တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသူဦးရေ မြင့်တက်လာခဲ့သော်လည်း နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
နိုင်ငံ၏လက်ရှိလူဦးရေတိုးပွားမှုအရ တောင်ကိုရီးယားနိုင်ငံတွင် သက်ကြီးလူဦးရေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ငါးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်သည်။