပိုင်းအချိန်၌ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ပြည်တွင်း အင်အားကြီး ကလပ်အသင်းများဖြစ်သည်နှင့်အညီ ပြိုင်ဘက်အသင်းနှစ်သင်းသည် ပရိတ်သတ်များ ကွင်းအတွင်း လာရောက်အားပေးနိုင်ရေးအတွက် စပွန်ဆာများ အပြိုင်အဆိုင်ပေးကာဖိတ်ခေါ်နေကြသည်ကို တွေ့ရသည်။

လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက် အသင်းက ယနေ့ ဗိုလ်လုပွဲစဉ်အတွက် ကွင်းအတွင်း လာရောက်ကြည့်ရှုမည့် ပရိတ်သတ်အား ရှမ်းယူနိုက်တက်ဂျာစီ သို့မဟုတ် ရှမ်းယူနိုက်တက် ဂျာစီအနီ (သို့) အင်္ကျီအနီရောင် ဝတ်ဆင်လာသူများကို အထူးတန်းလက်မှတ် အခမဲ့အဖြင့် စီစဥ်ပေးမည်ဟု အသိပေးထားသည်။

အလားတူ ပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့်လည်း ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် အသင်းပရိတ်သတ်အတွက် ကြို/ပို့ကားများ စီစဉ်ပေးထားသည့်အပြင် ပွဲလက်မှတ်၊ အင်္ကျီ၊ Royal-D တို့ကိုလည်း အခမဲ့ ပံ့ပိုးပေးသွားမည်ဟု ဆိုထားသည်။

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွင်း နှစ်ဖက်ပရိတ်သတ် မည်မျှများပြားမည်ကို စောင့်ကြည့်ရမည့်အပြင် ပြိုင်ဘက်အသင်းနှစ်သင်း မည်သူဗိုလ်စွဲမည်ဆိုသည်ကိုလည်း စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်။

လတ်တလော မြန်မာပရိတ်သတ်မှာ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစစ်ပွဲစဉ်များကို မိုးထဲလေထဲ တခဲနက် လာရောက်အားပေးခဲ့ကြသည်လည်းကို မြင်တွေ့ခဲ့ရသည်။

ပုံစာ – အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစမ်း ပွဲတစ်ခု၌ လာရောက်အားပေးကြသည့် ပရိတ်သတ်မြင်ကွင်းပုံရိပ်အချို့