ငါန်းဇွန်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသမီးသမီးကို PDF အကြမ်းဖက် သမားများက ရက်စက်စွာ သတ်ဖြတ်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အနောက်ဘက် ၂ မိုင် ခန့်အကွာရှိ ဆပ်ပြာကျင်းကျေးရွာအတွင်းသို့ ၁၉-၁၂-၂၀၂၄ ရက်နေ့ ၁၃း၃၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမား အင်အား ၇၀ဦးခန့်သည် ဆိုင်ကယ်များ၊ Light truck မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး ငါန်းဇွန်မှ ဆပ်ပြာကျင်းရွာသို့ ခေတ္တခွင့်ဖြင့်ပြန်သွားသည့် ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကြည်သောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးပေ၏ဇနီးဖြစ်သူ ဒေါ်ယမင်းသူတို့အားPDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
ဦးကြည်သောင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၂ချက်၊ ဒေါ်ယမင်းသူတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ ယာလက် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့သည်။
PDF အကြမ်းဖက်သမားများသည် ဌာနေပြည်သူ့စစ် အဖွဲ့ဝင် ဦးထွန်းပိုင်၏ဇနီးဖြစ်သူ ဒေါ်မော်နှင့် သားဖြစ်သူ မောင်အောင်မျိုးဇော် တို့အား ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးအောင်ညွန့်ဝင်း ပိုင်ဆိုင်သည့် Hijet မော်တော်ယာဉ် 7N/6754 အား မောင်းနှင်ယူ ဆောင်ကာ ကုလကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် များမှ PDF အကြမ်းဖက်သမားများနောက်သို့ လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ကိုးကား-Myanmar National Post