သတင်းများ

ရုရှားက တရုတ်လုပ် Silent Hunter လေဆာလက်နက်ဖြင့် ယူကရိန်း ဒရုန်းများကို ပစ်ချ

တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆို နေသော်လည်း ရုရှားသည် ယူကရိန်းဒရုန်းများကို ပစ်ချရန် တရုတ်လုပ်လေဆာလက်နက်ကို အသုံးပြုနေပါသည်။  ရုရှားတပ်ဖွဲ့များသည် တရုတ်လုပ် Silent Hunter တာတိုလေဆာ လက်နက် ကိုအသုံးပြုကာ တစ်မိုင်နီးပါးအကွာမှ ယူကရိန်းမောင်းသူမဲ့လေယာဉ် (UAV) များကို ပစ်ချခဲ့ ကြောင်း ဗီဒီယိုမှတ်တမ်းတိုများတွင် တွေ့ရပါသည်။ 

ရန်သူဒရုန်းများကို ရှာဖွေ၊ ခြေရာခံပြီး ချေမှုန်းရန် ဒီဇိုင်းထုတ်ထားသည့် လေဆာလက်နက်ကို လမ်းကြမ်းသုံးယာဉ်များ၏ အမိုးပေါ်တွင်တပ်ဆင်နိုင်ပြီး ယာဉ်အတွင်းမှ ထိန်းချုပ်နိုင်သည်။ ၎င်းသည် ၃.၁ မိုင်အကွာမှ ပစ်မှတ်များကို ထောက်လှမ်းနိုင်ပြီး နှစ်မိုင်အကွာအဝေးအတွင်း ဒရုန်း ကင်မရာများကို ဖျက်ဆီးနိုင်ကာ တစ်မိုင်အကွာအဝေးအတွင်းမှ ဒရုန်းများကို ပစ်ချနိုင်သည်။ ၃၀ ကီလိုဝပ် လေဆာသည် မီတာ ၁၀၀၀ အကွာအဝေးတွင် ၅ မီလီမီတာအထူရှိသော သံမဏိပြားကို ဖောက်နိုင်သည်။ ပစ်မှတ်ကို lock လုပ်ပြီး ပစ်ချရန် အချိန်ရှစ်စက္ကန့်သာ ကြာမြင့်ပါသည်။

ရုရှား Telegram လိုင်းများပေါ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ယူကရိန်း UAV များကို လေဆာလက်နက်ဖြင့် ပစ်ချနေပုံများကို ပြထားပါသည်။ ယူကရိန်းမှ Vodohrai Telegram ချန်နယ်က ထိုဗွီဒီယိုများတွင် ပါဝင်သော ဒရုန်းများသည် Shchedryk-type UAV ၊ Skywalker X8 နှင့် Distractor ဒရုန်းများဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် ဒရုန်းများကို ၀.၈ မိုင် ထက် ပိုသော အကွာအဝေးမှ ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်၏ Militarnyi သတင်းတွင် ဖော်ပြ ထားသည်။ ထိုလေဆာလက်နက်ကို ရုရှား "Kochevnik" အထူးစစ်ဆင်ရေးအဖွဲ့၏ လှုပ်ရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က သုံးစွဲနေပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အသုံးပြုခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

Silent Hunter ကို တရုတ်နိုင်ငံပိုင် China Aerospace Science and Industry Corporation က တီထွင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Hangzhou တွင် ကျင်းပခဲ့သော G20 ထိပ်သီး အစည်းအဝေးတွင် ပထမဆုံး စတင်သုံးစွဲခဲ့ပါသည်။ ထိုစနစ်တွင် ထောက်လှမ်းခြင်း၊ ခြေရာခံခြင်း နှင့် ပစ်ခတ်ခြင်းတို့အတွက် ရေဒါနှင့်မျက်မြင်ကိရိယာများ ပါဝင်သည်။ ၂၀၂၄ ခုနှစ်တွင် အဆင့် မြှင့်ထားသောဗားရှင်းသည် ၃.၇ မိုင်အတွင်း ဒရုန်းများကို ပစ်ချနိုင်ပြီး ၆.၂ မိုင်အတွင်း ကင်မရာများ ကို ဖျက်ဆီးခြင်း သို့မဟုတ် ဒရုန်းကိုထိန်းချုပ်မရစေရန် ပြုလုပ်နိုင်သည်။  

