မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျက်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။
ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင် တစ်ထောက်ရပ်နားကာ မြိတ်မြို့သို့ ဆက်လက်ထွက်ခွာလာစဉ် သင်္ဘောအတွင်း ရေများစိမ့်ဝင်နေသည်ကို သင်္ဘောသားများက တွေ့ရှိခဲ့ပြီးနောက် သင်္ဘောကို နီးရာကမ်းခြေတစ်ခုသို့ ဦးတည်ခုတ်မောင်းရန် ကက်ပတိန် ဦးအောင်ငွေစိုးက ညွှန်ကြားခဲ့သည်။
စုစုပေါင်း တန်ချိန် ၁၀၀ ရှိသော သင်္ဘောသည် မူကိုဆူရင် မြောက်ဖက် Jak ပင်လယ်အော်တွင် သောင်တင်သွားခဲ့ကာ နောက်ဆုံးတွင် ပင်လယ်အတွင်း၌ နစ်မြုပ်သွားပြီး ကုန်ပစ္စည်းများ မျောပါသွားခဲ့သည်။
သင်္ဘောအတွက် အသုံးပြုမည့် ဒီဇယ်ဆီ ၇,၇၀၀ လီတာကို သယ်ဆောင်လာခဲ့သော်လည်း ပင်လယ်အတွင်းသို့ ဆီ မယိုစိမ့်ခဲ့ဟု စင်တာက ပြောဆိုသည်။ အများဆုံး စိုးရိမ်မှုမှာ ရေအောက်ကြမ်းပြင်သို့ ရောက်သွားသော သင်္ဘောကြောင့် သန္တာကျောက်တန်း၏ ထိခိုက်ပျက်စီးနိုင်ခြေဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: Popular Myanmar

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်ကျေးရွာနေ မသဲ(၁၇)နှစ်နှင့် မဝင်းဖြူစင်(၁၆)နှစ်တို့သည် တစ်ရွာတည်းနေ ဒေါ်စန်းစန်းအေး(၃၀)နှစ် မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် နောင်ထော်ရွာသစ်ကျေးရွာမှ ဆီဆိုင်မြို့သို့ ကျောင်းအပ်နှံရန် ထွက်ခွာလာစဉ် နောင်ဘို-နောင်ထော် ရွာသစ်ကျေးရွာလမ်းဆုံအရောက်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် မသဲ(၁၇)နှစ်နှင့် မဝင်းဖြူစင်(၁၆)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒေါ်စန်းစန်းအေးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

04 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျ(၃၈)နှစ်နှင့် အောင်ဇော်ဝင်း(ခ)ကုလားမ(၃၉)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက် အလေးချိန် သုံးကီလို(ဆေးခြောက် တစ်ကီလိုလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၅ သိန်း)နှင့် ငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျော်ဇေယျနှင့် အောင်ဇော်ဝင်း (ခ) ကုလားမတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ဆွေးနွေး နေသော်လည်း အခြားတစ်ဖက်တွင် အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ရာ ယူကရိန်းသည် ဇွန်လ ၃ ရက်တွင် ခရိုင်းမီးယားဒေသရှိတံတားကို ပစ်မှတ်ထားပြီး ရေအောက်မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယူကရိန်း လုံခြုံရေးအဖွဲ့ (SBU) က ခရိုင်းမီးယားဒေသရှိတံတားကို ဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ပြီး ပေါက်ကွဲစေသောယမ်း TNT ၁၁၀၀ ကီလိုဂရမ်ကို အသုံးပြုခဲ့ပြီး အရပ်သားများ ထိခိုက်မှုမရှိကြောင်း ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် တံတားကို ယာယီပိတ်ထားရပြီး ရေအောက်မှ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် တံတားဝန်းကျင် ထိခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရသည် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အတည်ပြုပြောဆိုခြင်း မရှိသေးသော်လည်း ရုရှားစစ်တပ် ဘလော့ဂါများက ပေါက်ကွဲစေသောပစ္စည်းများနှင့် တိုက်ခိုက်ခြင်းထက် ရေအောက်ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းမျိုးဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။ ရုရှားထိန်းချုပ်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ တံတားကို ပစ်မှတ် ထားဖောက်ခွဲတိုက်ခိုက်ခြင်းအစီအစဉ်ကို ယူကရိန်း ဒုတိယဗိုလ်ချုပ်ကြီး Vasyl Malyuk က ဦးဆောင်ကြီးကြပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းစစ်တပ်က “ခရိုင်းမီးယားဒေသတံတားကို ရုရှားစစ်တပ်က အဓိကထားအသုံးပြုနေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောသည်။ ယူကရိန်းသည် ပြီးခဲ့သော ရက်ပိုင်းကလည်း “Spider Web” အမည်ရှိ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး ရုရှားနိုင်ငံတစ်ဝန်းရှိပစ်မှတ်များကို တိုက်ခိုက် ခဲ့ရာ ရုရှား၏မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များလည်း တိုက်ခိုက် ခံခဲ့ရသည် ဟု သိရသည်။ ယူကရိန်းအစိုးရက ရုရှားပိုင်နက်အတွင်းသို့ ဒရုန်းအစင်းရေ ၁၀၀ ကျော် မှောင်ခိုတင်သွင်းခဲ့ပြီး အဆိုပါဒရုန်းများကို ရုရှားလေတပ်စခန်းအနီး အပါအဝင် ရုရှားနိုင်ငံအတွင်းရှိ နေရာအများ အပြားကို့ စေလွှတ်ပျံသန်းတိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။
ကိုးကား- NP News

