ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထား

News Image

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထား

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ရန် စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

နေတိုး အဖွဲ့ဝင် နိုင်ငံများအားလုံးလည်း ယခု သတိကြီးစွာ ထားနေရပြီဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဒရုန်းထောက်ပံ့ရေးဌာနများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

ကိုးကား- အင်တာနက်စာမျက်နှာ 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်

ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ အပူဓာတ်သည် သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများ ဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးသည်။ 

ကိုးကား- ရတနာပုံသတင်းစာ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိ

News Image

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိ

နေပြည်တော် ဇွန် ၂

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၅-၅-၂ဝ၂၅ရက် ည ၈ နာရီမှ ၁-၆-၂ဝ၂၅ ရက် ည ၈ နာရီအထိရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဆီသို့

Posted_Date

Image

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဆီသို့

Body

လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။

“လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင်အလေးထားဆောင်ရွက်သွားမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ခုဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအားနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”   ဆိုသည့်ရှေ့လုပ်ငန်းစဉ်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည်။

စစ်မှန်၍   စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲသည်  ပင်မမဏ္ဍိုင်ဖြစ်သည်။

လွတ်လပ်၍တရားမျှတမှသာ ပြည်သူ့ဆန္ဒအမှန်ကိုဖော်ထုတ်နိုင်မည်ဖြစ်သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေရန်အတွက် မဲစာရင်းများမှန်ကန်ပြီး တရားမျှတ၍ လွတ်လပ်မှုရှိသော၊ ပွင့်လင်းမြင်သာသောရွေးကောက်ပွဲကိုကျင်းပပေးရမည်ဖြစ်သည်။  စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင်   တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ  လွှတ်တော်ထဲသို့ရောက်ရှိလာစေရေးအတွက် လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူအကုန်ယူစနစ် (First Past the Post - FPTP) အပြင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR) ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲတစ်ခု၏စံနှုန်းကို လွတ်လပ်ပြီးတရားမျှတမှု ရှိ/မရှိ Free and Fair ဖြစ်/မဖြစ်ဟူသည့်ပေတံဖြင့်  တိုင်းတာလေ့ရှိသည်။ ထိုသို့တိုင်းတာသုံးသပ်ရာတွင် ရွေးကောက်ပွဲကျင်းပသောနေ့တစ်နေ့တည်း၏ဖြစ်စဉ်ကိုလေ့လာသုံးသပ်ရုံမျှဖြင့်လုံလောက်မှုမရှိပေ။

ရွေးကောက်ပွဲစက်ဝန်းပါကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလတို့အထိ ဘက်လိုက်မှုကင်းစေရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊မဲမသမာမှု၊ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိနေသည့်အတွက်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ရှင်းလင်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ကြသည်။ ပါတီတစ်ခုချင်းက သီးခြားစီထုတ်ပြန်၍လည်းကောင်း၊ နိုင်ငံရေးပါတီ ၂၃ ပါတီတို့မှ ပူးတွဲ၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

ထိုစဉ်က NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းမျိုးလုပ်ဆောင်ရမည့်အစား အရာရာတွင်  လျစ်လျူရှုခဲ့သည်။  ရွေးကောက်ပွဲကော်မရှင်သည်သမာသမတ်ကျစွာရပ်တည်ရမည့်အစား  အာဏာရပါတီ၏ခိုင်းစေသမျှလိုက်ပါလုပ်ဆောင်ပေးခဲ့သည်။ နိုင်ငံရေးပါတီများနှင့် တပ်မတော်အနေဖြင့် ကြေညာချက်များထုတ်ပြန်၍ ရွေးကောက်ပွဲနှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းဖြေရှင်းပေးရန် ပထမအဆင့်ပြောကြားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန်ငြင်းဆန်သည့်အခါ  ဒုတိယအဆင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ  ၁၇  တို့နှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှလေးဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊  တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦးစုစုပေါင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်  ၂၀၃  ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ပေးရန်တင်ပြခဲ့ကြသည်။

အဆိုပါတောင်းဆိုချက်မှာ ဥပဒေနှင့်ညီညွတ်သောတောင်းဆိုမှုဖြစ်သော်လည်း ငြင်းပယ်ခဲ့ပြန်သည်။ ထို့ကြောင့် ကြုံတွေ့ခဲ့ရသောအခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာပေးရန် တတိယအဆင့်အနေဖြင့် ထပ်မံတောင်းဆိုခဲ့ကြသည်။ အဆိုပါအဆင့်အားလုံးကိုငြင်းပယ်ခံရသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကိုကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေး ခေါ်ယူ၍တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သည်။

ထိုစဉ်က နိုင်ငံရေးပါတီများနှင့်တပ်မတော်အနေဖြင့်ဤသို့လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြပေ။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသည်မှ ယနေ့တိုင်ကျင့်သုံးနေသည့်နိုင်ငံရေးစနစ်များကိုဖော်ပြရမည်ဆိုပါက  ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်(တစ်ပါတီစနစ်)တို့ကိုကျင့်သုံးခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်သူလူထု၏ဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့်လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည်။  အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး  ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မရှိမဖြစ်လိုအပ်သည့်အတွက် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့်ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့်   မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်ခဲ့ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည့်အခါ ပါတီများဖွဲ့စည်းခွင့်ပြုပြီး ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်စတင်ကျင်းပပေးခဲ့သည်။ ပထမဆုံးဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး  ငါးနှစ်တာကာလ အောင်မြင်စွာအုပ်ချုပ်ခဲ့သည်။

ထို့အတူ သက်ဆိုင်ရာလွှတ်တော်များကလည်း မိမိတို့လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် အစိုးရနှစ်ဆက်ပြီးနောက် တတိယအကြိမ်အစိုးရသက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ စသည်တို့တွင် တရားမဲ့ပြုကျင့်မှုနှင့်မဲမသမာမှုများစွာရှိခဲ့သည်။  ထိုပြဿနာကိုပြေလည်အောင်ဖြေရှင်းခြင်းမပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ခေတ္တရပ်နားခဲ့ရသည်။

ထိုသို့သောဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ  နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံအပေါ် စေတနာမမှန်သော  ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် လူအချို့သည် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့်ဆူပူဆန္ဒပြမှုများမှတစ်ဆင့် နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့သည်။ 

နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ရေကြီးရေလျှံမှုနှင့်ငလျင်ဘေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်တွင် မည်သို့သော အခက်အခဲများနှင့်ကြုံရသည်ဖြစ်စေ နိုင်ငံနှင့်ပြည်သူများအတွက် အကောင်းဆုံးအနေအထားတွင်ရှိနေအောင် ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်   ပြင်ဆင်ဆောင်ရွက်မှုများအနေဖြင့်   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးအတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကိုချမှတ်ပြီး စုစုပေါင်း ၅၉၈၀၆၆၄ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင်  ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန်ကျန်ရှိနေသူများကိုလည်း  ရွေးကောက်ပွဲကာလမတိုင်မီ  အပြီးရရှိအောင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။           

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညတွင် မြန်မာနိုင်ငံအတွင်းရှိ  လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ပြီး ယခုရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ခိုင်လုံသည့်မဲစာရင်းများအဖြစ် စနစ်တကျပြုစုလျက်ရှိသည်။

အထွေထွေရွေးကောက်ပွဲတွင်    ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာထုတ်ဖော်ပြသခြင်းပင်ဖြစ်သည့်အတွက်  ဥပဒေအရနှင့် လူထုသဘောထားအမြင်အရ ပြည့်စုံကောင်းမွန်သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ  ကင်းဝေးရန်နှင့် သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၃ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် “မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့်  ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး  သန်းခေါင်စာရင်းကောက်ယူခြင်းများကို  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌  Electronic Voting Machine ဖြင့်မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့်မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့်  တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက်   ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်း  ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း”  ထည့်သွင်းပြောကြားခဲ့သည်။                   

ပါတီစုံဒီမိုကရေစီစနစ်သို့လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အသက်ဟုပင်ဆိုနိုင်သည်။ ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန် ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက်  မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့အသုံးပြုရာတွင် အခက်အခဲမရှိစေရေးအတွက် မဲပေးနည်းစနစ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သရုပ်ပြရှင်းလင်းလျက်ရှိသည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။ မဲပေးစက်များကိုကျွမ်းကျင်စွာကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းအားဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများအနေဖြင့်လည်း ကိုယ်စီတာဝန်ကျေပွန်စွာ ရွေးကောက်ပွဲကို ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။  မြန်မာအီလက်ထရောနစ်မဲပေးစက်များဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးရမည်ဖြစ်၍အချိန်ကုန်သက်သာခြင်းနှင့်  မဲရလဒ်များကို လျင်မြန်စွာသိရှိနိုင်ခြင်း အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၇၇ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၆ ပါတီကို  မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ နှစ်ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိသည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ ထိုသို့ကျင်းပပြုလုပ်မည့်အကြောင်းကိုလည်း နိုင်ငံတကာကသိရှိအောင်ပြောကြားထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားများ အနေဖြင့်    မိမိတို့နိုင်ငံ၏အနာဂတ်ကောင်းကျိုးကို  သယ်ပိုးမည့် လွှတ်တော်ကိုယ်စားလှယ်များကို မိမိတို့စိတ်တိုင်းကျရွေးချယ်ကြရမည်ဖြစ်သည်။ ထိုသို့မဲပေးရွေးချယ်ရာတွင် ဒေသနှင့်နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန်ဖြစ်သည်။ အရည်အချင်းရှိသောကိုယ်စားလှယ်လောင်းများများစွာပေါ်ထွန်းလာမှသာ နိုင်ငံတော်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်နေမည်ဖြစ်သည်။  ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့်ဆောင်ရွက်ကြသော်လည်း အခြေခံအကျဆုံးလိုအပ်ချက်မှာ တရားဥပဒေကိုစောင့်ထိန်းလိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ စည်းကမ်းဥပဒေများလိုက်နာခြင်း၊ အမှန်တရားကိုမြတ်နိုးပြီး ဖြောင့်မတ်တည်ကြည်ခြင်း စသောအခြေခံများကိုလိုက်နာကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပေရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ်  နှစ်ကုန်တွင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီးမြောက်ရေး  အတူယှဉ်တွဲပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။  ။

Source: MWD Web Portal