သတင်းများ

ရုရှားက တရုတ်လုပ် Silent Hunter လေဆာလက်နက်ဖြင့် ယူကရိန်း ဒရုန်းများကို ပစ်ချ

တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆို နေသော်လည်း ရုရှားသည် ယူကရိန်းဒရုန်းများကို ပစ်ချရန် တရုတ်လုပ်လေဆာလက်နက်ကို အသုံးပြုနေပါသည်။  ရုရှားတပ်ဖွဲ့များသည် တရုတ်လုပ် Silent Hunter တာတိုလေဆာ လက်နက် ကိုအသုံးပြုကာ တစ်မိုင်နီးပါးအကွာမှ ယူကရိန်းမောင်းသူမဲ့လေယာဉ် (UAV) များကို ပစ်ချခဲ့ ကြောင်း ဗီဒီယိုမှတ်တမ်းတိုများတွင် တွေ့ရပါသည်။ 

ရန်သူဒရုန်းများကို ရှာဖွေ၊ ခြေရာခံပြီး ချေမှုန်းရန် ဒီဇိုင်းထုတ်ထားသည့် လေဆာလက်နက်ကို လမ်းကြမ်းသုံးယာဉ်များ၏ အမိုးပေါ်တွင်တပ်ဆင်နိုင်ပြီး ယာဉ်အတွင်းမှ ထိန်းချုပ်နိုင်သည်။ ၎င်းသည် ၃.၁ မိုင်အကွာမှ ပစ်မှတ်များကို ထောက်လှမ်းနိုင်ပြီး နှစ်မိုင်အကွာအဝေးအတွင်း ဒရုန်း ကင်မရာများကို ဖျက်ဆီးနိုင်ကာ တစ်မိုင်အကွာအဝေးအတွင်းမှ ဒရုန်းများကို ပစ်ချနိုင်သည်။ ၃၀ ကီလိုဝပ် လေဆာသည် မီတာ ၁၀၀၀ အကွာအဝေးတွင် ၅ မီလီမီတာအထူရှိသော သံမဏိပြားကို ဖောက်နိုင်သည်။ ပစ်မှတ်ကို lock လုပ်ပြီး ပစ်ချရန် အချိန်ရှစ်စက္ကန့်သာ ကြာမြင့်ပါသည်။

ရုရှား Telegram လိုင်းများပေါ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ယူကရိန်း UAV များကို လေဆာလက်နက်ဖြင့် ပစ်ချနေပုံများကို ပြထားပါသည်။ ယူကရိန်းမှ Vodohrai Telegram ချန်နယ်က ထိုဗွီဒီယိုများတွင် ပါဝင်သော ဒရုန်းများသည် Shchedryk-type UAV ၊ Skywalker X8 နှင့် Distractor ဒရုန်းများဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် ဒရုန်းများကို ၀.၈ မိုင် ထက် ပိုသော အကွာအဝေးမှ ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်၏ Militarnyi သတင်းတွင် ဖော်ပြ ထားသည်။ ထိုလေဆာလက်နက်ကို ရုရှား "Kochevnik" အထူးစစ်ဆင်ရေးအဖွဲ့၏ လှုပ်ရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က သုံးစွဲနေပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အသုံးပြုခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

Silent Hunter ကို တရုတ်နိုင်ငံပိုင် China Aerospace Science and Industry Corporation က တီထွင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Hangzhou တွင် ကျင်းပခဲ့သော G20 ထိပ်သီး အစည်းအဝေးတွင် ပထမဆုံး စတင်သုံးစွဲခဲ့ပါသည်။ ထိုစနစ်တွင် ထောက်လှမ်းခြင်း၊ ခြေရာခံခြင်း နှင့် ပစ်ခတ်ခြင်းတို့အတွက် ရေဒါနှင့်မျက်မြင်ကိရိယာများ ပါဝင်သည်။ ၂၀၂၄ ခုနှစ်တွင် အဆင့် မြှင့်ထားသောဗားရှင်းသည် ၃.၇ မိုင်အတွင်း ဒရုန်းများကို ပစ်ချနိုင်ပြီး ၆.၂ မိုင်အတွင်း ကင်မရာများ ကို ဖျက်ဆီးခြင်း သို့မဟုတ် ဒရုန်းကိုထိန်းချုပ်မရစေရန် ပြုလုပ်နိုင်သည်။  