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ စဝ်စံထွန်းဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မက်လွတ်ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးအောင်လှ(၇၃)နှစ်၊ ဒေါ်စန်းဦး(၄၉)နှစ်၊ ဒေါ်ချိုဝါနိုင်(၃၆)နှစ်နှင့် ဒေါ်စန်းနု(၅၄)နှစ်တို့သည် ကျေးရွာအနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ကြံစိုက်ခင်းသို့ ရှင်းလင်းရန် သွားရောက်စဉ် စိုက်ခင်း အနီးအရောက် အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ဒေါ်စန်းဦးမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့လေးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီး တစ်ဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ခင်မာဆန်း(၄၉)နှစ်သည် မြို့သာကျေးရွာမှ ညောင်ပင်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် မြို့သာ-ဝက်လူးလမ်းမပေါ် သရက်ကန်လမ်းခွဲအရောက် သေနတ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီးကာ “ကျောင်းအပ်လက်မခံပါနဲ့၊ ကျောင်းလည်းမသွားပါနဲ့၊ ရုံးကိုလည်း မသွားပါနဲ့၊ ကျောင်းသွား/ ရုံးသွားလျှင် အသက်ကို အာမမခံပါ၊ သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆို၍ ပြန်လည်ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက် မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ယူကရိန်းက ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသောဒရုန်းများကို သစ်သား အမိုးများထဲတွင်ဝှက်ပြီး ဇွန်လ ၁ ရက် တွင် ရုရှား၏ဗုံးကြဲလေယာဉ်များကိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကပြောသည်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့က “ပင့်ကူအိမ်"ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကိုဆင်နွှဲခဲ့ကြောင်း၊ ထိုစစ်ဆင် ရေးတွင် ရုရှား၏လေတပ်စခန်းများအနီး ၌ သစ်သားအမိုးများတပ်ထားသည့်ထရပ် ကားများကိုရပ်ထားကြောင်း၊ အမိုးကိုအဝေးထိန်းစနစ်ဖြင့်ဖွင့်ပြီးနောက် ဒရုန်း များကတိုက်ခိုက်ရေးတာဝန်များကိုဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ရုရှားနိုင်ငံရှိဒေသငါးခု တွင်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဒရုန်း အများအပြားကိုပစ်ချလိုက်နိုင်သော်လည်း ပျက်စီးမှုအနည်းငယ်ရှိကြောင်းရုရှားဘက် ကထုတ်ပြန်ထားစဉ် ယင်းတိုက်ခိုက်မှု ကြောင့် ရုရှား၏မဟာဗျူဟာမြောက် ဒုံးကျည်တင်လေယာဉ်၃၄ ရာခိုင်နှုန်းပျက်စီး သွားကြောင်း ယူကရိန်းဘက်ကထုတ်ပြန်ထားသည်။
Ref: RTA, Sputnik
Photo -BBC
Source: Myawady Daily Newspaper

မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်ကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဘက်က အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရေယာဉ်များနဲ့ စစ်လေယာဉ်များအနေနဲ့ အချက်အလက်များကို နောက်ဆုံးအခြေအနေနဲ့အညီ ရရှိအောင်စုဆောင်းဖို့ တိုက်တွန်းထားပါတယ်။ အပိုင်းအစတွေ တွေ့တယ်ဆိုရင်လည်း အနားမကပ်ဖို့နဲ့ ရေတပ်ကိုသတင်းပို့ဖို့ ညွှန်ကြားထားပါတယ် ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။
အဆိုပါဒုံးကျည်သည် ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ပြီးဖြစ်နိုင်ကြောင်း၊ ကနဦးအချက်အလက်များအရ ထိုဒုံးကျည်သည် ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်တွင် ကျရောက်သွားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယခုကဲ့သို့ အမြင့်ပျံဒုံးကျည်ကိုပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအတွက် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးလုပ်ဆောင်သည့်ပစ်လွှတ်မှုဖြစ်သည်။
မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်ခဲ့သောဒုံးကျည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်တွင်ဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ဒုံးကျည်များပစ်လွှတ်နေခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ်၌ လုပ်ဆောင်နေသောဆောင်ရွက်ချက်များကို တုံ့ပြန်ခြင်းဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစစ်ပွဲအတွက် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို သုံးသပ်ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Ref: Sputnik

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးထွန်း(ခ)ထွန်းထွန်းနိုင်(၄၉)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် ဇွန် ၂
နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် အကြမ်းဖက်အားပေးပြည်ပြေးများနှင့် ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁x၈၂ လမ်းကြား၊ ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ ဖြူဖြူနှင်းအားလည်းကောင်း၊ မေလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်၊ ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က)နေ ဘုန်းမြင့်အောင်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့ ၂ ဦးသည် နိုင်ငံ့ဝန်ထမ်းများ (Disloyalty Civil Servant - DCS) လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)၏ ခိုင်းစေချက်အရ ၎င်းပြည်ပမှ တရားမဝင်တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများအား အခကြေးငွေဖြင့် ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း ပေးပို့စေလိုသော အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)သည် Shop Me အမည်ဖြင့် Facebook Page အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နှင့် အင်္ကျီစသော အသုံးအဆောင်ပစ္စည်းများအား အွန်လိုင်းမှတစ်ဆင့် ရောင်းချ၍ ပြည်တွင်းသို့ တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူဖြစ်သည့်အပြင် ရရှိလာသောငွေကြေးများအနက် အချို့အား ကိုယ်ကျိုးအတွက်သုံးစွဲခြင်း၊ အချို့အား အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီဖြစ်စေရေးအတွက် လိုအပ်သည့်အမိန့်များ ထုတ်ပြန်ပေးလျက်ရှိရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်း၊ ပြည်ပမှဥပဒေမဲ့တင်သွင်းရောင်းချသူများနှင့် ချိတ်ဆက်၍ ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းများကြောင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာများ ဆုံးရှုံးစေလျက်ရှိကြောင်း၊ သို့ပါ၍ ဖမ်းဆီးရမိတရားခံများဖြစ်သော ဖြူဖြူနှင်းနှင့် ဘုန်းမြင့်အောင်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ NUG/PDF အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင်ဈေးရောင်းချနေသည့် ပန်ဆယ်လိုအကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူမှုကွန်ရက်အကောင့်များနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများအားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အချို့သော အကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေးများအနေဖြင့် ဥပဒေမဲ့စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရှာဖွေ၍ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်းတို့နှင့်ချိတ်ဆက်ခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးကူညီရန် ရည်ရွယ်၍ တရားမဝင်အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူများနှင့် ဝယ်ယူသူများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် လူမှုကွန်ရက်အားအသုံးပြု၍ တရားမဝင်ဈေးရောင်းချလျက်ရှိသည့် လူမှုကွန်ရက်အကောင့်များအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Myanmar National Portal