EU က ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ပေးခဲ့
ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း၊နောက်ကြောင်း ပြန်ကြည့်ပါက ဥရောပသည် ယခု အချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးထားကြောင်း၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီ အစည်းအဝေးအပြီး သတင်းထောက် များအား ပြောကြားခဲ့သည်။
သူမ၏စကားအရဆိုလျှင် ဥရောပသမဂ္ဂသည် ယူကရိန်း ကို အမေရိကန်ထက် လက်နက်များ ပိုမိုပေးအပ် ခဲ့သည်။ Ursula von der Leyen ၏ အဆိုအရ EU သည် ယူကရိန်းသို့ ပေးပို့သော လက်နက်များ၏ ၄၇% နှင့် US မှ ၄၀% ခန့်ကို ထောက်ပံ့ပေးနေကြောင်း သိရသည်။
ဘရပ်ဆဲလ်သည် လာမည့်နှစ်တွင် ယူကရိန်းနိုင်ငံသို့ ငွေကြေးအကူအညီ ယူရို ၃၀.၆ ဘီလီယံ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေကြောင်း၊ အဆိုပါ ကိန်းဂဏန်းတွင် လက်နက်များ ပေးအပ်ခြင်းမပါဝင်ကြောင်း သူမက ပြောကြားခဲ့သည်။
NATO အဖွဲ့ အတွင်းရေးမှူးချုပ် Mark Rutte က “NATO အဖွဲ့ဝင်နိုင်ငံများဆီက လက်နက် ၉၈ ရာခိုင်နှုန်း ကို ကိယက်ဗ်အတွက် လက်ခံထားသည်” ဟု ပြောကြား ခဲ့သည်။
ကိုးကား-Myanmar National Post