မတ္တရာမြို့နယ်တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် ကြားရှိ ထန်းပင်ကုန်းကျေးရွာ တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှု များပြား လာသည်ကို တွေ့ရသည်။
တပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ TNLA/PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်သမား သေဆုံးရုပ်အလောင်းမှတ်တမ်းများ ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် အကြမ်းဖက် သမား သေဆုံးဓာတ်ပုံများ ထပ်မံဖော်ပြထားသည်။
မတ္တရာမြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက် သမားများသည် မစဖအဖွဲ့ဝင် ဗိုလ်မှူးကို လုပ်ကြံသတ်ဖြတ်သည်အထိ လုပ်ဆောင်ခဲ့ကြသည်။ မတ္တရာမြို့နယ်အတွင်း TNLA/PDF အကြမ်းဖက်သမားများ အခြေပြု လှုပ်ရှားနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ကိုးကား-Myanmar National Post
MM-News-Category