လေဆာလက်နက် တစ်ခါပစ်လျှင် သာမန်အားဖြင့် စတာလင်ပေါင် ၁၀ ပေါင်အောက်သာ ကုန်ကျ ၍ ဒုံးကျည်များထက် ကုန်ကျစရိတ်များစွာသက်သာပါသည်။  ဟူသီတို့၏မောင်းသူမဲ့လေယာဉ် များနှင့် ဒုံးကျည်များကို ချေမှုန်းရန်အတွက် ပင်လယ်နီရှိ ဗြိတိသျှစစ်သင်္ဘာ HMS Diamond မှ ပစ်လွှတ်ခဲ့သော ဗြိတိန်လုပ် ပင်လယ်မြွေပွေး (Sea Viper) ဒုံးကျည်သည် အကြမ်းဖျင်းအားဖြင့် တစ်စင်းလျှင် ပေါင် ၁ သန်းခန့် ကုန်ကျသည်။

The Silent Hunter mounted on top of a military vehicle

ရုရှားအပြင် Silent Hunter ကို ဆော်ဒီအာရေဗျနှင့် အီရန်တို့တွင် အသုံးပြုနေကြောင်း သိရသည်။ ဆော်ဒီအာရေဗျသည် ယီမင်ရှိ ဟူသီပြည်သူ့စစ်များအသုံးပြုသည့် ထောက်လှမ်းရေး UAV များကို ကာကွယ်ရန် ယခင်ကတည်းက လေဆာစနစ်သုံးခဲ့သည်။ အီရန်တွင် အီရန်နိုင်ငံ၏ အဓိပတိ ခေါင်းဆောင် Ayatollah Ali Khamenei က လူထုကို တရားဟောစဉ် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် Silent Hunter စနစ်ကို တွေ့မြင်ခဲ့ရသည်။

ဗြိတိန်သည် ၎င်း၏ကိုယ်ပိုင် လေဆာလက်နက်ကို တီထွင်လျက်ရှိပြီး DragonFire ခေါ်သော လေဆာစနစ်အား ဘုရင့်ရေတပ်၏ Type 45 ဖျက်သင်္ဘောများတွင် ၂၀၂၇ ခုနှစ်မှ စတင်၍ တပ်ဆင်သွားရန် စီစဉ်ထားသည်။ DragonFire ၏ အသုံးပြုနိုင်သောအကွာအဝေးကို လျှို့ဝှက်ထားသော်လည်း ၎င်းသည် မြင်နိုင်သော မည်သည့်ပစ်မှတ်ကိုမဆိုပစ်ချနိုင်ပြီး တစ်ကီလိုမီတာ အကွာမှ တစ်ပေါင်တန်ငွေဒင်္ဂါးပြားကို ထိမှန်နိုင်သည်ဟု ဆိုပါသည်။

ကိုးကား- Telegraph

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

https://www.telegraph.co.uk/world-news/2025/06/04/china-laser-gun-russia-ukrainian-drones/

ရုရှားကျောင်းများ၌ ဒရုန်းများချိတ်ဆက်အသုံးပြုနည်းကို သင်တော့မည်

ရုရှားနိုင်ငံ အစိုးရသည် ဒရုန်းစစ်ဆင်ရေးများကို ၎င်း၏နိုင်ငံပိုင် ကျောင်းသင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားရန် တရားဝင်ခွင့်ပြုလိုက်ပြီး ၈ တန်းနှင့် ၉ တန်းကျောင်းသားများကို မောင်းသူမဲ့လေယာဉ်(ဒရုန်း)သင်ခန်းစာများအကြောင်း သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ သင်ရိုးတွင် ဒရုန်းထုတ်လုပ်သူ ဂျီယိုစကမ် (Geoscan) နှင့် ကျောင်းသုံးသင်ရိုးစာအုပ်ထုတ်ဝေသူ ပရာဗျစ်ရှင်းနီးယား (Prosveshcheniye) အဖွဲ့က ပေါင်းစပ်တီထွင်ရေးသားထားသည့် သင်ရိုးတွင် အလိုအလျောက်မောင်းနှင်နိုင်သော မောင်းသူမဲ့လေယာဉ်စနစ်များ၊ UAV အမျိုးအစားခွဲခြားမှုများ၊ ဒီဇိုင်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ မောင်းနှင်နည်း၊ လေယာဉ်မှူး၊ အလိုအလျောက် ပရိုဂရမ်များနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများပါဝင်ပြီး ဒရုန်းသင်ခန်းစာအကြောင်းအရာမျိုးစုံ ပါဝင်ပါသည်။ သင်ရိုးသည် လုပ်ငန်းသုံး (နည်းပညာ) ဘာသာရပ်ဖြစ်ပြီး “စက်ရုပ်”ပညာသင်ခန်းစာအဖြစ် စာသင်နှစ်အတွင်း ၃၄ နာရီသင်ကြားမည်ဖြစ်ပြီး ကျောင်းသားများကို လက်တွေ့ကျွမ်းကျင်မှုရ‌စေရန် ရည်ရွယ်ထားသည်။

ဤနည်းပညာပညာရေးတွန်းအားပေးမှုသည် ယူကရိန်းနှင့်ပဋိပက္ခတွင် ဒရုန်းအသုံးပြုမှု ပိုမိုပြင်းထန်လာချိန်တွင် ၂၀၃၀ ပြည့်နှစ်တွင် ဒရုန်းအော်ပရေတာ ၁ သန်းကို လေ့ကျင့်ပေးရန် ရုရှား၏ မဟာဗျူဟာရည်မှန်းချက်နှင့် ကိုက်ညီပါသည်။ သို့ရာတွင် ဒရုန်းနည်းပညာကို စစ်ရေးအရ အသုံးချနိုင်မှုများ၊ သမ္မတပူတင်၏ မိသားစုနှင့် ပိတ်ဆို့အရေးယူခံထားရသော ကုမ္ပဏီများ၏ ချိတ်ဆက်မှုများကြောင့် နိုင်ငံတကာမှ စိုးရိမ်မှုများမြင့်တက်လာစေခဲ့သည်။

Source: Popular Myanmar

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်သီတာမိုး(ခ)ကုလားမ(၅၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအတွင်းသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် သစ်တိုကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့အရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူနှင့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်သီတာမိုး(ခ)ကုလားမတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း နှစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာနေ ဦးဇော်ဝင်းလတ်(၄၁)နှစ်သည် ဦးအောင်မိုး(စိစစ်ဆဲ) မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ဂန့်ဂေါမြို့သို့ မန္တလေး-ဂန့်ဂေါကားလမ်းအတိုင်း ထွက်ခွာလာစဉ် လယ်မကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း နှစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် မော်တော်ယာဉ်၏ရှေ့/နောက်လေကာမှန်များကွဲ၍ တာယာ လေးလုံး ပေါက်ကွဲပျက်စီးခဲ့ပြီး ဦးဇော်ဝင်းလတ်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဦးအောင်မိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

04 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာအုပ်စု၊ ဘွတ်ကြီးကျေးရွာ၊ ရဲစု(မြောက်ပိုင်း)၊ အောင်မင်္ဂလာလမ်းအတိုင်း လမ်းလျှောက်လာသူ ဝင်းကျော်စိုး(၂၅)နှစ် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းလွယ်ထားသည့် လွတ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား(တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၈၀) ဖမ်းဆီးရမိသဖြင့် ဝင်းကျော်စိုး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

US ထံမှ ထောက်လှမ်းရေးသတင်းအချက်အလက်များကို အခြေခံ၍ ယူကရိန်းတပ်များက ရုရှားလေယာဉ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ပြင်သစ်ထောက်လှမ်းရေးဟောင်း ပြောကြား

ယူကရိန်းတို့သည် အမေရိကန်ထံမှ တိုက်ရိုက်ထောက်လှမ်းရေး သတင်း အချက်အလက်များနှင့် ဂြိုလ်တုအထောက်အပံ့မရှိပါက ရုရှားနယ်မြေအတွင်းပိုင်း နက်ရှိုင်းစွာတည်ရှိသော နေရာများတွင် ရပ်နားထားသည့်ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်လေယာဉ်များကို အဝေးမှ ထိရောက်စွာ တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း ပြင်သစ်စစ်တပ်အရာရှိဟောင်း တစ်ဦး က ပြောကြားခဲ့သည်။

ယူကရိန်းတို့သည် တနင်္လာနေ့ (ဇွန် ၂) တွင် “Operation Spider’s Web” ဟု အမည်ရသည့် ပေါင်းစပ်တိုက်ခိုက်မှုတစ်ခုဖြင့် အာတိတ်ဒေသရှိ Murmansk မှ ဆိုက်ဘေးရီးယားရှိ Irkutsk အထိ ရုရှားနယ်မြေအတွင်းရှိ လေတပ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ကိယက်ဗ်၏ ပြောဆိုချက်အရ Tu-95 နှင့် Tu-22 ကဲ့သို့သော ရုရှား၏ ရေဒါ ရှောင်ရှား နိုင်သည့် ဗုံးကြဲလေယာဉ်အပါအဝင် စစ်လေယာဉ်ပေါင်း ၄၀ ခန့် ပျက်စီး ခဲ့သည်ဟုဆိုသည်။ မော်စကိုမှ အဆိုပါပြောဆိုချက်ကို အတည်မပြုသေးဘဲ ယူကရိန်း၏ဒရုန်းအများစုကို ပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟုသာ ထုတ်ပြန် ခဲ့သည်။ သတင်းများအရ ယင်းတိုက်ခိုက်မှုကို ရုရှားနယ်အတွင်းသို့ကြိုတင်ပို့ဆောင်ထားသော ကုန်တင်ကားများတွင် ပါဝင်သည့် ဒရုန်း များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာရေးဆရာနှင့် ပြင်သစ်စစ်တပ်၏ ဗိုလ်မှူးကြီးဟောင်း Guillaume Ancel က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် Le Monde သို့ ပြောကြားရာတွင် ကိယက်ဗ်၏စစ်ဆင်ရေးတွင် ရှေ့တန်းမှ ကီလိုမီတာထောင်ချီဝေးသော နေရာများမှ FPV ဒရုန်းများကို မောင်းနှင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“ထိုသို့ပြုလုပ်နိုင်ခြင်းမှာ စွမ်းအားပြည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၏ အထောက်အပံ့မပါဘဲ မဖြစ်နိုင်ပါ” ဟု ၎င်းက ဆိုသည်။ “ယူကရိန်း တို့တွင် ထိုကဲ့သို့သော နည်းပညာအရည်အချင်းမရှိသောကြောင့် အဝေးမှ ထိန်းချုပ် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ အကူအညီကြောင့်သာ ဖြစ်နိုင်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ Ancel က ကိယက်ဗ် သည် “အမေရိကန်ထောက်လှမ်းရေးမှ သတင်းအချက်အလက်များမရှိပါက အဆိုပါစစ်ဆင်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပါ” ဟု ထောက်ပြခဲ့သည်။

အနောက်နိုင်ငံအချို့က ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကို ချီးကျူးနေကြ သော်လည်း အပြည်ပြည်ဆိုင်ရာ စွန့်စားမှုအန္တရာယ်ဆိုင်ရာ အကြံပေးနှင့် အရန်စစ်မှုထမ်း အရာရှိ Stephane Audrand က ယင်းတိုက်ခိုက်မှုသည် လက်ရှိအခြေအနေအတွက် ကြီးမားသောသက်ရောက်မှုမရှိဟု အတည်ပြုပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းကို ဒရုန်းအစင်းရေ (၁) သိန်း ပေးပို့ကူညီရန် ဗြိတိန် အစိုးရ ကတိပြု

လက်ရှိဘဏ္ဍာရေးနှစ်အကုန် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ယူကရိန်းကို ဒရုန်း အစင်းရေ (၁) သိန်းထောက်ပံ့ပေးရန် ဗြိတိန်အစိုးရက ကတိပြုခဲ့ကြောင်း သိရပါသည်။ ဒရုန်းများသည် စစ်ပွဲဆင်နွှဲသည့်ပုံစံများကို ပြောင်းလဲစေခဲ့ သည်ဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ကတိပြုမှု ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ရုရှား၏ ဖြစ်နိုင်ခြေရှိသည့် တိုက်ခိုက်မှုအပါအဝင် အခြားပေါ်ပေါက်လာ နိုင်သော ခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ရန်အတွက် မြင့်မားသည့် နည်းပညာနှင့် စစ်တပ်အတွက်တောင်းဆိုသည့် မဟာဗျူဟာမြောက် ကာကွယ်ရေးသုံးသပ်ချက်ကို ဗြိတိန်အစိုးရက ထောက်ခံခဲ့ကြောင်းလည်း သိရပါသည်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်မှစတင်ပြီး ယူကရိန်း၏ အဓိက ကျောထောက် နောက်ခံနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်သည် ဒရုန်းများက စစ်မြေပြင်ကို မည်ကဲ့သို့ပြောင်းလဲမှုများဖြစ်ပေါ်စေသည်ကို ယူကရိန်းထံ လေ့လာသင်ယူရန် စီစဉ်နေကြောင်းလည်း သိရပါသည်။ ထို့အပြင် ပေါင်သန်း(၃၅၀)တန်ဖိုးရှိ ဒရုန်းအကူအညီသည် ယူကရိန်းအတွက် ပေါင် (၄ ဒသမ ၅) ဘီလီယံတန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဗြိတိန်အစိုးရကပြောကြားခဲ့ပါသည်။ ဗြိတိန် အစိုးရက “ဗြိတိန်နိုင်ငံသည် ယခုနှစ်အတွင်း ယူကရိန်းကို ထောင်နှင့် ချီသော ဒရုန်းများ ပေးပို့ပြီး ယူကရိန်းအတွက် ဗြိတိန်၏ အကူအညီ များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား- NP News

ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသသို့ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်များနှင့်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားဟုဆို

ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Amarit Boonsuya သည် ကမ္ဘောဒီးယားနှင့် အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသကို လာရောက်ခဲ့ပြီး ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကိုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မေလ ၂၈ ရက်တွင် နယ်စပ်ဒေသ၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တင်းမာမှုများရှိနေပြီး နှစ်နိုင်ငံစလုံးက စစ်တပ်များသည် အငြင်းပွားလျက်ရှိနေသည့် ရှေ့တန်းစစ်မျက်နှာ ပြင်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားကြောင်းသိရသည်။

ထိုင်းဒုတိယဗိုလ်ချုပ်ကြီးသည် ချွန်ဘူရီ ဒေသအရှေ့ဘက်ပိုင်းရှိ ထိုင်းစစ် တပ်စခန်းကိုလာရောက်ခဲ့ပြီး ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အငြင်းပွားနေသည့်နယ်စပ်ဒေသတွင် ထိုင်းတပ်မ ၁၁ မှ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ၊ အမြှောက်တပ်များ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၊ သံချပ်ကာတပ်ဖွဲ့များ၊ လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ စစ်သားများ အမြန်သယ်ယူ ပို့ဆောင်နိုင်မည့် ကားများ ဖြန့်ကြက်ချထားပြီး ထိုင်းစစ်တပ်၏ စစ်အင်အား တောင့်တင်း မှုကို ပြသခဲ့ကြောင်းသိရသည်။

ထိုင်းဒုတိယဗိုလ်ချုပ်ကြီးက ထိုင်းစစ်သားများအနေဖြင့် မိမိတို့၏ တိုက်ခိုက်ရေး စွမ်းရည်ပိုင်းကို ယုံကြည်မှုအပြည့်ရှိစေရန်နှင့် ထိုင်းနိုင်ငံ ကို ကာကွယ်ရန်အဆင့်သင့်ရှိနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ ထိုင်းအစိုးရအဖွဲ့ကလည်း ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသည့်နယ်စပ်ဒေသအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဆွေးနွေးမည်ဆိုလျှင် ငြိမ်းချမ်းစွာဆွေးနွေးမည်ဖြစ်သလို လက်နက်ကိုင်တိုက်ခိုက်မည်ဆိုလျှင် ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောဆိုထားသည်။

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျက်စီးနိုင်ခြေစစ်ဆေး

မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျက်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။
           
ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင် တစ်ထောက်ရပ်နားကာ မြိတ်မြို့သို့ ဆက်လက်ထွက်ခွာလာစဉ် သင်္ဘောအတွင်း ရေများစိမ့်ဝင်နေသည်ကို သင်္ဘောသားများက တွေ့ရှိခဲ့ပြီးနောက် သင်္ဘောကို နီးရာကမ်းခြေတစ်ခုသို့ ဦးတည်ခုတ်မောင်းရန် ကက်ပတိန် ဦးအောင်ငွေစိုးက ညွှန်ကြားခဲ့သည်။
           
စုစုပေါင်း တန်ချိန် ၁၀၀ ရှိသော သင်္ဘောသည် မူကိုဆူရင် မြောက်ဖက် Jak ပင်လယ်အော်တွင် သောင်တင်သွားခဲ့ကာ နောက်ဆုံးတွင် ပင်လယ်အတွင်း၌ နစ်မြုပ်သွားပြီး ကုန်ပစ္စည်းများ မျောပါသွားခဲ့သည်။
       
သင်္ဘောအတွက် အသုံးပြုမည့် ဒီဇယ်ဆီ ၇,၇၀၀ လီတာကို သယ်ဆောင်လာခဲ့သော်လည်း ပင်လယ်အတွင်းသို့ ဆီ မယိုစိမ့်ခဲ့ဟု စင်တာက ပြောဆိုသည်။ အများဆုံး စိုးရိမ်မှုမှာ ရေအောက်ကြမ်းပြင်သို့ ရောက်သွားသော သင်္ဘောကြောင့် သန္တာကျောက်တန်း၏ ထိခိုက်ပျက်စီးနိုင်ခြေဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်ကျေးရွာနေ မသဲ(၁၇)နှစ်နှင့် မဝင်းဖြူစင်(၁၆)နှစ်တို့သည် တစ်ရွာတည်းနေ ဒေါ်စန်းစန်းအေး(၃၀)နှစ် မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် နောင်ထော်ရွာသစ်ကျေးရွာမှ ဆီဆိုင်မြို့သို့ ကျောင်းအပ်နှံရန် ထွက်ခွာလာစဉ် နောင်ဘို-နောင်ထော် ရွာသစ်ကျေးရွာလမ်းဆုံအရောက်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် မသဲ(၁၇)နှစ်နှင့် မဝင်းဖြူစင်(၁၆)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒေါ်စန်းစန်းအေးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။