သတင်းများ

မတ္တရာမြို့နယ်တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် ကြားရှိ ထန်းပင်ကုန်းကျေးရွာ တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှု များပြား လာသည်ကို တွေ့ရသည်။

တပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ TNLA/PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်သမား သေဆုံးရုပ်အလောင်းမှတ်တမ်းများ ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် အကြမ်းဖက် သမား သေဆုံးဓာတ်ပုံများ ထပ်မံဖော်ပြထားသည်။

Nissan ၏ ရှယ်ယာများဝယ်ယူရန် Foxconn က Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြထား

Foxconn ဟုလူသိများသော Hon Hai Precision Industry သည် ဂျပန်နိုင်ငံ၏ Nissan Motor ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန်အတွက် ပြင်သစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာတစ်ခုက ဖော်ပြထားပါသည်။

၎င်းလုပ်ငန်း၏ အဓိကတာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဗဟိုသတင်းအေဂျင်စီ (CNA) က ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပါသည်။

holiday

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်မည်

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၂၁ ရက် ၊မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ MRTV Parliament Channel ၊ MRTV NRC Channel နှင့် MRTV App အပါအဝင် MRTV Online Platform တို့မှလည်း ည ၇ နာရီ ၁၅ မိနစ်မှစတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Source: ၂၁-၁၂-၂၀၂၄ ရက်နေ့ထုတ်ကြေးမုံသတင်းစာ

တရုတ်နိုင်ငံ ကမ္ဘာ့အကြီးဆုံးလေဆိပ် ၂၀၃၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံသည် လူလုပ်ကျွန်းတုပေါ်တွင် ကမ္ဘာ့ အကြီးဆုံး လေဆိပ်ကို တည်ဆောက်နေပါသည်။

လေဆိပ်ကို Dalian Jinzhou Bay အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟုခေါ်တွင်ပြီး နိုင်ငံ၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် လက်ရှိတည်ဆောက်ဆဲဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းလေးခု၊ စတုရန်းမီတာ ၉၀၀,၀၀၀ (၉၆၉,၀၀၀ စတုရန်းပေ) ကျယ်ဝန်းသောဂိတ်ဝင်ပေါက်များဖြင့် စုစုပေါင်း ၂၀ စတုရန်းကီလိုမီတာ ရှိမည်ဟု သိရပါသည်။ 

တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ကွန်ဂရက်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် ဥပဒေကို လာမည့်ရက်များတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ယင်းဥပဒေသည် အစိုးရလုပ်ငန်းများကို မတ်လလယ် အထိငွေကြေးထောက်ပံ့မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းတွင် ပါဝင်နေကြောင်း လွှတ်တော်အမတ် များက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြောကြားလိုက် သည်။

ဆီးရီးယားအာဏာသိမ်းမှုဖြစ်စဉ်တွင် အမြတ်ရရှိသွားသည်မှာ အစ္စရေးဖြစ်ကြောင်း ပူတင် ပြောဆို

ဆီးရီးယားတွင် အာဏာရှင်အစိုးရကို တော်လှန်ရန် အတွက် ပြည်တွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် များ စုပေါင်းပြီး ယခုလအစောပိုင်းက တစ်ပြိုက်နက် တိုက်ခိုက်မှုလုပ်လိုက်ခြင်းကြောင့် အာဆတ်အစိုးရ ပြုတ်ကျသွားခဲ့ရသည်။ တော်လှန်ရေးအောင်မြင်ခဲ့သော်လည်း အကျိုးအမြတ် ရရှိခဲ့သူသည် ပြည်တွင်း နိုင်ငံရေးအင်အားစုများမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အစ္စရေးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကဆိုလိုက်ပါသည်။ 

အစ္စရေးက ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသနယ်မြေ အများအပြားကို တပ်စွဲထားပြီး နယ်ချဲ့သိမ်းယူနိုင်ခဲ့ပါသည်။

မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၈ ရက်နေ့က နယ်မြေရှင်းလင်းစဉ် မြို့၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သမား အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ်၊ ၁၀၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း သိရသည်။

နှိမ်နင်းဆောင်ရွက်စဉ်အတွင်း အကြမ်းဖက်သမား ၁ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၈၆ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post

ငါန်းဇွန်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသမီးသမီးကို PDF အကြမ်းဖက် သမားများက ရက်စက်စွာ သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အနောက်ဘက် ၂ မိုင် ခန့်အကွာရှိ ဆပ်ပြာကျင်းကျေးရွာအတွင်းသို့ ၁၉-၁၂-၂၀၂၄ ရက်နေ့ ၁၃း၃၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမား အင်အား ၇၀ဦးခန့်သည် ဆိုင်ကယ်များ၊ Light truck မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး ငါန်းဇွန်မှ ဆပ်ပြာကျင်းရွာသို့ ခေတ္တခွင့်ဖြင့်ပြန်သွားသည့် ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကြည်သောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးပေ၏ဇနီးဖြစ်သူ ဒေါ်ယမင်းသူတို့အားPDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

EU က ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ပေးခဲ့

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း၊နောက်ကြောင်း ပြန်ကြည့်ပါက ဥရောပသည် ယခု အချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးထားကြောင်း၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီ အစည်းအဝေးအပြီး သတင်းထောက် များအား ပြောကြားခဲ့သည်။