သတင်းများ

ဇီလန်စကီးက ရုရှားတွင် အစိုးရအပြောင်းအလဲပြုလုပ်ရန် တောင်းဆို

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အနောက်နိုင်ငံများအား မော်စကိုတွင် အစိုးရအပြောင်းအလဲပြုလုပ်ရန်အတွက် ဖိအားပေးရန် တောင်းဆိုခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ရုရှား၏ကျူးကျော်မှုမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

မိုင် ၃၀၀ အကွာရှိပစ်မှတ်ကို ဆံခြည်မျှင်မလွဲ  တိကျစွာထိမှန်စေမယ့် PrSM

ဩစတြေးလျတပ်မတော်ဟာ မကြာသေးခင်ကပဲ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတစ်ခုကို လုပ်ဆောင်လိုက်ပါတယ်။ အဲဒီလုပ်ဆောင်မှုမှာ Precision Strike Missile (PrSM) လို့ခေါ်တဲ့ ဒုံးကျည်တစ်စင်းကိုစမ်းသပ်ပစ်ခတ်မှုတစ်ခုလည်း ပါဝင်ပါတယ်။ PrSM ဆိုတာ  တစ်နည်း ပြောရရင် ထိမလွဲဒုံးကျည်တစ်မျိုးပါ။ သူ့ကို လော့ဟိ မာတင်ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပါတယ်။ ‌အဲဒီဒုံးကျည်ကိုပစ်ခတ်ဖို့အတွက် အသုံးပြုထားတဲ့ လောင်ချာက High Mobility Artillery Rocket System (HIMARS) စနစ်ဖြစ်ပါတယ်။ PrSM ဒုံးကျည်ကို မျိုးဆက်သစ်ဒုံးကျည်လို့လည်း ခေါ်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ မိုင် ၃၀၀ အကွာမှာရှိတဲ့ ပစ်မ

ထောက်လှမ်းရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မယ့် သက်ရှိပိုးဟပ်

ပိုးဟပ်တစ်ကောင်ကို စစ်ဆင်ရေးမှာအသုံးချနိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ စက် ရုပ်ပိုးဟပ်မျိုး ဆိုရင်တော့ စစ်ဆင်ရေးလုပ် ငန်းတွေမှာ ကောင်းကောင်းကြီးအသုံးချနိုင်မှာပေါ့။ သက်ရှိပိုးဟပ် တစ်ကောင်ဆိုရင်တော့ မဖြစ်နိုင်ဘူး လို့ပဲထင်မြင်ယူဆရမှာပါ။ ဒါပေမဲ့ သာမန်အားဖြင့် မဖြစ်နိုင်ဘူးလို့      ထင်မြင်ယူဆထားတဲ့အရာက လက်တွေ့မှာဖြစ်လာပါပြီ။  အဲဒါကတော့  သက်ရှိပိုးဟပ်ကို စစ်ဆင်ရေးမှာ    လက်တွေ့အသုံးချနိုင်စေရေးအတွက် လုပ်ဆောင်မှုဖြစ်ပါတယ်။

ဂျပန်က ဆူနာမီသတိပေးချက်များအားလုံးကို ရုပ်သိမ်း

ရုရှားနိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်း၌ အလွန်အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ဂျပန်အစိုးရက ဇူလိုင်လ ၃၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်၌ ပြင်းအား ၈ ဒသမ ၈  ရစ်(ခ်)တာစကေးရှိ  ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံမိုးလေဝသဌာနက နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးဒေသမှ နိုင်ငံအနောက်ပိုင်းရှိ ဝါကာယာမာဒေသအထိ  ဆူနာမီလှိုင်းရိုက်ခတ်နိုင်မှု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံက ထိန်းသိမ်းထားသော စစ်သည်များကို ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရတောင်းဆို

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းထားသော ကမ္ဘောဒီးယား စစ်သည် ၂၀ ကိုပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရက   ဇူလိုင်လ ၃၁ ရက်တွင် တောင်းဆိုလိုက်ကြောင်း   သိရသည်။

မြစ်ကမ်းအနီးနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်

နေပြည်တော် ဇူလိုင် ၃၁

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံများသို့ တက်ရောက်

ရန်ကုန် ဇူလိုင် ၃၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံ (Young Leaders Peace Dialouge and The World Youth Conference for Peace) များသို့ တက်ရောက်ခဲ့သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆ လမ်းနှင့် ၇ လမ်းကြား၊ ၇၄ (B) လမ်းတွင် ပါတီရုံးချုပ်တည်ရှိသော မျိုးဆက်သစ်ဝံသာနုပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၃၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။