သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်တောကျေးရွာ၏ တောင်ဘက်ရှိ တောအုပ်အတွင်း မျောခုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦး(၂၅)နှစ်နှင့် ဦးပိုင်ဦး(၂၈)နှစ်တို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA

ထရမ့်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ ကို စေလွှတ်

လူဝင်မှုကြီးကြပ်ရေးစစ်ဆင်ရေးကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၇ ရက်ညတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ရန် အမိန့်ပြန်တမ်းတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ပြောကြားခဲ့သည်။ 

အိမ်ဖြူတော်က National Guard စေလွှတ်မည်ကို အတည်ပြုချက် မထုတ်ပြန်မီ တစ်နာရီခန့်အလိုတွင် ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆမ် (Gavin Newsom) က အဆိုပါဆောင်ရွက်ချက်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

“ဤသည်မှာ တမင်တကာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး တင်းမာမှုများကိုသာ ပိုမိုမြင့်တက်စေမည်” “မိမိတို့သည် မြို့တော်နှင့် ခရိုင်အရာရှိများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိတွင် ဖြည့်ဆည်းမပေးနိုင်သော တောင်းဆိုချက်များ မရှိပါ” ဟု ၎င်းက လူမှုကွန်ရက်ပေါ်တွင် ရေးသား ခဲ့သည်။ 

National Guard သည် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အရံတပ်ဖွဲ့ဖြစ်သည်။ ပြည်နယ်နှင့် နယ်မြေတစ်ခုစီတွင် ၎င်းတို့၏ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် National Guard ရှိသည်။ ထို့အပြင် အမေရိကန်သမ္မတသည် စစ်ဖြစ်ပွားချိန် သို့မဟုတ် အမျိုးသားအရေးပေါ်အခြေအနေများတွင် ဖက်ဒရယ်တာဝန်များကို ထမ်းဆောင်ရန် အဆိုပါတပ်ဖွဲ့ကို စုစည်းနိုင်သည်။

အိမ်ဖြူတော်၏ အဆိုပါလုပ်ဆောင်ချက်သည် လော့စ်အိန်ဂျလိစ်မြို့ရှိ ဆန္ဒပြမှုများ ဒုတိယညသို့ ရောက်ရှိလာချိန်တွင် ဖြစ်ပေါ်ခဲ့ပြီး ဇွန် ၆ ရက် က အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အေဂျင်စီ (ICE) ၏ တရားမဝင် ဝင်ရောက်လာသူများကို နှိမ်နင်းရန် စစ်ဆင်ရေးများကို ဆန္ဒ ပြခဲ့ခြင်းဖြစ်သည်။ 

မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်ထားသည့် ICE အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်မြို့၏ မတူညီသောနေရာများရှိ အလုပ်ခွင်များသို့ ဝင်ရောက်စီးနင်းခဲ့ပြီး အမျက်ဒေါသများဖြင့် နာရီပေါင်းများစွာ တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

ဇွန် ၇ ရက်တွင် Paramount ဧရိယာတွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများသည် ICE အရာရှိများမှ စုဝေးရာနေရာအဖြစ် အသုံးပြုသည့် စတိုးဆိုင်တစ်ခုအနီးတွင် စုဝေးခဲ့ကြသည်။ ဒေသခံ မီဒီယာများအရ ၎င်းတို့ကို မျက်နှာဖုံး စွပ်ထားပြီး မီးကျည်များနှင့် မျက်ရည်ယို ဗုံးများ အသုံးပြုသည့် အေးဂျင့်များက ရင်ဆိုင်ခဲ့သည်။ 

ဆန္ဒပြသူများသည် ICE အေးဂျင့်များ ထွက်ခွာရန် အော်ဟစ်ခဲ့ကြကာ အချို့က မက္ကဆီကိုအလံများကို လွှင့်ထူခဲ့ကြပြီး ၎င်းတို့သည် ဘိလပ်မြေအုတ်များနှင့် ဈေးဝယ်လှည်းများဖြင့် ယာယီအတားအဆီးများ ပြုလုပ်ခဲ့ကြသည်။ 

