တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

News Image

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး ၊ ဇွန် - ၂၅

၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်း နှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ကျောင်းသား/သူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးကြောင်း သိရသည် ။

ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်း ဆည်ထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိရေး ဇော်ဂျီရေထိန်းဆည် ရေကာ နံရံများအား ပြန်လည်ပြုပြင်

ကျောက်ဆည်၊ ဇွန်-၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်းဆည်ရေထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိစေရေး ဇော်ဂျီရေထိန်းဆည် ရေကာနံရံ များအား ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ပြန်လည် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 

ဝါသီးနှံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ကွင်း သရုပ်ပြပွဲ ပြုလုပ်

News Image

ဝါသီးနှံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ကွင်း သရုပ်ပြပွဲ ပြုလုပ်

ကျောက်ဆည်မြို့နယ် ၊ ဇွန်-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတာဦး မြို့နယ်များရှိတောင်သူများ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန့်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံး ရေးသားနည်း သင်ကြားပေး

News Image

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံး ရေးသားနည်း သင်ကြားပေး

ကျောက်ဆည်၊ဇွန်-၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ဇွန်(၂၅)ရက်နံနက်(၉)နာရီ အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။