မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်

News Image

  • မြိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၈ ရက်နေ့က နယ်မြေရှင်းလင်းစဉ် မြို့၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သမား အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ်၊ ၁၀၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း သိရသည်။

နှိမ်နင်းဆောင်ရွက်စဉ်အတွင်း အကြမ်းဖက်သမား ၁ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၈၆ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post