အနီးရှိ ကားလမ်းမကြီးမှ ထွက်ခွာနေသည့် အမေရိကန်ရဲတပ်ဖွဲ့ (U.S. Marshals Service) ဘတ်စ်ကားတစ်စီးကို လူအုပ်က ဝိုင်းဝန်းခဲ့သည်။ ထို့နောက် အရာရှိများသည် ဆန္ဒပြသူများ ဝင်ရောက်မှုကို တားဆီးရန် ကားလမ်းမကြီး၏ ထွက်ပေါက်များကို ပိတ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass) က ICE ၏လုပ်ရပ်များနှင့်ပတ်သက်၍ မြို့သူမြို့သားအချို့ စိတ်မသက်မသာဖြစ်နေကြောင်း ပြောကြားခဲ့သည်။ “လူတိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း အကြမ်းဖက်မှုနှင့် ပစ္စည်းဖျက်ဆီးမှုများကို လက်သင့်မခံနိုင်ပါ။ တာဝန်ရှိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) ၏ ဒုတိယညွှန်ကြားရေးမှူး Dan Bongino က ဇွန် ၆ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး လူများစွာကို ဖမ်းဆီးခဲ့ကြောင်း ပြောကြား ခဲ့သည်။ 

အိမ်ဖြူတော်သို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိပြီးနောက် ထရမ့် အုပ်ချုပ်ရေးအဖွဲ့သည် လူဝင်မှုထိန်းချုပ်ရေးနှင့် ရွှေ့ပြောင်း အခြေချသူများကို မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်များထဲမှ တစ်ခု ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ 

လော့စ်အိန်ဂျလိစ်မြို့သည် ရွှေ့ပြောင်းအခြေချသူများအတွက် “အကာအကွယ်မြို့တော်” (sanctuary City) အဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၂၄ ခုနှစ်အထိ အဆိုပါမြို့တွင် ရွှေ့ပြောင်းအခြေချသူ ၁.၃၅ သန်းကျော် နေထိုင်ပြီး မြို့၏လူဦးရေ၏ ၃၄% ရှိသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကမ္ဘောဒီးယားက ထိုင်းအစိုးရ၏ အဆိုပြုချက်များကို ငြင်းဆိုပြီးနောက် နှစ်နိုင်ငံစလုံးက နယ်စပ်တွင် စစ်အင်အားတိုးမြှင့်၊ နယ်စပ်ဖြတ်ကျော်ရေး စခန်းနှစ်ခုအား ထိုင်းပိတ်ပစ်

နှစ်နိုင်ငံကြား တင်းမာမှုများ လျော့ကျစေရေး ဆွေးနွေးမှုတွင် ကမ္ဘောဒီးယား အစိုးရက ထိုင်းအစိုးရ၏ အဆိုပြုချက်များကို ငြင်းဆိုပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံက နှစ်နိုင်ငံအငြင်းပွား နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များကို တိုးမြှင့်ဖြန့်ကြက်လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ဇွန်လ ၇ ရက်တွင်ပြောသည်။

မေလ ၂၈ ရက်တွင် ဖြစ်ပွားသည့် နယ်စပ်ပဋိပက္ခတွင် ကမ္ဘောဒီးယား တပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့ကြား တင်းမာမှုလျှော့ချရေးနှင့် ပဋိပက္ခကို    ငြိမ်းချမ်းစွာ ဖြေရှင်းရေး အတွက်   နှစ်နိုင်ငံကြားဆွေးနွေးမှုများကို  ဇွန်လ  ၅ ရက်တွင် ကျင်းပခဲ့သော်လည်း ယင်းဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို ငြင်းဆိုခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဖွမ်သမ်ဝီချာယာချိုင်းက ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်တွင် ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုးမြှင့်ဖြန့်ကြက်လာခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်မတော်ကို တိုးမြှင့်ဖြန့်ကြက်ရန် လိုအပ်လာကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့အတူ ကမ္ဘောဒီးယား တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် အရပ်သားများသည် ထိုင်းနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်ချက်များနှင့် နှစ်နိုင်ငံနယ်စပ်တွင် စစ်အင်အားများ တိုးမြှင့်ဖြန့်ကြက်လိုက်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံက အင်အားကို အသုံးပြုရန် ဆန္ဒရှိနေကြောင်းကို ရှင်းလင်းစွာ ဖော်ပြလျက်ရှိကြောင်း ထိုင်းတပ်မတော်က ဇွန်လ ၇ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

