၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

News Image

၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

ချန်ဒူ၊ ဇွန် ၂၅

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် အနောက်ပိုင်းတောင်ရှိ ဧရာမပန်ဒါ ထိန်းသိမ်းရေးနှင့် သုတေသနဗဟို (CCRCGP) သည် ၎င်းတို့၏ စင်ချူပင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော ပထမဆုံး ဧရာမပန်ဒါကလေး မွေးဖွားလာကြောင်းကြေညာခဲ့သည်။

ဂရိနိုင်ငံ ချီယို့စ်ကျွန်း၌ တောမီးအရေးပေါ်အဆင့်သို့ရောက်ရှိနေ၍ ဩစတြေးလျမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တချို့စေလွှတ်ပေး

News Image

ဂရိနိုင်ငံ ချီယို့စ်ကျွန်း၌ တောမီးအရေးပေါ်အဆင့်သို့ရောက်ရှိနေ၍ ဩစတြေးလျမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တချို့စေလွှတ်ပေး

အေသင် ဇွန် ၂၅

ဂရိနိုင်ငံ ချီယို့စ်ကျွန်းတွင် ဇွန် ၂၂ ရက်က စတင်လောင်ကျွမ်းခဲ့သောတောမီးမှာ ထိန်းချုပ်ရခက်သည့်အဆင့်သို့ရောက်ရှိနေသဖြင့် ဩစတြေးလျမီးသတ်တပ်ဖွဲ့က ဇွန် ၂၄ ရက်တွင် တောမီးကိုအမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တချို့ကို စေလွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည် ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဖိုရမ် သို့ “ဝ” ၊ မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များ တက်ရောက်

News Image

ငြိမ်းချမ်းရေးဖိုရမ် သို့ “ဝ” ၊ မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များ တက်ရောက်

နေပြည်တော်တွင် (၃) ရက်တာ ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအပြင် “ဝ” ၊ မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များလည်း တက်ရောက်လျက်ရှိသည်။

UWSA၊ NDAA၊ SSPP အဖွဲ့တို့သည် NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိပေ။

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဘီလိုခရိုင်တွင် မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူရှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရရှိ

News Image

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဘီလိုခရိုင်တွင် ဘီလိုခရိုင်တွင် မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူရှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရရှိ

ဘိုဂိုတာ ဇွန် ၂၅ 
ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း ဂရန်နီဇယ်ဒေသ ဘီလိုခရိုင်တွင် မြေပြိုမှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇွန် ၂၄ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် လာနီဂရာချောင်းရေလျှံကာ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ မြေပြိုမှုကြောင့် အယ်ပီနာရပ်ကွက်ရှိလူနေအိမ် ၁၀ လုံး ပျက်စီးကာ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့ကြောင်း သိရသည်။