သတင်းများ

ထရန့်အစိုးရသစ်အတွက် ရှေ့နေချုပ်ရာထူး ကြေညာ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရသစ်အတွက် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ Pam Bondi အား ရှေ့နေချုပ် ရာထူးခန့်အပ်ရန် ရွေးချယ် သတ်မှတ်လိုက်ပါသည်။ 

Pam Bondi သည် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို ကာလရှည်ကြာဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခင်ကဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါသည်။ 

နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီးရာထူးအတွက် Matthew Whitaker ကို ထရန့်ကြေညာ

အမေရိကန်သမ္မတရာထူးကို တာဝန်ယူမည့် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမအကြိမ် သမ္မတ တာဝန်ယူစဉ် က ယာယီရှေ့နေချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Matthew Whitaker ကို နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးအတွက် ရွေးချယ်လိုက်ပါသည်။

“Matt က ရဲရင့်သည့်စစ်သားတစ်ဦးဖြစ်သကဲ့သို့ သစ္စာရှိ သောမျိုးချစ်စိတ်ဓာတ်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း၊ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်ပေးပြီး ပိုမိုတိုးတက်အောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်း” ထရန့်က ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက် သည်။ 

ထရန့်၏တကျော့ပြန်ရွေးကောက်ပွဲအပြီး ကမ္ဘာ့အချမ်း သာဆုံးပုဂ္ဂိုလ် (၁၀)ဉီး ပိုမိုချမ်းသာလာ

ပြီးခဲသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးတွင်  ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး၏ ကြွယ်ဝမှုဓနအင်အား ခုန်ပျံမြင့်တက်သွားကြောင်း၊ အကျိုးအမြတ်အများဆုံး ရရှိသူသည် လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပြီး ရွေးကောက်ပွဲတစ်လျှောက် ဒေါ်နယ်ထရန့်ဘက် မှရပ်တည်ပြောကြားသူ Elon Musk  ဖြစ်ကြောင်း၊ ယခင် ၂၇၀ ဘီလီယံမှ နိုဝင်ဘာ ၆ ရက်၊  ဗုဒ္ဓဟူးနေ့တွင် ဒေါ်လာ ၂၆.၅ ဘီလီယံ ထပ်မံမြင့်တက်သွားသဖြင့် ယခု ၎င်း၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၂၉၀ ဘီလီယံ ဖြစ်သွား ပါကြောင်း၊ အမေဇုန်တည်ထောင်သူ Jeff Bezo ၏ ဓနအင်အားသည် ၇.၁ ဘီလီယံ ထပ်မံမြင့် တက်သွား ပါကြောင်း၊ ထရန့်ကို အ

အမေရိကန်နိုင်ငံသားပိုင် ကုမ္ပဏီများ အသွင်ဆောင်ကာ အသုံးပြုနေသည့် မြောက်ကိုရီးယားနိုင်ငံသားများ၏ တရားမဝင် website များကို FBI က ဖမ်းဆီး

အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းများ ၏တရားဝင် websiteများ အသွင်ဆောင်ကာ မြောက် ကိုးရီးယား နျူကလီးယားတပ်ဖွဲ့လုပ်ငန်းအတွက် ငွေကြေး ရှာဖွေပေးနေသည်ဟု ယူဆဖွယ်ရာရှိသော မြောက်ကို ရီးယား နိုင်ငံသားများ၏  website အမြောက်အမြားကို FBI က ဖမ်းဆီးလိုက်ကြောင်း အဆိုပါကိစ္စကို ဖော်ထုတ် စစ်ဆေးခဲ့သည့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင် များ၏ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက် အရ သိရှိရပါကြောင်း CNN က ဖော်ပြထားပါသည်။

ကိုးကား-CNN  

အနောက်နိုင်ငံတွေအနေဖြင့် ဗလာဒီမာပူတင်၏ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို အလေး အနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က ပြောကြား