သီးခြားထုတ်ပြန်ချက်များအရ ထိုင်းအစိုးရသည် နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးနှင့်  လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများကြောင့်  ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့်   နယ်စပ်ဖြတ်ကျော်ရေး စခန်းနှစ်ခုကို ဇွန်လ ၇ ရက်တွင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

MWD Web Portal                              

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ကို ကာဇက်စတန်နှင့် ဗြိတိန်လက်မှတ်ရေးထိုး

ကာဇက်စတန်နှင့် ဗြိတိန်နိုင်ငံတို့ကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း  ကာဇက်စတန်အစိုးရဝက်ဘ်ဆိုက်၌  ဇွန်လ ၆ ရက်တွင် ဖော်ပြသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့  ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာနမှ   ကိုယ်စားလှယ်အဖွဲ့က   တရားဝင် အလည်အပတ်ရောက်ရှိနေစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာနမှ    ဗိုလ်မှူးကြီး ယာဘိုလာ ကူမာဘေကူလီက  ဦးဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါခရီးစဉ်တွင် ကာဇက်စတန်နှင့် ဗြိတိန်နိုင်ငံမှ တာဝန်ရှိသူများက လက်ရှိလုပ်ဆောင်နေသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံကြား   ပူးပေါင်းဆောင်ရွက်မှုကို   အဓိကအားဖြင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊     ဘာသာစကားသင်ယူမှုများ၊ ကာဇက်စတန် တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ဗြိတိန်နိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၌     လေ့ကျင့်သင်ကြားပေးရေး စသည့်ကဏ္ဍများတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

တစ်နှစ်သက်တမ်းရှိ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နှစ်နိုင်ငံစလုံးအနေဖြင့် ကာကွယ်ရေး တွင်လည်း လက်တွေ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။                    

Ref: Ivz

အမေရိကန်သမ္မတက စစ်တပ်အား ဒရုန်းတိုက်ခိုက်မှု ကာကွယ်ရေး စွမ်းရည်များ မြှင့်တင်ရန် အမိန့်ပေး

ဒရုန်းလက်နက်များအန္တရာယ်မှ စိုးရိမ်ရသော ခြိမ်းခြောက်မှုများ တိုးပွား လာသည့်အတွက် အမေရိကန်စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှု ကာကွယ်ရေး စွမ်းရည်များ မြှင့်တင်နိုင်ရေး အမိန့်အရ လုပ်ဆောင်ရန် သမ္မတ ထရမ့်က အမိန့်တစ်ရပ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ယင်းအမိန့်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်လေကြောင်းနယ်နိမိတ်အား ထိန်းချုပ်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တစ်ရပ် ဖွဲ့စည်းခဲ့ပြီး အထိခိုက် မခံနိုင်သော နေရာများအတွက် ကန့်သတ်ချက်များ တိုးချဲ့ခဲ့သည်။

ထိုအမိန့်တွင် အစိုးရအေဂျင်စီများအား ဒရုန်းများကို အချိန်နှင့် တစ်ပြေးညီ ထောက်လှမ်းနိုင်ရန် နည်းပညာအသုံးပြုမှု တိုးမြှင့်ခွင့်ပြုထားပြီး ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့များအား ပံ့ပိုးကူညီမှုများ ပေးအပ်ထားသည်။

“သမ္မတထရမ့်သည် အကြမ်းဖက်သမားများမှလည်းကောင်း၊ အမေရိကန် လေကြောင်းနယ်နိမိတ်အတွင်း အခြားနိုင်ငံများမှ ခွင့်ပြုချက်မရှိဘဲဒရုန်းများ လွှတ်တင်မှုများမှလည်းကောင်း ပိုမိုကြီးထွားလာနေသောခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားသည်” ဟု အမေရိကန်အိမ်ဖြူတော်၏ သိပ္ပံနှင့်နည်းပညာမူဝါဒရုံး၏ ညွှန်ကြားရေးမှူး Michael Kratsios က ပြောကြားခဲ့သည်။

အိမ်ဖြူတော်အရာရှိများက အဆိုပါအစီအမံများသည် အိုလံပစ်နှင့် ကမ္ဘာ့ ဖလားကဲ့သို့သော ကြီးမားသည့်ပွဲများ နီးကပ်လာချိန်တွင် လေကြောင်း ခြိမ်းခြောက်မှုများအပါအဝင် အမေရိကန်နိုင်ငံအား အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးဌာန ခေါင်းဆောင် Sebastian Gorka   က ၎င်းတို့သည် ဒရုန်းများကို ကာကွယ်နိုင်ရန် စွမ်းရည် နှင့် အရည်အသွေးများ မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။ “မကောင်းသည့် ရည်ရွယ်ချက် ရှိသူများကို ဟန့်တားနိုင်ရန် လက်ရှိ ဥပဒေများအား ပိုမိုတင်းကြပ်စွာ အကောင်အထည်ဖော်သွားမည်” ဟု ၎င်းက ဆိုသည်။

နယူးဂျာစီပြည်နယ်တွင် ဒရုန်းများ မကြာခဏမြင်တွေ့ရသည့် အဖြစ် အပျက်များအပြီးတွင် သမ္မတထရမ့်က အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဖက်ဒရယ်လေကြောင်းအာဏာပိုင် (FAA) ၏ ပြောကြားချက်အရ လေဆိပ်အနီးတွင် ဒရုန်းများနှင့်ပတ်သက်သည့် အစီရင်ခံစာ တစ်လလျှင် ၁၀၀ ကျော် ရရှိသည်ဟု သိရသည်။ 

အမေရိကန်နိုင်ငံတွင် အမည်မသိဒရုန်းများသည် ဗျူဟာမြောက် Langley လေတပ်စခန်းနှင့် ကမ္ဘာ့အကြီးဆုံးရေတပ်စခန်းဖြစ်သည့် Norfolk အပါအဝင် စစ်ဘက်ဆိုင်ရာအဆောက်အအုံများအနီးသို့ ချဉ်းကပ်သည့် အဖြစ်အပျက် များစွာကို မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။ ထိုသို့ချဉ်းကပ်မှု များသည် အမေရိကန်စစ်တပ်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ဒရုန်းများအား ခြေရာခံရန် ခက်ခဲပြီး တုံ့ပြန်ရန် နည်းလမ်းများနှင့် ပတ်သက်သည့် စည်းမျဉ်းများစွာနှင့် ရင်ဆိုင်နေရသည်။

ဇွန်လ ၄ ရက်နေ့တွင် အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး David Allvin က နိုင်ငံအနေဖြင့် တာဝေးပစ်ဒုံးကျည်များအပြင် ဒရုန်းများကိုပါ ကာကွယ် တိုက်ခိုက်နိုင်ရန် Golden Dome ကာကွယ်ရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျောင်းအုပ်ဆရာမကြီး တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက် သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်လာကာ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး(၄၅)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ရီရီထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာသို့ အကြမ်း ဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေ ဒေါ်ညွန့်နွယ်(၄၈)နှစ်နှင့် ဒေါ်ဦး(၄၇)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၁)ရပ်ကွက်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မောင်အောင်စည်ဟိန်း (၁၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ကျုံဒိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်သူဇာဝင်း(၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်သူဇာဝင်း(၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

