မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

  • မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီး တစ်ဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ခင်မာဆန်း(၄၉)နှစ်သည် မြို့သာကျေးရွာမှ ညောင်ပင်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် မြို့သာ-ဝက်လူးလမ်းမပေါ် သရက်ကန်လမ်းခွဲအရောက် သေနတ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီးကာ “ကျောင်းအပ်လက်မခံပါနဲ့၊ ကျောင်းလည်းမသွားပါနဲ့၊ ရုံးကိုလည်း မသွားပါနဲ့၊ ကျောင်းသွား/ ရုံးသွားလျှင် အသက်ကို အာမမခံပါ၊ သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆို၍ ပြန်လည်ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက် မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA