မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ငွေကျပ် ၁၆၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

04 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျ(၃၈)နှစ်နှင့် အောင်ဇော်ဝင်း(ခ)ကုလားမ(၃၉)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက် အလေးချိန် သုံးကီလို(ဆေးခြောက် တစ်ကီလိုလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၅ သိန်း)နှင့် ငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျော်ဇေယျနှင့် အောင်ဇော်ဝင်း (ခ) ကုလားမတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA