အမေရိကန်နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဟု တရုတ်ပြော
News Image

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့်ရရှိသော ကုန်သွယ်ရေး သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန က ဇွန်လ ၂ ရက်တွင် ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကတိပြုထားသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘော တူညီချက်များကို ချိုးဖောက်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။