ကိယက်ဗ်က ရုရှားနိုင်ငံ ဒေသ (၅) ခုရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းများကို တိုက်ခိုက်ခဲ့
News Image

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဇွန် ၁) တွင် ထုတ်ပြန်ချက် အရ ကိယက်ဗ်မှ တာဝန်ရှိသည်ဟု စွပ်စွဲထားသော ကမီကာဇေ ဒရုန်း တိုက်ခိုက်မှုများဖြင့် ရုရှားနိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်း များကို တိုက်ခိုက်ခံခဲ့ရကြောင်းသိရှိရသည်။ အများစုမှာ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သော်လည်း အချို့တွင် ပစ္စည်းထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။