ယူကရိန်းက ဒရုန်းများကို သစ်သားအမိုးများထဲဝှက်ပြီး ရုရှား၏ဗုံးကြဲလေယာဉ်များကိုတိုက်ခိုက်ခြင်းဖြစ်
ယူကရိန်းက ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသောဒရုန်းများကို သစ်သား အမိုးများထဲတွင်ဝှက်ပြီး ဇွန်လ ၁ ရက် တွင် ရုရှား၏ဗုံးကြဲလေယာဉ်များကိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကပြောသည်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့က “ပင့်ကူအိမ်"ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကိုဆင်နွှဲခဲ့ကြောင်း၊ ထိုစစ်ဆင် ရေးတွင် ရုရှား၏လေတပ်စခန်းများအနီး ၌ သစ်သားအမိုးများတပ်ထားသည့်ထရပ် ကားများကိုရပ်ထားကြောင်း၊ အမိုးကိုအဝေးထိန်းစနစ်ဖြင့်ဖွင့်ပြီးနောက် ဒရုန်း များကတိုက်ခိုက်ရေးတာဝန်များကိုဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကို ရုရှားနိုင်ငံရှိဒေသငါးခု တွင်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဒရုန်း အများအပြားကိုပစ်ချလိုက်နိုင်သော်လည်း ပျက်စီးမှုအနည်းငယ်ရှိကြောင်းရုရှားဘက် ကထုတ်ပြန်ထားစဉ် ယင်းတိုက်ခိုက်မှု ကြောင့် ရုရှား၏မဟာဗျူဟာမြောက် ဒုံးကျည်တင်လေယာဉ်၃၄ ရာခိုင်နှုန်းပျက်စီး သွားကြောင်း ယူကရိန်းဘက်ကထုတ်ပြန်ထားသည်။
Ref: RTA, Sputnik
Photo -BBC
Source: Myawady Daily Newspaper