လေဆာလက်နက် တစ်ခါပစ်လျှင် သာမန်အားဖြင့် စတာလင်ပေါင် ၁၀ ပေါင်အောက်သာ ကုန်ကျ ၍ ဒုံးကျည်များထက် ကုန်ကျစရိတ်များစွာသက်သာပါသည်။  ဟူသီတို့၏မောင်းသူမဲ့လေယာဉ် များနှင့် ဒုံးကျည်များကို ချေမှုန်းရန်အတွက် ပင်လယ်နီရှိ ဗြိတိသျှစစ်သင်္ဘာ HMS Diamond မှ ပစ်လွှတ်ခဲ့သော ဗြိတိန်လုပ် ပင်လယ်မြွေပွေး (Sea Viper) ဒုံးကျည်သည် အကြမ်းဖျင်းအားဖြင့် တစ်စင်းလျှင် ပေါင် ၁ သန်းခန့် ကုန်ကျသည်။

The Silent Hunter mounted on top of a military vehicle

ရုရှားအပြင် Silent Hunter ကို ဆော်ဒီအာရေဗျနှင့် အီရန်တို့တွင် အသုံးပြုနေကြောင်း သိရသည်။ ဆော်ဒီအာရေဗျသည် ယီမင်ရှိ ဟူသီပြည်သူ့စစ်များအသုံးပြုသည့် ထောက်လှမ်းရေး UAV များကို ကာကွယ်ရန် ယခင်ကတည်းက လေဆာစနစ်သုံးခဲ့သည်။ အီရန်တွင် အီရန်နိုင်ငံ၏ အဓိပတိ ခေါင်းဆောင် Ayatollah Ali Khamenei က လူထုကို တရားဟောစဉ် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် Silent Hunter စနစ်ကို တွေ့မြင်ခဲ့ရသည်။

ဗြိတိန်သည် ၎င်း၏ကိုယ်ပိုင် လေဆာလက်နက်ကို တီထွင်လျက်ရှိပြီး DragonFire ခေါ်သော လေဆာစနစ်အား ဘုရင့်ရေတပ်၏ Type 45 ဖျက်သင်္ဘောများတွင် ၂၀၂၇ ခုနှစ်မှ စတင်၍ တပ်ဆင်သွားရန် စီစဉ်ထားသည်။ DragonFire ၏ အသုံးပြုနိုင်သောအကွာအဝေးကို လျှို့ဝှက်ထားသော်လည်း ၎င်းသည် မြင်နိုင်သော မည်သည့်ပစ်မှတ်ကိုမဆိုပစ်ချနိုင်ပြီး တစ်ကီလိုမီတာ အကွာမှ တစ်ပေါင်တန်ငွေဒင်္ဂါးပြားကို ထိမှန်နိုင်သည်ဟု ဆိုပါသည်။

ကိုးကား- Telegraph

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

https://www.telegraph.co.uk/world-news/2025/06/04/china-laser-gun-russia-ukrainian-drones/

ရုရှားကျောင်းများ၌ ဒရုန်းများချိတ်ဆက်အသုံးပြုနည်းကို သင်တော့မည်

ရုရှားနိုင်ငံ အစိုးရသည် ဒရုန်းစစ်ဆင်ရေးများကို ၎င်း၏နိုင်ငံပိုင် ကျောင်းသင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားရန် တရားဝင်ခွင့်ပြုလိုက်ပြီး ၈ တန်းနှင့် ၉ တန်းကျောင်းသားများကို မောင်းသူမဲ့လေယာဉ်(ဒရုန်း)သင်ခန်းစာများအကြောင်း သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ သင်ရိုးတွင် ဒရုန်းထုတ်လုပ်သူ ဂျီယိုစကမ် (Geoscan) နှင့် ကျောင်းသုံးသင်ရိုးစာအုပ်ထုတ်ဝေသူ ပရာဗျစ်ရှင်းနီးယား (Prosveshcheniye) အဖွဲ့က ပေါင်းစပ်တီထွင်ရေးသားထားသည့် သင်ရိုးတွင် အလိုအလျောက်မောင်းနှင်နိုင်သော မောင်းသူမဲ့လေယာဉ်စနစ်များ၊ UAV အမျိုးအစားခွဲခြားမှုများ၊ ဒီဇိုင်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ မောင်းနှင်နည်း၊ လေယာဉ်မှူး၊ အလိုအလျောက် ပရိုဂရမ်များနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများပါဝင်ပြီး ဒရုန်းသင်ခန်းစာအကြောင်းအရာမျိုးစုံ ပါဝင်ပါသည်။ သင်ရိုးသည် လုပ်ငန်းသုံး (နည်းပညာ) ဘာသာရပ်ဖြစ်ပြီး “စက်ရုပ်”ပညာသင်ခန်းစာအဖြစ် စာသင်နှစ်အတွင်း ၃၄ နာရီသင်ကြားမည်ဖြစ်ပြီး ကျောင်းသားများကို လက်တွေ့ကျွမ်းကျင်မှုရ‌စေရန် ရည်ရွယ်ထားသည်။

ဤနည်းပညာပညာရေးတွန်းအားပေးမှုသည် ယူကရိန်းနှင့်ပဋိပက္ခတွင် ဒရုန်းအသုံးပြုမှု ပိုမိုပြင်းထန်လာချိန်တွင် ၂၀၃၀ ပြည့်နှစ်တွင် ဒရုန်းအော်ပရေတာ ၁ သန်းကို လေ့ကျင့်ပေးရန် ရုရှား၏ မဟာဗျူဟာရည်မှန်းချက်နှင့် ကိုက်ညီပါသည်။ သို့ရာတွင် ဒရုန်းနည်းပညာကို စစ်ရေးအရ အသုံးချနိုင်မှုများ၊ သမ္မတပူတင်၏ မိသားစုနှင့် ပိတ်ဆို့အရေးယူခံထားရသော ကုမ္ပဏီများ၏ ချိတ်ဆက်မှုများကြောင့် နိုင်ငံတကာမှ စိုးရိမ်မှုများမြင့်တက်လာစေခဲ့သည်။

Source: Popular Myanmar

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဝင်း(၆၅)နှစ်သည် ရပ်ကွက်ဓမ္မာရုံ၌ရှိနေစဉ် အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myawady Daily Newspaper

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက စက်မှုလယ်ယာရုံးဝင်းအတွင်းရှိ လယ်ယာလုပ်ငန်းသုံးယာဉ် လေးစီးအား လုယက်ယူဆောင်

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာအဆောက်အအုံများ၊ အပြစ်မဲ့ အရပ် သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။ 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ စက်မှုလယ်ယာရုံးဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်များကိုင်ဆောင်၍ ရောက်ရှိလာပြီး အဆိုပါရုံးဝင်းအတွင်းရှိ လယ်ယာလုပ်ငန်းသုံး SONALIKA-70 HP ထွန်စက် တစ်စီး၊ စပါးရိတ်သိမ်းခြွေလှေ့စက် DC-70G တစ်စီးနှင့် DKC-685 နှစ်စီးတို့အား လုယက်ယူဆောင်၍ ပဲချပ်အနောက်ကျေးရွာသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ စက်မှုလယ်ယာရုံးဝင်းအတွင်း ဝင်ရောက်၍ လယ်ယာလုပ်ငန်းသုံးယာဉ်များ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ပင်တဂွန်က ကိယက်ဗ်မှ ဒုံးကျည်အစိတ်အပိုင်းများကို အရှေ့ အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ ပြန်လည်လွှဲပြောင်းပေး

ဝါရှင်တန်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) သည် ယခင်က ယူကရိန်းလေကြောင်းရန် ကာကွယ်ရေး အတွက် ရည်ရွယ်ခဲ့သော အရေးကြီးဒုံးကျည်အစိတ်အပိုင်းများကို အရှေ့ အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် ယူကရိန်းအားထောက်ပံ့မှုများကို တဖြည်းဖြည်း လျှော့ချလာခြင်းနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်ပို့စ်၏ ဖော်ပြချက်အရ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်က ယူကရိန်းလုံခြုံရေးအထောက်အပံ့အစီအစဉ် (USAI) အောက်တွင် ဝယ်ယူထားသော မြေပြင်အခြေစိုက် Advanced Precision Kill Weapon System (APKWS) တွင် အသုံးပြုသည့် Fuze (explosive devices များတွင် အသုံးပြုသည့် ချိတ်ဆက်မှုအပိုင်း) များကို လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ APKWS သည် ပဲ့ထိမ်းလမ်းညွှန်  ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဒရုန်းများကို ပစ်ချရန်အသုံးပြုခဲ့သည်။ အဆိုပါအစီအစဉ်အတွက် ရန်ပုံငွေများ သုံးစွဲပြီးဖြစ်သော်လည်း ယခင်အတည်ပြုထားသည့် ထောက်ပံ့မှုများမှာ ယခုနှစ်နှောင်းပိုင်းနှင့် လာမည့်နှစ်တွင် ယူကရိန်းသို့ ဆက်လက် ရောက်ရှိရန် စီစဉ်ထားဆဲဖြစ်သည်။

သို့ရာတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က မေလ အတွင်းက လျှို့ဝှက်စာတစ်စောင်ဖြင့် Fuze များလွှဲပြောင်းရန် ခွင့်ပြုခဲ့ပြီး ယင်းကို ကာကွယ်ရေးဝန်ကြီး၏ အရေးပေါ်ကိစ္စအဖြစ် သတ်မှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ဆီးနိတ်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီသို့ အကြောင်းကြားခဲ့သော်လည်း ပင်တဂွန်မှ အများ ပြည်သူထံ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

အမည်မဖော်လိုသူ အရင်းအမြစ်များနှင့် အတွင်းရေး အချက်အလက်များကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က အမေရိကန်လေတပ်သည် F-16 နှင့် F-15E တိုက်လေယာဉ်များတွင် တပ်ဆင်ထားသော ဒုံးကျည်များတွင် ပြန်လည်ခွဲဝေထားသည့် Fuze များကို အသုံးပြုရန် ရည်ရွယ်ထားကြောင်းဖော်ပြခဲ့သည်။ ယခုလွှဲပြောင်းမှုကို ယမန်နှစ်က အတည်ပြုခဲ့သည့်အရေးပေါ်စစ်ရေးအသုံးစရိတ်ဥပဒေကြမ်း အောက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒင်အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Celeste Wallander က WSJ ကို ပြောကြားရာတွင် APKWS စနစ်များသည် ယူကရိန်း၏လေကြောင်း ကာကွယ်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍ မှပါဝင်နေသော်လည်း ယီမင်ရှိဟူသီသူပုန်များနှင့် အီရန်မှဖြစ်ပေါ်လာနိုင်သည့် ဒရုန်း တိုက်ခိုက်မှုများမှ အမေရိကန်စစ်သည်များနှင့်စခန်းများကို ကာကွယ်ရန် အရေးတကြီး လိုအပ်နေသည်” ဟု ထည့်သွင်းရှင်းပြခဲ့သည်။

အဆိုပါသတင်းသည် ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ NATO အစည်းအဝေးတက်ရောက်မှုကို ရုတ်တရက်ပယ်ဖျက်ခဲ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ယူကရိန်းသို့စစ်ရေးအကူအညီများနှင့်ပတ်သက်၍ဆွေးနွေးမည့် ထိုအစည်းအဝေးကို ပင်တဂွန်ခေါင်းဆောင် ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့ခြင်းဖြစ်ကာ Hegseth က ယူကရိန်းပဋိပက္ခတွင် အမေရိကန်၏ဆက်လက်ပါဝင်မှုကို အထပ်ထပ်ဝေဖန်နေချိန်နှင့် ယှဉ်တွဲ ဖြစ်ပွားခဲ့သည်။

သမ္မတ Trump က ယူကရိန်းအားစစ်ရေးထောက်ပံ့မှုများ ဆက်လက် ပေးသင့်၊ မပေးသင့်ကို မေးခွန်းထုတ်လျက်ရှိပြီး မော်စကိုနှင့် ကိယက်ဗ် တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တွန်းအားပေးကာသံတမန်နည်းလမ်းဖြင့် အဆုံးသတ်ရမည်ဟု မကြာခဏ ထုတ်ဖော် ပြောဆို ခဲ့သည်။

ရုရှားအရာရှိများကမူ ယူကရိန်းသို့အနောက်နိုင်ငံများမှ လက်နက်တပ်ဆင်မှုများကို ပဋိပက္ခတလျှောက်လုံး ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ထိုသို့ပံ့ပိုးမှုများသည် စစ်ပွဲ၏အခြေအနေကို မပြောင်းလဲနိုင်ဘဲ အရှိန်မြှင့်တင်မှုနှင့် ထိခိုက်သေကြေမှုများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တံတားနှစ်စင်းဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ဟု ရုရှားပြော

ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်း ဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေး ကော်မတီ အကြီးအကဲ အလက်ဇန္ဒားဘက်စတီခင်က ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဘက်စတီခင်က သမ္မတဗလာဒီမာပူတင်နှင့် ကျင်းပသည့် အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု သုံးခုစလုံးတွင် ရရှိခဲ့သည့် သက်သေ အထောက်အထားများအရ အဆိုပါ တိုက်ခိုက်မှုများအား ယူကရိန်း ထောက်လှမ်းရေး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သက်သေပြလျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ ဗုံးများဖြစ်ပြီး ယင်းဗုံးများသည် အဖျက်စွမ်းအားပြင်းထန်သည့် TNT ၁၅ ကီလိုဂရမ်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ ဒေသနှစ်ခုတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက  ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကို ရုရှားအာဏာပိုင်များက စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

MWD Web Portal

US က ကိယက်ဗ်ရှိ အမေရိကန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်ထုတ်ပြန်

US သံရုံးက Kyiv ရှိ အမေရိကန်နိုင်ငံသားများကို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေးချက်မြည်သံများကို သတိထားပြီး သင့်လျော်သည့် ခိုလှုံရာနေရာများတွင် ခိုလှုံရန် အကြံပြုထားပါသည်။ “ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေသည်” ဟု ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ထုတ်ပြန်သည့် လုံခြုံရေး သတိချက်ပေးချက်၌ ဖော်ပြထားပါသည်။

ရုရှား သမ္မတ ပူတင် က “မကြာသေးမီက ရုရှားပိုင် နျူကလီယား ဗုံးကြဲလေယာဉ်ကြီးများရှိသည့် လေယာဉ်ကွင်းများကို ယူကရိန်း၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်မည်” ဟု ပြောကြားခဲ့သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က Truth Social မှာ ဗုဒ္ဓဟူးနေ့ (ဇွန် ၄) ညက ရေးသား ခဲ့ပါသည်။ ၎င်းတို့နှစ်ဦး မကြာသေးမီက ပြုလုပ်ခဲ့သည့် ကြိုတင်စီစဉ်မထားသော ဆွေးနွေးမှုအကြောင်းကိုလည်း ဖော်ပြခဲ့ပါသည်။

အဆိုပါလုံခြုံရေး သတိပေးချက်ကို US နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယခု ယူကရိန်းရှိ အမေရိကန်နိုင်ငံသားများကို “ကြိုတင်၍ ခိုလှုံရာနေရာများ သတ်မှတ်ထားရန်” နှင့် “ရေ၊ အစားအစာနှင့် ဆေးဝါး များ သိုလှောင်ထားရန်” အကြံပြုထားပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် Bryansk နှင့် Kursk ဒေသများရှိ မီးရထားလမ်းဖျက်ဆီးမှုများကို “လုံးဝသေချာသော အကြမ်းဖက်လုပ်ရပ်တစ်ခု” အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းကို “ကိယက်ဗ် ရှိ တရားမဝင်အာဏာရှင်စနစ်” မှ ကျူးလွန်ခဲ့သည်ဟု ဆိုကာ ထိုစနစ်သည် “တဖြည်းဖြည်း အကြမ်းဖက် အဖွဲ့အစည်း တစ်ခု အဖြစ် ပြောင်းလဲလာနေသည်” ဟု ထောက်ပြခဲ့သည်။

နိုင်ငံခြားရေးမူဝါဒ အကြီးတန်းအကြံပေး Yury Ushakov ၏ အဆိုအရ ပူတင်သည် ထရမ့်အား အဆိုပါတိုက်ခိုက်မှုများသည် မော်စကိုနှင့် ကိယက်ဗ် အကြား တိုက်ရိုက်ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ရည်ရွယ်ခဲ့ကြောင်း၊ ၎င်းတို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲကို တနင်္လာနေ့ (ဇွန် ၂) က အစ္စတန် ဘူလ်တွင် ကျင်းပခဲ့ကြောင်း အသိပေးခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းနှင့်ပတ်သက်သည့် အဆင့်မြင့် အစည်းအဝေးများနှင့် အခြားလမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်။ ထရမ့်သည် ဖုန်းစကား ပြောဆိုမှုကို “ကောင်းမွန်သော ဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့သော်လည်း ၎င်းသည် “ချက်ချင်း ငြိမ်းချမ်းရေးကို ဖြစ်စေမည့်အရာမဟုတ်ကြောင်း” မှတ်ချက်ပြုခဲ့သည်။

ဟက်ကာများကိုဟန့်တားနိုင်မည့် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ် တစ်မျိုးကို ရုရှားစတင်မည်

ရုရှားအစိုးရသည်  နိုင်ငံအတွင်းရှိ ပြည်သူများအတွက်  ဆိုက်ဘာလုံခြုံမှု   ကာကွယ်ရေးစနစ်သစ် တစ်မျိုးကို ယခု ၂၀၂၅ ခုနှစ်အကုန်ပိုင်းတွင် စတင်အသုံးပြုမည် ဖြစ်သည်။

အဆိုပါဆိုက်ဘာကာကွယ်ရေး စနစ်သစ်အား Rostele-com မှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Solar Group က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာ လိမ်ညာမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း Solar Group မှညွှန်ကြားရေးမှူး ဗလာဒီမာဘင်ဂင်က ပြောသည်။

ထို့ပြင် ယခုစတင်အသုံးပြုမည့် ဆိုက်ဘာကာကွယ်ရေး စနစ်သစ်သည် လိမ်ညာသည့် ဝက်ဘ်ဆိုက်များအား အတင်းအကျပ်ပိတ်ဆို့သည့် နည်းပညာကိုပါ  အသုံးပြုမည်ဖြစ်သောကြောင့် ရုရှားနိုင်ငံအတွင်းရှိ ကုမ္ပဏီအချို့က အဆိုပါ ဆိုက်ဘာကာကွယ်ရေးစနစ်ကို အသုံးပြုရန် စိတ်ဝင်စားလျက်ရှိသည်။

ရုရှားနိုင်ငံသားများအတွက် အသုံးပြုမည့် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ်သည် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်မည့် ဟက်ကာများကို ဟန့်တားနိုင်ပြီး အသုံးပြုသူ  ရုရှားနိုင်ငံသားများအား ဘေးကင်းစွာဖြင့် အသုံးပြုစေနိုင်မည်ဖြစ်ကြောင်း Mobile Research Group မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ  အယ်လ်ဒါမာတာဇင်က ပြောကြားထားသည်။                            

နှစ်နိုင်ငံနယ်စပ်တွင် အပစ်အခတ်လေ့ကျင့်မှု ပြုလုပ်မှုအပေါ် ရုရှားက ဂျပန်အားကန့်ကွက်

နှစ်နိုင်ငံနယ်စပ်တွင် အပစ်အခတ်လေ့ကျင့်မှုပြုလုပ်မှုအပေါ် ရုရှားနိုင်ငံက ဂျပန် နိုင်ငံအား ကန့်ကွက်ခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံသည် ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ရုရှားနိုင်ငံ၏ နယ်စပ်အနီး ပင်လယ်ပြင် အတွင်း ပစ်ခတ်မှုလေ့ကျင့်ခဲ့မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ပြန်ကြားရေးအဖွဲ့က ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။ 
ရုရှားနိုင်ငံနယ်စပ်အနီးတွင် ထိုသို့လုပ်ဆောင်ခြင်းသည် မဆင်မခြင်လုပ်ဆောင်ရာ ရောက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ပစ်ခတ်မှု လေ့ကျင့်ခြင်းသည် အရပ်ဘက်ရေကြောင်းသွားလာမှုအပေါ်အန္တရာယ်ကျရောက်စေ နိုင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကို လက်သင့်မခံနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Ref: Ivz

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာရှိ ကျေးရွာနေပြည်သူများက ကျေးရွာမြောက်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ ယာခင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာအနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်ဘဲ့(တောင်)ကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ကြိုင်(၄၃)နှစ်နှင့် ကျေးရွာနေပြည်သူများဖြစ်ကြသည့် မောင်စိုင်း(၁၄)နှစ်တို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးချိန်အို(၅၂)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါကျေးရွာ၌ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။