နိုင်ငံအသီးသီးတွင် အများသူငှာ ဆက်သွယ်ပြောဆိုမှု များကို ကွဲပြားစွာလုပ်ဆောင်ကြောင်း၊ သို့သော် ရုရှား နိုင်ငံတွင် သမ္မတက တစ်ခုခုပြောကြားပါက ယင်းစကား များသည် အချည်းနှီးစကားမဟုတ်ကြောင်း၊ ဆက်သွယ်ရေး လှည့်ကွက်မဟုတ်ကြောင်း၊ အဆိုပါစကား၏ တန်ဖိုးနှင့် အကျိုးဆက်များပါရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က Kossuth ရေဒီယိုအစီအစဉ်တွင် ပြောကြား ခဲ့သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov က အထူးစစ်ရေး စစ်ဆင်ရေးဇုန်သို့ သွားရောက်ခဲ့ပြီး ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အကောင်းဆုံး တပ်ဖွဲ့များကို ရုရှားတပ်မတော်မှ ချေမှုန်းလိုက်ပြီဟု ပြောကြား

ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ၂၀၂၅ ခုနှစ် အတွက် ရန်သူ၏စစ်ဆင်ရေးတစ်ခုလုံးကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov က ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

ဂျာမနီ ဝန်ကြီးချုပ် Scholz က ရုရှား၏ "Oreshnik" ဒုံးကျည်ပစ်ခတ်မှုကို "ကြောက်စရာကောင်းသော စစ်ရေး တိုးမြင့်မှု" ဟု ပြောကြား

ရုရှား-ယူကရိန်းစစ်ပွဲသည် မည်မျှအန္တရာယ်ကြီးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားလာပြီ ဖြစ်ကြောင်း၊ သမ္မတ ပူတင်က ယူကရိန်းပိုင်နက်ကို တိုက်ခိုက်ရန် တာလတ်ပစ် ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းသည် ကြောက်စရာကောင်းသည့် စစ်ရေးတိုးမြင့်လာမှု ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဂျာမနီသည် ယူကရိန်း အား တာဝေးပစ် Taurus ဒုံးကျည်များ ထောက်ပံ့ ပေးမည်မဟုတ်ကြောင်း၊ ရုရှားပိုင်နက်ရှိ နေရာများကို ပစ်မှတ်ထားရန် ဂျာမန်လက်နက်များ အသုံးပြုရန် ယူကရိန်းကို ခွင့်မပြုထားကြောင်း ဂျာမနီ ဝန်ကြီးချုပ် Scholzက ၎င်း၏ရပ်တည်ချက်နှင့်ပက်သတ်၍ ထပ်လောင်း ပြောကြားခဲ့ကြောင်း

Prices on displayed in a New York grocery store on Feb. 1, 2023. Leonardo Munoz | Corbis News | Getty Images

ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတရာထူး စတင် တာဝန်ယူမည့် ဒေါ်နယ်ထရန့်က အဆိုပြုထားသော အခွန်စည်းကြပ်မှု မူအသစ်သည် ၂၀၂၆ ခုနှစ်အရောက် တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ကြောင်း မော်ဂန်စတန်လေ၏ Chief Global Economist ဖြစ်သူ Seth Carpenter က ပြောကြားလိုက်ပါသည်။

Sabrina Singh

ပင်တဂွန်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Sabrina Singh က ရုရှားနိုင်ငံမှ "Oreshnik" ဒုံးကျည်စမ်းသပ်မှု နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအား နျူကလီးယား လုံခြုံရေးလမ်းကြောင်းများမှတစ်ဆင့် သတိပေးထား ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား - ပင်တဂွန်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Sabrina Singh

Dmitry Peskov

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် Oreshnik ဒုံးကျည် မလွှတ်တင်မီ မိနစ် ၃၀ အလိုတွင် အမေရိကန်နိုင်ငံသို့ ရုရှားအမျိုးသား နျူကလီးယားအန္တရာယ် လျှော့ချရေး ဗဟိုဌာနမှတစ်ဆင့် အလိုအလျောက် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က TASS သတင်းအေဂျင်စီသို့ ပြောကြား ခဲ့သည်။

ကိုးကား - TASS သတင်းအေဂျင်စီ