မိုင် ၃၀၀ အကွာရှိပစ်မှတ်ကို ဆံခြည်မျှင်မလွဲ တိကျစွာထိမှန်စေမယ့် PrSM
ဩစတြေးလျတပ်မတော်ဟာ မကြာသေးခင်ကပဲ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတစ်ခုကို လုပ်ဆောင်လိုက်ပါတယ်။ အဲဒီလုပ်ဆောင်မှုမှာ Precision Strike Missile (PrSM) လို့ခေါ်တဲ့ ဒုံးကျည်တစ်စင်းကိုစမ်းသပ်ပစ်ခတ်မှုတစ်ခုလည်း ပါဝင်ပါတယ်။ PrSM ဆိုတာ တစ်နည်း ပြောရရင် ထိမလွဲဒုံးကျည်တစ်မျိုးပါ။ သူ့ကို လော့ဟိ မာတင်ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီဒုံးကျည်ကိုပစ်ခတ်ဖို့အတွက် အသုံးပြုထားတဲ့ လောင်ချာက High Mobility Artillery Rocket System (HIMARS) စနစ်ဖြစ်ပါတယ်။ PrSM ဒုံးကျည်ကို မျိုးဆက်သစ်ဒုံးကျည်လို့လည်း ခေါ်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ မိုင် ၃၀၀ အကွာမှာရှိတဲ့ ပစ်မှတ်ကို ဆံခြည်မျှင် မလွဲထိမှန်နိုင်စွမ်းပဲ ဖြစ်ပါတယ်။
ဩစတြေးလျတပ်မတော်အနေနဲ့ PrSM ဒုံးကျည် ကိုစမ်းသပ်ပစ်ခတ်မှု လုပ်ဆောင်ခြင်းက အမေရိကန် နိုင်ငံပြင်ပမှာ တခြားတပ်မတော်တစ်ခု အနေနဲ့ပထမ ဆုံးစမ်းသပ်မှု လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကိုတော့ နိုင်ငံမြောက်ပိုင်းနယ်မြေမှာရှိ တဲ့ ဘန်ဒေးတောင်လေ့ကျင့်ရေးနယ်မြေမှာလုပ်ခဲ့ တာပါ။ အခုလိုမျိုး ထိမလွဲဒုံးကျည်တစ်စင်းကိုအောင် မြင်စွာလက်တွေ့စမ်းသပ်နိုင်ခြင်းဟာ ဩစတြေးလျ တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကိုမြှင့်တင်နိုင် စေမယ်လို့ ယူဆရပါတယ်။
PrSM ဒုံးကျည်စနစ်က မြေပြင်မှမြေပြင်ပစ်အမျိုး အစားဖြစ်ပြီး မိုင်ပေါင်း ၃၀၀ ကျော်အကွာအဝေးမှာ ရှိတဲ့ပစ်မှတ်တွေကို ထိမှန်နိုင်စွမ်းရှိတဲ့ သွယ်ဝိုက်ပစ် လက်နက်တစ်မျိုးဖြစ်ပါတယ်။ အံဝင်ခွင်ကျဖြစ်မှုနဲ့ လိုက်လျောညီထွေရှိမှုတို့ကို အမြင့်ဆုံးဖြစ်အောင် ဖန်တီးထားတဲ့ ဒီဒုံးကျည်စနစ်က ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ သက်မဲ့ဖြစ်စေခြင်း၊ ဦးနှိမ်ခြင်းနဲ့ ဖျက်ဆီးခြင်းတို့အတွက် အကောင်းဆုံးသောစွမ်းဆောင် ရည်ကိုပေးစွမ်းနိုင်စေမယ်လို့ဆိုပါတယ်။
ဩစတြေးလျတပ်မတော်အနေနဲ့ အခုလုပ်တဲ့ စမ်းသပ်မှုက သတ်မှတ်ထားတဲ့အချိန်ထက် နှစ်နှစ် စောပြီးလုပ်လိုက်တာပါ။ အမေရိကန်ပြည်ထောင်စု နဲ့ ဩစတြေးလျနိုင်ငံတို့ကြား PrSM ဒုံးကျည်များကို ထုတ်လုပ်မှု၊ ထိန်းသိမ်းမှုနဲ့ နောက်ဆက်တွဲဖွံ့ဖြိုး တိုးတက်မှုတွေလုပ်ဆောင်ဖို့အတွက် နားလည်မှု စာချွန်လွှာကို မကြာသေးမီကမှလက်မှတ်ရေးထိုးခဲ့ တာပါ။ ဒီလိုလက်မှတ်ရေးထိုးပြီးမကြာမီမှာပဲ အခု စမ်းသပ်မှုကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
ဩစတြေးလျတပ်မတော်ရဲ့ထုတ်ပြန်ချက်အရဆိုရင် အခုလိုမျိုး PrSM ဒုံးကျည်ကိုအောင်မြင်စွာ စမ်းသပ်နိုင်ခြင်းက ဩစတြေးလျတပ်မတော်တစ်ရပ်လုံးရဲ့ တိုက်စွမ်းအားကို တိုးမြှင့်ပေးနိုင်စွမ်းရှိမယ် လို့ဆိုပါတယ်။ ဘယ်လောက်အထိ အောင်လဲဆိုရင် ၂၅ ဆအထိတိုးမြင့်သွားစေမယ်လို့ ကာကွယ်ရေး စက်မှုလုပ်ငန်းဝန်ကြီး ပတ်ကွန်ရေးက ပြောထားပါတယ်။ ဒါ့အပြင် PrSM ဒုံးကျည်ကို ပြည်တွင်းမှာသာ ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ဒီနှစ်အကုန်ပိုင်းမှာ လုပ်ဆောင်သွားနိုင်ခြေ ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
PrSM ဒုံးကျည်ကို အမေရိကန်နဲ့ဩစတြေးလျ တို့က ပူးတွဲဖန်တီးထားတာဖြစ်ပါတယ်။ နောက်ပိုင်း မှာလည်း ဒီဒုံးကျည်နဲ့ပတ်သက်ပြီး အဆင့်မြှင့်တင် မှုများစွာလုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။ အဲဒီရည်မှန်းချက်ထဲမှာ ဒုံးကျည်ထိမှန်နိုင်မှုအကွာ အဝေးကို ကီလိုမီတာ ၁၀၀၀ ကျော်ရောက်တဲ့အထိ တိုးမြှင့်သွားဖို့အပြင် အာရုံခံစနစ်များနဲ့ ဒုံးကျည်ထိပ် ဖူးစနစ်များကိုလည်း အဆင့်မြှင့်တင်သွားမယ့် အစီအစဉ်တွေ ပါဝင်နေပါတယ်။
Ref: IE
ကိုထက်