အိုဘားမား အစိုးရလက်ထက်တွင် FBI အား နိုင်ငံရေးလက်နက် အဖြစ် အသုံးပြုမှုနှင့် ၂၀၁၆ ခုနှစ်က Donald Trump ၏ သမ္မတသက်တမ်းကို နှောင့်ယှက်ရန် ကြံစည်မှုတွင် FBI ၏ ပါဝင်ပတ်သက်မှုများကို John Durham ၏ ၂၀၂၃ အထူးရှေ့နေအစီရင်ခံစာ၏ မကြာမီ ထုတ်ပြန်လိုက်သောနောက်ဆက်တွဲက ဖော်ထုတ်ပြသလိုက်ကြောင်း အမေရိကန်ဆီးနိတ် တရားရေးကော်မတီဥက္ကဋ္ဌ Chuck Grassley (R-Iowa) က ပြောကြား လိုက်သည်။

George Soros’ ၏ Open Society Foundation သည် ၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်အား ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟု မမှန်မကန် စွပ်စွဲရန် ဟီလာရီ ကလင်တန် ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့၏ လုပ်ဆောင်ချက် များတွင် ပါဝင်ခဲ့ကြောင်း လျှို့ဝှက်ချက်များထုတ်ဖော်ထားသော စာတမ်း အသစ်တစ်စောင်အရ သိရှိရသည်။ စာမျက်နှာ ၂၉ မျက်နှာပါရှိသောJohn Durham ၏ ၂၀၂၃ အထူးအကြံပေးအစီရင်ခံစာကို လုံခြုံရေးအဆင့် လျှော့ချသတ်မှတ်ပြီးနောက် မကြာမီတွင် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ထိပ်သီးကုမ္ပဏီ Rosatom ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Mantra Tanzania Ltd သည် တန်ဇန်းနီးယားနိုင်ငံတွင် ယူရေနီယမ်ထုတ်လုပ်ရေး စမ်းသပ်စက်ရုံကို စတင်လည်ပတ်ခဲ့ကြောင်း ဗဟိုအစိုးရပိုင် ကုမ္ပဏီမှ ဇူလိုင် ၃၀ ရက်နေ့ တွင် ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းသည် လာမည့်နှစ်တွင် အလုံးစုံ တည်ဆောက်မည့် စက်ရုံအတွက် နည်းပညာများကို စမ်းသပ်ရန် ရည်ရွယ် သည်ဟု ဆိုသည်။

အမေရိကန်က အီရန်၏ အပြည်ပြည်ဆိုင်ရာ သင်္ဘောသယ်ယူ ပို့ဆောင်ရေး ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းလိုက်ပြီး တီဟီရန်သို့ ရေနံအမြတ်ငွေဒေါ်လာဘီလီယံချီကာ တရားမဝင် လွှဲပြောင်း ပေးနေသည်ဟု စွပ်စွဲထားသည်။ ဇူလိုင် ၃၀ ရက်နေ့တွင် ကြေညာခဲ့သော အဆိုပါဒဏ်ခတ်မှုများတွင် အမေရိကန်ဘဏ္ဍာရေးဌာနက "ကျယ်ပြန့်သော သင်္ဘောလုပ်ငန်းအင်ပါယာ"၏ အစိတ်အပိုင်းဖြစ်သည်ဟု ဖော်ပြထားသည့် ပုဂ္ဂိုလ် ၁၀၀ ကျော်၊ ကုမ္ပဏီများနှင့် သင်္ဘောများ ပါဝင်သည်။ ထိုလုပ်ငန်း ကို အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ အကြံပေးအကြီးတန်းအဖွဲ့ဝင် Ali Shamkhani ၏သား ကုန်သည်ကြီး Mohammad Hos

နှုတ်ဆက်ရန် ချဉ်းကပ်လာသည့် ၎င်းတို့၏တပ်ဖွဲ့တစ်ဖွဲ့ကို ထိုင်းစစ်တပ် က ဖမ်းဆီးခဲ့သည်ဟု ကမ္ဘောဒီးယားကစွပ်စွဲခဲ့ပြီး ထိုင်းဘက်မှ ထိုစစ်သည် များသည် လက်နက်ချအညံ့ခံခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား စစ်တပ် က ဇူလိုင် ၂၉ ရက်နေ့တွင် Preah Vihear ခရိုင်၏ အငြင်းပွားဖွယ် နယ်မြေ Choam Te တွင် ထိုင်းဘက်မှ စစ်သား ၂၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထိုဖြစ်ရပ်သည် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ အဆင့်မြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှုဆောင်ရှေ့နေချုပ်က သမ္မတ ဗလာဒီမာ ဇီလန်စကီးအား နိုင်ငံ၏ လွတ်လပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ပြင်းထန်စွာ အားနည်းစေသည်ဟု စွပ်စွဲခဲ့ပြီး ဆန္ဒပြသူများနှင့် အနောက်နိုင်ငံများ၏ ဖိအားကြောင့် ၎င်း၏ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲမှုသည် ပြန်လည်ကုစားမရနိုင်သော ပျက်စီးမှုကို မဖြေရှင်းနိုင်ဟု သတိပေးခဲ့သည်။

ရုရှား အရှေ့ဖျားဒေသရှိ ဆေးရုံတစ်ခုတွင် ခွဲစိတ်ဆရာဝန်များသည် ရစ်ချက်စတာစကေး ၈.၈ ပြင်းအားရှိ ငလျင်ကြီးလှုပ်ခတ်နေစဉ်တွင် အရေးပေါ်ခွဲစိတ်မှုတစ်ခုကို မရပ်မနား ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁:၃၀ ခန့်တွင် Kamchatka ကျွန်းဆွယ်ကမ်းရိုးတန်းအနီး၌ ဖြစ်ပွားခဲ့သော အဆိုပါ ငလျင်သည် ၁၉၅၂ ခုနှစ်နောက်ပိုင်း ဒေသတွင်းမှတ်တမ်းတင်ခဲ့ရသည့် အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ ဘူမိရူပဗေဒ ဆိုင်ရာ ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းမှုပြီးဆုံးကြောင်း ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်တွင် တောင်ကိုရီးယားမှ တင်သွင်းကုန်များ အပေါ် အကောက်ခွန် ၁၅% ကောက်ခံမည်ဖြစ်သည်။ ထို့အပြင် တောင် ကိုရီးယားဘက်မှ အမေရိကန်ထိန်းချုပ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒေါ်လာ ၃၅၀ ဘီလီယံ နှင့် အမေရိကန် စွမ်းအင်ထုတ်ကုန်များ ဝယ်ယူရန် ဒေါ်လာ ၁၀၀ ဘီလီယံ ကတိပြုထားသည်။

ဂျပန်နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဇူလိုင်လ ၃၀ ရက်တွင် အပူချိန်မှာ ၄၁ ဒသမ ၂ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး ရှေးခေတ်မြို့တော်ဖြစ်သည့် ကျိုတိုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်လာသည်။

ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း၌ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ် အသုံးပြုခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ တားမြစ်ရန် စီစဉ်လျက်ရှိသည်။