BRICS ပါလီမန်အစည်းအဝေးက ပါဟယ်ဂမ် တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချ

ဘရာဇီးနိုင်ငံတွင် ကျင်းပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် BRICS ပါလီမန် အစည်းအဝေးတွင် တစ်စု တစ်စည်းတည်း အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား လုံးဝလက်မခံသည့် ချည်းကပ်မှုရှိကြရန် အိန္ဒိယနိုင်ငံ၏ တောင်းဆိုမှုကို အတည်ပြုခဲ့ကြောင်း ဇွန် ၇ ရက်နေ့ထုတ် The New India Express သတင်းတွင် ဖော်ပြပါရှိပါသည်။

ပူးတွဲကြေညာချက်တွင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးသည် ပါဟယ်ဂမ်၌ အကြမ်းဖက် တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုကို နည်းမျိုးစုံဖြင့် နှိမ်နင်းရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟု ကတိပြုခဲ့သည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်   Om Birla က အားလုံးစုပေါင်းအားဖြင့် အကြမ်းဖက်များထံ ဘဏ္ဍာငွေစီးဆင်းမှုကို တားဆီးရေး၊ ထောက်လှမ်းရေးသတင်းများ မျှဝေမှုအား ကောင်းစေရေး၊ နည်းပညာအသစ်များကို အလွဲသုံးစားလုပ်မှု တားဆီးရန်နှင့် နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်း မြှင့်တင်ဆောင်ရွက်သွားရေးနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ်ပူးပေါင်းပါဝင် ဆောင်ရွက်ရေး တောင်းဆိုခဲ့သည်။ ၎င်း၏ တင်ပြချက်များသည် ဝန်ကြီးချုပ် Narendra Modi ၏ ခိုင်မာသော မူဝါဒသည့် အကြမ်းဖက်လုပ်ရပ် အမြစ်ပြတ် တိုက်ဖျက်ရေးနှင့်  အချိုးကျကျ တုံ့ပြန်ရေးတို့ အပေါ် ထပ်စေခဲ့သည်။

Birla က အကြမ်းဖက် ဆန့်ကျင်ရေးတွင် ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာ့ဖြစ်စဉ်များတွင် ဘက်လိုက်မှုမရှိပဲ၊ တရားမျှတမှုရှိစေရေးစသည့် အိန္ဒိယနိုင်ငံ၏ လိုလားချက်များကို ရှင်းလင်းပြတ်သားစွာ တင်ပြနိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြပြီး အပြီးသတ်ကြေညာချက်တွင်ပင် ထည့်သွင်းခဲ့ရသည်ကို ထင်ထင် ရှားရှား တွေ့မြင်ရသည်။   

အဆိုပါ ဖိုရမ်တွင် အိန္ဒိယ၏ ဦးဆောင်မှုကို အသိအမှတ် ပြုခဲ့ကြပြီး၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုအတွက် BRICS အဖွဲ့ဝင် ပါလီမန်များ အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ရန်လိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။ 

ယခုနှစ် ဖိုရမ်သည် အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ တရုတ်၊ တောင်အာဖရိက၊ အီရန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ အီဂျစ်၊ အီသီယိုပီးယားနှင့် အင်ဒိုနီးရှားတို့ ပါဝင်သည့် BRICS အဖွဲ့ဝင်တိုးချဲ့ ထားသည့် ပထမဆုံးသော ဖိုရမ်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် ကမ္ဘာ့စိန်ခေါ်မှုများ၏ သော့ချက်ကို အာရုံထားဆွေးနွေးခဲ့ကြပြီး AI နည်းပညာကို တာဝန်သိစွာ အသုံးချရေး၊ ကမ္ဘာကုန်သွယ်မှုတွင် မျှတရေးနှင့် ပါလီမန်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို တညီတညွတ်တည်း သဘောတူ ခဲ့ကြပါသည်။ 

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

ကိုးကား- The New India Express