သတင်းများ

အီးယူနှင့်အမေရိကန်တို့ ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်က အီးယူအတွက် ထိုးနှက်ချက်ဖြစ်ဟု လက်ရော့ပြော

အီးယူအဖွဲ့က အမေရိကန်ပြည်ထောင်စုနှင့် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်သည် အဆိုပါအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့က ဇူလိုင်လ ၂၈ ရက်တွင် ပြောသည်။

မလေးရှား၏ ကြားဝင်ဖျန်ဖြေမှုကြောင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးနှင့် နှစ်နိုင်ငံအကြားတင်းမာမှုလျှော့ချရေး သဘောတူ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သန် ဗီချိုင်ချိုင်တို့အကြား ဇူလိုင်လ ၂၈ ရက်တွင် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးနှင့်နှစ်နိုင်ငံအကြားတင်းမာမှုလျှော့ချရေးအတွက် သဘောတူလိုက်ပြီဖြစ်ကြောင်းသိရသည်။

နှစ်နိုင်ငံဝန်ကြီးချုပ်များသည် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က အိမ်ရှင်အဖြစ်  လက်ခံကျင်းပသည့်  အဆင့်မြင့်တွေ့ဆုံပွဲအတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရန်နှင့် တင်းမာမှုများကို လျှော့ချရန်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ရေအောက်သွား မောင်းသူမဲ့ရေယာဉ်များကို ဗြိတိန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းက အောင်မြင်စွာစမ်းသပ်ပစ်လွှတ်

ဗြိတိန်တော်ဝင်ရေတပ်မတော်သည် မောင်းနှင်သူလိုက်ပါခြင်းမရှိသည့်ရေအောက်သွား ရေယာဉ်များ ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းမှ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့် မြေငလျင်တိုင်းတာရေး ကိရိယာတစ်ခုကို ပြန်လည်တည်ဆောက်ရန် တရုတ်ပညာရှင်များကြိုးပမ်း

တရုတ်သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့်   မြေငလျင် တိုင်းတာရေးကိရိယာတစ်ခုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ ငလျင်တိုင်းတာရေးကိရိယာကို တရုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကျန်းဟန်က အေဒီ ၁၃၂ ခုနှစ်တွင် တီထွင်ထုတ်လုပ်ခဲ့သည်ဟုယူဆရပြီး အဆိုပါကိရိယာကို ကမ္ဘာ့ပထမဆုံးသော မြေငလျင်တိုင်းတာရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြသည်။ အဆိုပါကိရိယာကို ကနဦးက “ဟော့ဖန်တိတုန်းယီ” ဟု အမည်ပေးထားသည်။

ခြင်အရွယ်အစားသာရှိသည့် စစ်ဘက်သုံးအသေးစားဒရုန်း၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်   AI နည်းပညာကို တရုတ်အသုံးပြုမည်

တရုတ်နိုင်ငံသည် ၎င်းတို့တီထွင်ထုတ်လုပ်ခဲ့သည့် ခြင်အရွယ်အစားသာသာရှိသည့် စစ်ဘက်သုံး ဒရုန်း အသစ်တစ်မျိုး၏ စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုမည်ဖြစ်သည်။

အဆိုပါ အသေးစားဒရုန်းကို အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) ကထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကို သတင်းအချက်အလက်ရယူစုဆောင်းရန်နှင့် စစ်မြေပြင်ရှိ အထူးစစ်ဆင်ရေးများတွင် အသုံးပြုရန် အထူးသင့်လျော်ကြောင်း NUDT မှ ကျောင်းသားတစ်ဦးဖြစ်သူ လျန်ဟေရှန်းကပြောသည်။

ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရေး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

ကျောက်ဆည်၊ ဇူလိုင်-၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီ ကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့(၉)နာရီအထိ ငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေး ပေးပြီးဖြစ်ကြောင်း သိရသည်။

ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဇူလိုင်-၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

IAEA အဖွဲ့ သီတင်းနှစ်ပတ်အတွင်း အီရန်သို့ လာရောက်မည်

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ကိုယ်စားလှယ် အဖွဲ့ သည် လာမည့် သီတင်းနှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများကိုဆွေးနွေးကြမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ပြောကြားလိုက်ပါသည်။ 

မော်စကို- ပြုံယမ်း ပထမဆုံး တိုက်ရိုက်လေကြောင်းလိုင်း စတင် ပြေးဆွဲ

မော်စကိုမှ ပြုံယမ်းသို့ ပထမဆုံး ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်း ခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် Nordwind လေကြောင်းလိုင်း၏ Boeing 777-200ER လေယာဉ်ဖြင့် မော်စကိုမြို့မှ စတင်ပြေးဆွဲရာ မြောက်ကိုရီးယား မြို့တော်သို့ ဒေသစံတော်ချိန် နံနက် ၀၉း၃၀ နာရီ (၁၂း၃၀ GMT) အချိန်တွင် ဆင်းသက်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။ 

ဘန်ကောက်တွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်ရှိ လူစည်ကားသော ဈေးတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအပါအဝင် လူ ၆ ဦး သေဆုံးကာ ပစ်ခတ်သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ယနေ့ (ဇူလိုင် ၂၈) တွင် ဘန်ကောက်မြို့ ချာတုချက် (Chatuchak) ခရိုင် ရှိ အော်တော်ကော်ဈေး (Or Tor Kor Market) အတွင်း အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးသည် အဓိကအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချသောနေရာဖြစ်ကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာလည်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ခရီးသွားဧည့်သည်များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။