သတင်းများ

လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ်အသုံးပြုခြင်းကို ဗီယက်နမ်တားမြစ်မည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း၌ လေထုညစ်ညမ်းမှုကို     တိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ် အသုံးပြုခြင်းကို  ၂၀၂၆ ခုနှစ်   ဇူလိုင်လမှစ၍ တားမြစ်ရန် စီစဉ်လျက်ရှိသည်။

တောင်ကိုရီးယားတွင် သက်ကြီးလူဦးရေ ဆက်လက်မြင့်တက်နေပြီး လူဦးရေဆက်လက်ကျဆင်း
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသူဦးရေ မြင့်တက်လာခဲ့သော်လည်း နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နိုင်ငံ၏လက်ရှိလူဦးရေတိုးပွားမှုအရ တောင်ကိုရီးယားနိုင်ငံတွင်  သက်ကြီးလူဦးရေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ငါးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်သည်။

တရုတ်နိုင်ငံက အမေရိကန်၏ ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှရေနံများကို ဆက်လက်ဝယ်ယူမည်ဖြစ်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

တရုတ်နိုင်ငံသည် အမေရိကန်အစိုးရ၏  ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှ ရေနံများကို ဆက်လက် ဝယ်ယူမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားသည်။

မြောက်ကိုရီးယားအား နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လိုအပ်ဟု အမေရိကန်အား ကင်ယိုဂျုံပြော

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်းကို အသိအမှတ်ပြုရန်လိုအပ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားသည်ဟု KCNA သတင်းအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

နောင်ချိုမြို့၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ပညာရေး - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂ဝ၂၅) ကျင်းပ

နေပြည်တော် ဇူလိုင် ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေး
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

ကျောက်ဆည်၊ ဇူလိုင်-၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) နှင့်မြို့မ အခြခံပညာအထက်တန်းကျောင်း (၄)ကျောင်းရှိပြီး၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာ၌ ယာဉ် အန္တရာယ်ကင်းရှင်းရေး ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ထိန်လင်းအောင်နှင့်တပ်ဖွဲ့ဝင်များက  နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်

၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။

၂။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး။