သတင်းများ

ထောင်ဖောက်လွတ်မြောက်ခဲ့သည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အီကွေဒေါ ပြန်လည်ဖမ်းဆီးနိုင်

ကွီတို ဇွန် ၂၆

ပြီးခဲ့သည့်နှစ်က အကျဉ်းထောင် မှ ထွက်ပြေးလွတ်မြောက်သွားသော လော့စ်ချိုနာရော့စ် ဒုစရိုက် ဂိုဏ်း၏ခေါင်းဆောင် ဟိုဆေး အဒယ်ဖိုမာစီယာကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နို ဘိုဝါက ဇွန် ၂၅ ရက်တွင် ကြေညာ ထားသည်။

ဖီတိုဟူ၍လည်း ထင်ရှားသည့် ဟိုဆေးအဒယ်ဖိုမာစီယာ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဂွါယာ ကွီးလ်အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်ခဲ့ရာ အီကွေဒေါနိုင်ငံ၏ အလိုအရှိဆုံးဝရမ်းပြေးတရားခံ ဖြစ်ခဲ့ရသည်။

သို့ရာတွင် လက်ရှိအချိန်၌ အီကွေဒေါရဲတပ်ဖွဲ့နှင့် တပ်မတော် တို့က ၎င်းကို ပြန်လည်ဖမ်းဆီး နိုင်ခဲ့ပြီဖြစ်ကြောင်း အီကွေဒေါသမ္မတက အတည်ပြုပြောကြားထားသည်။

သို့သော် ဟိုဆေးအဒယ်ဖိုမာစီ ယာအားမည်သည့်အချိန်၊မည်သည့် နေရာ၌ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ကို အီကွေဒေါသမ္မတက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံသည် မာစီယာ ကို ၂၀၁၁ ခုနှစ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူသတ်မှု အပါအဝင် ပြစ်မှုအမျိုးမျိုးအတွက် ထောင်ဒဏ် ၃၄ နှစ်ချမှတ် ထားသည်။

ယင်းအပြင် မာစီယာသည် နိုင်ငံတကာ မူးယစ်ဆေးကုန်သွယ် မူ၊လက်နက်မှုများဖြင့်လည်း အမေရိကန်နိုင်ငံ၌ တရားစွဲဆိုခံထားရသူ ဖြစ်ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

26 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာနေ ဦးမြင့်စိုး(ခ)ကိုညာ(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အိန္ဒိယသည် အကြမ်းဖက်ဝါဒအပေါ် သည်းခံမှုလုံးဝမရှိဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

အိန္ဒိယသည် အကြမ်းဖက်ဝါဒအား လုံးဝသည်းခံမှုမရှိကြောင်း၊ အကြမ်းဖက် သမားများကို မည်သည့်နေရာတွင်ဖြစ်စေ ပစ်မှတ်ထားတိုက်ဖျက်ရန် မတွန့်ဆုတ်ဟု ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြား ခဲ့သည်။

ကြာသပတေးနေ့ (ဇွန် ၂၆) တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွက် တရုတ်နိုင်ငံ Qingdao တွင် ရောက်ရှိနေသော ဝန်ကြီး Singh က အဖွဲ့ဝင် နိုင်ငံ အားလုံးအား အကြမ်းဖက်ဝါဒကို ပြတ်သားစွာ ရှုတ်ချရန် တိုက်တွန်း ခဲ့သည်။

“အိန္ဒိယ၏ အကြမ်းဖက်ဝါဒအပေါ် သည်းခံမှုလုံးဝမရှိသည့် သဘောထား သည် ယနေ့ မိမိတို့၏ လုပ်ဆောင်ချက်များတွင် ထင်ဟပ်နေစေပါသည်။ ခုခံကာကွယ်ရန် မိမိတို့၏ အခွင့်အရေးလည်း ပါဝင်ပါသည်” ဟု ၎င်းက ဆိုသည်။

မေလ ၇ ရက်က ပါကစ္စတန်ထိန်းချုပ်သည့် နယ်မြေအတွင်းရှိ အကြမ်းဖက် သံသယရှိသည့် စခန်းများကို နယူးဒေလီ၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိန္ဒိယကာကွယ်ရေးဝန်ကြီးက ထပ်လောင်းပြောကြားရာတွင် “အကြမ်းဖက်ဝါဒ၏ အချက်အချာနေရာများသည် လုံခြုံစိတ်ချရသည့်နေရာများ မဟုတ် တော့ကြောင်း မိမိတို့ပြသခဲ့ပြီး ၎င်းတို့ကို ပစ်မှတ်ထားရန် မတွန့်ဆုတ်ပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Singh က SCO အဖွဲ့ဝင်များအနေဖြင့် “ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ယုံကြည်မှု ကင်းမဲ့မှုဆိုင်ရာ” စိန်ခေါ်ချက်များကို အတူတကွဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “အိန္ဒိယသည် ပြုပြင်ပြောင်းလဲထားသော ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုစနစ်က နိုင်ငံအချင်းချင်း ပဋိပက္ခများကို ကာကွယ်ရန် ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားများ ဖန်တီးပေးခြင်းဖြင့် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်သည်။ မည်မျှကြီးမားပြီး အင်အား ကြီးသော နိုင်ငံဖြစ်စေ တစ်နိုင်ငံတည်းဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ပါ” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဝန်ကြီး Rajnath Singh က “မိမိတို့၏ ရည်ရွယ်ချက်များအတွက် အကြမ်းဖက် ဝါဒကို အားပေးကူညီသူများ၊ အားဖြည့်သူများနှင့် အသုံးချ သူများသည် အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်” ဟု ပါကစ္စတန်ကို သွယ်ဝိုက်ညွှန်းကား၍ ပြောကြားခဲ့သည်။ အချို့နိုင်ငံများသည် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်ဝါဒကို မူဝါဒတစ်ခုအဖြစ် အသုံးပြုကာ အကြမ်းဖက် သမားများအား ခိုလှုံခွင့်ပေးကြသည်ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

နယူးဒေလီရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က “အိန္ဒိယဘက်မှ အကြမ်းဖက်ဝါဒဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကြေညာစာတမ်းတွင် ထည့်သွင်းရန် တောင်းဆိုခဲ့သော်လည်း နိုင်ငံတစ် နိုင်ငံက လက်မခံခဲ့သဖြင့် ကြေညာချက်ကို အတည်မပြုနိုင်ခဲ့ပါ” ဟု ရှင်းလင်းခဲ့သည်။

အိန္ဒိယလွှတ်တော်အမတ် Shashi Tharoor က “ပါကစ္စတန်သည် အကြမ်းဖက်သမားများအား ခိုလှုံခွင့်ပေးနေဆဲဖြစ်ပြီး လေ့ကျင့်ရေးစခန်းများ လွတ်လပ်စွာလုပ်ဆောင်ခွင့်ပြုထားသည်” ဟု RT နှင့်အင်တာဗျူး တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရသည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက် လှုပ်ရှားမှုများ တွင် ပါဝင်ပတ်သက်မှုရှိသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဖြိုးဝေဝေကျော်(၃၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားနေသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ “ကေသရာဇာရာမ” ဘုန်းကြီးကျောင်းဝင်းမှ ပင်မကျောင်းဆောင်တွင် ဗုံးသီးကျရောက်ပေါက်ကွဲကာ မီးလောင်ပျက်စီး သွားခဲ့သောကြောင့် သံဃာတော်နှင့်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် သာသနိကအဆောက်အအုံများ မီးလောင်ပျက်စီးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

24 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွှေဇလုပ်ရပ်ကွက်နေ မောင်ရင်ဦး(၁၉)နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါရပ်ကွက်ရှိ “ကေလာသာရာမ” ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရေအိုးစင်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

24 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွှေဇလုပ်ရပ်ကွက်နေ မောင်ရင်ဦး(၁၉)နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါရပ်ကွက်ရှိ “ကေလာသာရာမ” ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရေအိုးစင်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

26 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် ည ၉ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အလယ်ပိုင်းကျေးရွာနေ ဦးသန်းထွန်း(၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ခြောက်စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းထွန်းအား ဖမ်းဆီးကာ အဆိုပါကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ ဆင်ပွတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

23 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေရပ်နေ အမှတ်(၁၇)အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်(၂၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား လက်ပြန်ကြိုးတုပ်၍ မီးသွေးကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဇွန် ၂၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဒေါ်ဇင်မီလှိုင်မှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက် ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ အမှိုက်ပုံးပေါ်၌ ကျောင်းပိတ်သိမ်းရန် ခြိမ်းခြောက်ထားသော စာသားများပါရှိသည့် စာရွက်တစ်ရွက်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းဆရာမ ခြောက်ဦးတို့မှ ကျောင်းသား၊ ကျောင်းသူ ၄၂၁ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ကင်ညာနိုင်ငံတွင် လူထုဆန္ဒပြမှုများ ထောင်နှင့်ချီ၍ ပါဝင်လာသည့် အချိန်တွင် ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများနှင့် ရေပိုက်ဖြင့် ထိုးဖြန်းခြင်းများ ပြုလုပ်နှိမ်နင်း

အစိုးရဆန့်ကျင်ဆန္ဒပြမှုများ စတင်ခဲ့သည့် တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် လူထုထောင်နှင့်ချီ၍ လမ်းများပေါ်သို့ ထွက်လာစဉ် ဆန္ဒပြသူ များကို လူစုခွဲရန် ကင်ညာရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း နှင့် ရေပိုက်များဖြင့် ထိုးဖြန်းခြင်းဖြင့် နှိမ်နှင်းခဲ့သည်။ ယမန်နှစ်က ဆန္ဒ ပြမှုများတွင် လူပေါင်းများစွာ သေဆုံးခဲ့ဖူးသည်။

ကင်ညာဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ (Communications Authority of Kenya) မှ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က စတင်ခဲ့သည့် လူငယ် ဦးဆောင် ဆန္ဒပြမှုများအား တိုက်ရိုက်ထုတ်လွှင့်မှုများကို တားမြစ်ရန် တိုင်းပြည် အတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနအားလုံးအား အမိန့်ချမှတ် ခဲ့သည်။

အစိုးရအေဂျင်စီမှ ဆန္ဒပြမှုများအား တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် ကင်ညာ ဥပဒေများကို ချိုးဖောက်သည်ဟု မှားယွင်းစွာပြောဆိုကာ အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက အုပ်ချုပ်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် CNN နှင့်ချိတ်ဆက် ထားသော Citizen TV အပါအဝင် မီဒီယာအများအပြားမှာ ထုတ်လွှင့်မှု ကို ချက်ချင်း မရပ်ဆိုင်းခဲ့ပေ။

ဆန္ဒပြမှုနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ရိုဘီမြို့တော်၊ ကမ်းရိုးတန်း မြို့မိုမ်ဘာဆာနှင့် အခြားမြို့များတွင် လူထုထောင်ချီ၍ ဆန္ဒပြခဲ့ကြသည်။ နိုင်ရိုဘီတွင် ဆန္ဒပြမှုမစတင်မီကတည်းက ကင်ညာလွှတ်တော် အဆောက်အဦနှင့် သမ္မတရုံးသို့ သွားသည့်လမ်းများကို အတားအဆီးများ ပြုလုပ်ထားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက လွှတ်တော်အပြင်ဘက်တွင် လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းရာမှ လူများစွာ သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အမျက်ထွက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်က ဆန္ဒပြမှုများကြောင့် အခွန်တိုးမြှင့်သည့် အငြင်းပွားဖွယ် ဘဏ္ဍာရေးဥပဒေကြမ်းကို ရုပ်သိမ်းခဲ့ရသော်လည်း ကင်ညာလူငယ် များသည် ရဲတပ်ဖွဲ့၏ ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်နှိမ်နင်းမှုများအပေါ် ဆက်လက်အမျက်ထွက်နေဆဲဖြစ်သည်။ ထိုသို့သော အချက်များတွင် ရဲ အဖမ်းခံရစဉ် ဆရာတစ်ဦး သေဆုံးမှုနှင့် လက်နက်မဲ့ လမ်းဘေး ဈေးသည်တစ်ဦး ပစ်ခတ်ခံရမှု တို့ပါဝင်သည်။

CNN သတင်းဌာနက ဗုဒ္ဓဟူးနေ့က နိုင်ရိုဘီတွင် အေးဆေးတည်ငြိမ်စွာ ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက သေနတ်များဖြင့် ပစ်ခတ်နေသည်ကို မျက်မြင်တွေ့ရှိခဲ့သည်။

ဆန္ဒပြသူအချို့က ပစ်ခတ်ပြီး ကျည်ခွံများကို ပြသခဲ့ကြသည်။ မြို့တော် တွင် မျက်ရည်ယိုဗုံးများ၊ မီးသတ်ကားများဖြင့် ဆန္ဒပြသူများကို ရှင်းလင်း ခဲ့ပြီး ၎င်းမှာ လွန်ခဲ့သည့်နှစ်က ဖြစ်ရပ်များကို ပြန်လည် အမှတ်ရစေ ခဲ့သည်။

Citizen TV မှ X (တွစ်တာ) တွင် နိုင်ရိုဘီဆေးရုံသို့ ဒဏ်ရာရသူများကို တွန်းလှည်းဖြင့် သယ်ဆောင်လာသည့် ဗီဒီယိုတစ်ခုကို ဖော်ပြခဲ့သည်။ မိုမ်ဘာဆာတွင် ဆန္ဒပြသူအချို့ကို ဖမ်းဆီးပြီး အချုပ်ကားများအတွင်းသို့ ခေါ်ဆောင်ဆွဲထည့်နေသည့် အခြားဗီဒီယိုတစ်ခုလည်း ထွက်ရှိခဲ့သည်။ Citizen TV ၏ သတင်းအရ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) နံနက်တွင် အရှေ့ ကင်ညာရှိ Machakos County တွင် ဆန္ဒပြမှုအတွင်း လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Amnesty International Kenya နှင့် Law Society of Kenya၊ Police Reforms Working Group၊ Kenya Medical Association အပါအဝင် အဖွဲ့အစည်းများက ထုတ်ပြန်သည့် ကြေညာချက်တွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က ဆန္ဒပြသူ ၈ ဦး သေဆုံးပြီး အနည်းဆုံး ၄၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရသူ ၈၃ ဦးမှာ အပြင်းအထန် ထိခိုက်ထားပြီး အနည်းဆုံး ဆန္ဒပြသူ ၈ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် ကုသမှုခံယူနေရကြောင်း ဆိုသည်။

CNN မှ အသေအပျောက်အရေအတွက်ကို ချက်ချင်း အတည်မပြုနိုင်သေး သော်လည်း ရဲတပ်ဖွဲ့ထံ ထပ်ဆင့်သိရှိနိုင်ရန် မေးမြန်းထားသည်။

ကိုးကား- CNN